အပိုင်း-၁

1.2K 48 1
                                    

Unicode ver:

သာသာယာယာမနက်ခင်းလေးတွင် အိပ်ယာနုနုလေးထက်မှာ အိပ်ပျော်နေသော လူသားလှလှ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ထိုလူသား၏အိပ်မက်ထဲသို့ ဖုန်းမြည်သံကနှောင့်ယှက်သည်။
Ring.....
ထိုအခါမှ ထွက်ပေါ်လာသောသူ့၏ အိပ်ယာနိုးခါစ အက်ရှရှအသံ။
"ဟယ်လို"

"လာတော့မှာ"

"အင်း...ဒါပဲ"
ထိုအခါမှ လေးလေးပင်ပင်ခြေလှမ်းများက အိပ်ယာမှရေချိုးခန်းသို့ ခရီးနှင်ရသည်။ရေချိုးသန့်စင်ပြီးသောအခါ ကျောင်းသွားဖို့ရာ ပြင်ဆင်ပြီး အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"မေမေ့သား‌လေး နိုးပြီလား"

သူက အိမ်ရဲ့အဖိုးတန်လေးဆိုလည်း မမှားဘူး။သူ့ကိုဆိုသဲသဲလှုပ်။

"ဟုတ်ကဲ့မေမေ"

"လာလာ မနက်စာစားရအောင်"

"ဟုတ် မေမေ"

"မေမေရယ် နောက်တခါဆို သားအတွက်ဆိုပြီး သီးသန့်အပင်ပန်းခံပြီး အစောကြီးထမချက်ပါနဲ့ သားဘာသာ သား ကော်ဖီနဲ့မုန့်စားသွားလိုက်လည်း ဖြစ်ပါတယ်"

"သားရယ် မေမေက သားလေးကိုချစ်လို့ အပင်ပန်းခံတာပါ သားက စိတ်မကောင်းမဖြစ်နဲ့ စားစား"

မိသားစုသုံးယောက်တည်းဆိုတော့ ဒီသားလေးတစ်ယောက်ကိုပဲ အချစ်တွေပုံအပ်ထားကြတာ။

"ကဲ သားမိနှစ်ယောက်က အချစ်တွေပိုနေကြတော့ ဒီဖအေက ဝမ်းနည်းတာပေါ့ ငါ့ကိုကျမချစ်ကြဘူး"
ရွှတ်နောက်နောက်နှင့်ဝင်လာသောသူ၏ဖေဖေ။
"အော် ဖေဖေနိုးလာပြီလား"
"နိုးပြီပေါ့ ငါ့ကို အခုကျမှ လာချော့မနေနဲ့ သွား စိတ်ဆိုးတယ်"

ထိုသို့ ခပ်နောက်နောက်ပြောသောအခါ မျက်လုံးများမှိတ်ကျသွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ရယ်နေသော သားဖြစ်သူကို ကြည့်၍ ချစ်မဝဖြစ်နေသော မိဘနှစ်ပါး။

"ကဲကဲ ဖေဖေက အလကားနောက်တာ စားစား သား နောက်ကျမယ် စား"

"ဟုတ်ကဲ့ ဖေဖေ"

"သားကျောင်းမှာရော အဆင်ပြေရဲ့လား မေမေက သားသာ ဒီလောက်ကြီးလာတယ် ခုထိ စိတ်မချဘူး သားရဲ့"

မင့်ရဲ့ဂျောင်Hikayelerin yaşadığı yer. Şimdi keşfedin