Ep 883-887

512 24 2
                                    

အပိုင်း(၈၈၃)

အရှက်မရှိသော ရဲ့ကျင်းရွှမ် (၄)

 
“ငါ့အထင်တော့ လုပ်ကြံ သတ်ဖြတ်သူက သူတို့ကြောင့် အကြီးအကျယ် ထိခိုက် နစ်နာခဲ့ရတဲ့ မတရားခံရသူ ဖြစ်နိုင်တယ် … လက်စား ချေချင်ပေးမဲ့ အခုတော့ ထောင်နန်းစံရတော့မယ် ... ယွမ်ရှောင်က ငါ့သားဆိုရင်လည်း ယွမ်လော့ဖုန်းနဲ့ ကွာရှင်းခိုင်းပြီး သနားစရာကောင်းတဲ့ လူငယ်လေးကို တောင်းပန်ခိုင်းမယ်”
သူတို့အမြင်မှာတော့ လုပ်ကြံသတ်ဖြတ်သူက မတရားခံရသူ၊  အသတ်ခံရလု နီးပါးဖြစ်ခဲ့ရသူ လူနှစ်ယောက်က ဂန္ထဝင် ဗီလိန်ကြီးများပေါ့ … ဒီပြင် သူတို့နှစ်ယောက်က လုပ်ကြံသူရဲ့မိသားစုကို သတ်ခဲ့လို့  လက်စားချေသည်တဲ့လား။ သို့မှမဟုတ်လျှင် တစ်စုံတစ်ယောက်က အကြောင်းအရင်း မရှိပါဘဲ သူတို့ကို လုပ်ကြံမည် မဟုတ်ဘူးတဲ့လား။
“အမေ… ကျွန်မက ဘယ်လိုလူစားမျိုးကို အလေးစားဆုံးလဲ သိလား”
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ကျွင်းဖန်လျန်ဘက် လှည့်ကြည့် လိုက်သည်။
ကျွင်းဖန်လျန်လည်း ရယ်မောလိုက်သည်။
“ဘယ်လို လူတန်းစားမျိုးလဲ”
“ကျွန်မ အလေးစားဆုံးက မဟုတ်မမှန် ပြောသမျှကို အလေးအနက် ယုံကြည်နေတတ်တဲ့ ပုတ်သင်ညိုလို လူတန်းစားမျိုးကိုပေါ့”
ယွမ်လော့ဖုန်းလည်း မဲ့ရွဲ့လိုက်သည်။
“သူတို့အားလုံးက လုပ်ကြံသူက ဘယ်သူ ဘယ်ဝါမှန်းတောင် မသိဘဲ … ကျွန်မက သူ့မိသားစုဝင် အကုန်လုံးကို သတ်ဖြတ်ခဲ့ပြီး မိသားစုအုတ်ဂူကို ဖျက်ဆီးခဲ့လို့  လက်စားချေခံ ရတယ်လို့ တထစ်ချ ယုံကြည်နေခဲ့တယ် … လုပ်ကြံသူက အဝေးမှာ နေထိုင်သူထက် ရဲ့အိမ်တော်မှာ နေထိုင်သူလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ”
သူမ၏စကားက အကြီးအကဲ အားလုံးကို ဒေါသ ထွက်စေခဲ့သည်။ ယွမ်လော့ဖုန်းကို ဧကရာဇ်က မမြှောက်စားထားလျှင် သူမကို ဖမ်းချုပ်ပြီး သင်ခန်းစာ ကောင်းကောင်းလေး ပေးခဲ့တာ ကြာပြီ။
“မရီး”
ရဲ့ကျင်းရွှမ်၏မျက်နှာက မည်းမှောင် သွားလေသည်။
“ယွမ်လော့ဖုန်းက လုပ်ကြံသူကို တောင်းပန်သင့်တယ်လို့ ထင်မိတယ် … သူမရဲ့အမှား ဖြစ်ရမယ် … လုပ်ကြံသူက သူမကို လာရှာတာ … တခြားသူကို လာရှာတာ မဟုတ်ဘူး”
“ရှင်. .. အရှက်သိက္ခာမဲ့လွန်းတယ်”
တစ်ဖက်တွင် မတ်တတ် ရပ်နေသည့် ရဲ့ချီမှာ အရှက်မဲ့သော ရဲ့ကျင်းရွှမ်၏ စကားကြောင့် မှင်တက်မိလေသည်။ သူမလည်း ရဲ့ကျင်းရွှမ်ကို စိန်းစိန်းဝါးဝါး ကြည့်၍ စကားနှစ်ခွန်းကို ခက်ခက်ခဲခဲ ပြောလိုက်လေသည်။ သူမ၏လှပသော မျက်နှာလေးက ဒေါသကြောင့် နီရဲတွတ်နေ၏။
ရဲ့ကျင်းရွှမ်က သူမကို စိတ်မရှည်ဟန် တစ်ချက်မျှ ကြည့်လိုက်ပြီး
“ကျုပ်က မရီးနဲ့ စကားပြောနေတာ … နင် ဝင်ပြောစရာ မလိုအပ်ဘူး … ဒီနေရာက ထွက်သွားစမ်း”
ဝုန်း …
သူက စိတ်ဝိညာဉ် စွမ်းအားကို သုံး၍ ရဲ့ချီရဲ့ ရင်ဘတ်ကို တိုက်ခိုက် လိုက်သည်။
ရဲ့ချီမှာ သွေးအန်ပြီး နောက်သို့ယိမ်ယိုင် သွားရပြီး ရဲ့ရှီမို့က သူ့ကို လှမ်းဖမ်း ထားလိုက်သည်။
“စကား မပြောနဲ့”
ရဲ့ရှီမို့လည်း မျက်မှောင်ကြုတ် လိုက်သည်။
“ငါတို့တွေ ဒီကိစ္စကို ဖြေရှင်းမယ် … မင်းက အားနည်းလွန်းတယ် … ကိုယ့်ဘာသာ ကာကွယ်နိုင်အောင် ကြိုးစား”
ရဲ့ချီလည်း မျက်လွှာ ချထားလိုက်သည်။ သူ့မျက်ဝန်းများက ဒေါသကြောင့် မီးဝင်းဝင်း တောက်နေခြင်းကို ဖုံးကွယ် ထားလိုက်သည်။ ရဲ့ရှီမို့က သူမအတွက် ကောင်းမွန်ဖို့ ပြောမှန်း သူမ သိနေခဲ့သည်။ ဒါပေမဲ့ သူမကိုယ်သူမ မုန်းနေမိသည်။ ခွန်အား နည်းလွန်းတော့ သူမမှာ အလွယ်တကူ ထိခိုက်ဒဏ်ရာ ရနေသည်။
ရဲ့ချီ ဒဏ်ရာ ရတော့ ကျွင်းဖန်လျန်မှာ ဒေါသူပုန်ထပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ရဲ့ကျင်းရွှမ်… ချီချီ ပြောတာ မှန်တယ်… ရှင်က အရှက်သိက္ခာမဲ့လွန်းတယ်… ဖုန်းအာက ဒီကောင်ကို တောင်းပန်မှာ မဟုတ်ဘူး”
“ဟား”
ရဲ့ကျင်းရွှမ် သရော်လိုက်သည်။
“သနားကြင်နာမှု မရှိဘူးလို့ ငါ့ကို အပြစ်မတင်နဲ့ … ယွမ်လော့ဖုန်းက သွေးအေး ရက်စက်တဲ့ မိန်းမတစ်ယောက် … ရဲ့မိသားစုက သူ့ကို သည်းမခံနိုင်ဘူး … သက်တော်စောင့်တွေ စာရွက်နဲ့မင် ယူလာခဲ့စမ်း … သူတို့ရဲ့ ကွာရှင်းခြင်းကို ကြေညာတဲ့ စာတစ်စောင် ရေးမယ်”
“လုပ်ရဲ လုပ်ကြည့်စမ်း”
ကျွင်းဖန်လျန်လည်း ဒေါနှင့်မောနှင့် အော်ဟစ်ကာ ယွမ်လော့ဖုန်းကို ကာကွယ်သည့်ဟန် ရှေ့မှာ မားမားမတ်မတ် ရပ်နေလိုက်သည်။
ရဲ့ကျင်းရွှမ်လည်း ထေ့ငေါ့စွာ ပြုံးလိုက်သည်။ တစ်စုံတစ်ရာကို ပြောဖို့ ဟန်ပြင်နေစဉ် သူ့နောက်မှ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရသည်။
“သခင်ကျန်းရွှမ်… သတိထား”
ဘာကို သတိထား ရမှာလဲ။
ဘာအတွက်လဲ…
နားမလည်နိုင်စွာ ဘေးဘယ်ညာကို  လှည့်ပတ် ကြည့်ရှုလိုက်ချိန် လရောင်က ပျောက်ကွယ် သွားပြီး အရိပ်တစ်ခု အုပ်မိုးလာခြင်းကို သတိထား လိုက်မိသည်။ သူလည်း ခေါင်းမော့ ကြည့်လိုက်သည်။
ထို့နောက် သူ့မျက်ဝန်းနက်၌ တုန်လှုပ် ချောက်ချားမှုများ ပေါ်ပေါက်လာပြီး ကျိန်ဆဲလိုက်သည်။ ဘယ်သူက ငါ့ကို အမှိုက်နဲ့ ပစ်တာလဲ။
ဝုန်း…
ချောက်ချားနေသည့် အကြည့်အောက်၌ တောင်တစ်လုံးက ပြုတ်ကျလာပြီး သူ့ကို ဖိထားလိုက်ကာ မြေကြီးကို တုန်ခါ သွားစေသည်။
 
***
အပိုင်း (၈၈၄)

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (အပိုင်း ၈၀၀ မှ ၁၀၀၀အထိ)Where stories live. Discover now