အပိုင်း-၉

446 32 10
                                    

Uni ver;

"‌Hyung"

"အင်း ပြောလေ"

"စာမေးပွဲဖြေရတော့မှာကို သိပါတယ်နော်"

"မင်းကလည်း အဲ့တာလောက်ပဲ သိပါတယ်ကွ"

ချစ်စရာရည်းစားနှစ်ယောက်က ချိန်းတွေ့စဉ်မှာတောင် ကြည်ကြည်နူးနူးတီတီတာတာမပြောနိုင်ကြ။ဘာလို့ဆို စီနီယာချောချောလေးက စာထဲမှာ စိတ်ပါဝင်စားမနေတော့ နမ်ဂျွန်းခမျာ ချစ်ရသူကို စိတ်ပူနေသည်။ချစ်ရသူ၏ပညာရေးခရီးလမ်းလေး အဆုံးသတ်သွားပြီး ပြီးမြောက်သွားစေဖို့ရာက အဓိကကျနေလို့ပါ။သူ့၏ချစ်ရသူလေးကို လူ့ဘောင်လောကမှာ လျှောက်လှမ်းစေချင်ပြီ။အပြင်‌လောကကို စူးစမ်းစေချင်ပြီ။

"Hyung ကျွန်တော့်ကိုချစ်လား"

"ချစ်တာပေါ့ မင်းကမသိဘူးလား"

ဆူအောင့်အောင့်နှင့်မြေကြီးကို ခြေထောက်နှင့်ကန်ကျောက်ပြီး စကားပြောနေပုံက ဖက်နမ်းပစ်ချင်စရာ။နမ်ဂျွန်းက ချစ်ရသူလေး၏ ဤအမူအရာကိုတွေ့ပြီး မြတ်နိုးစွာပြုံးသည်။ထို့နောက် ချစ်ရသူ၏လက်နှစ်ဖက်ကို သူ့လက်နှင့်ကိုင်ကာ နှုတ်ခမ်းပါးပါးနှင့် ထိကပ်သည်။

"ဒီလက်လေးတွေက စာကောင်းကောင်းရေးပြီး..."

ထို့နောက် စွာတေးလန်လေး၏ နှုတ်ခမ်းကို ထပ်မံထိကပ်ကာ..

"ဒီနှုတ်ခမ်းလှလှလေးတွေက စာသေချာကျက်မယ်မလား"

ထိုအခါ စီနီယာချောချောလေးက ရှက်ပြုံးလေးပြုံးကာ ဆိုသည်။

"မင်းကလည်း ငါက စာကျက်ပါတယ်ကွ ဟွန်း လူကိုများ သူလုပ်ခိုင်းချင်တာလေးရှိမှပဲ နမ်းတော့တယ် အမယ်လေး ကင်မ်ဆော့ဂျင်တို့များ သနားဖို့ကောင်းလိုက်တာ "

နမ်ဂျွန်းက သဘောတကျရယ်ကာ ချစ်ရသူ၏ပါးလေးများအား သူ့လက်သွယ်သွယ်တွေကြား ဖိညှစ်ရင်း..

"အာ ဘာလို့ အဲ့လောက်ချစ်စရာကောင်းနေတာလဲ"

"မင်းရည်းစားမို့လို့လေ"

"ဟုတ်ပါပြီကွာ"

"ခဏ ဒီဘက်လှည့် ပြီးရင် မျက်လုံးလေးမှိတ်ထား"

မင့်ရဲ့ဂျောင်Where stories live. Discover now