Ep 810+811+812

176 12 0
                                    

အပိုင်း(၈၁၀)

ငတုံးမ ရွှယ်ရုံအာ (၄)

 
ဒီကောင်မလေးက သူမရဲ့စကားကို မကြားသလို ဟန်ဆောင်နေမယ်လို့ မထင်ခဲ့မိပါဘူး။ သူမဘေးနားမှာ ရပ်နေတဲ့ အမျိုးသားလေးကို တစ်စုံတစ်ရာ တိုးတိုးပြောရင်း အလုပ်ရှုပ်နေတယ်။ ထိုအမျိုးသားကလည်း နှလုံးခုန်ဖို့ မေ့လျော့ နေသလိုပဲ။ ညကောင်းကင်ယံလို မည်းနက်သော မျက်ဝန်းတစ်စုံက သူမကို ချစ်မြတ်နိုးစွာ ငေးကြည့်နေတယ်။
ရွှယ်ရုံအာလည်း ခေါင်းငိုက်စိုက်ကာ နှုတ်ခမ်းကို မကျေမနပ် ဖိကိုက်ထားတယ်။
နင့်ကို ဝင့်ကြွားဖို့ အချိန်ကြာကြာ ပေးလိုက်မယ်။ ကျွင်းဖန်လျန်က သူ့မိခင်ဆိုတော့ သူ့သားကို မိန်းမ အများကြီး ရှိစေချင်မှာပဲ။ ဒါမှလည်း သားသမီးအများကြီး ထွန်းကားနိုင်မှာလေ။ သူတို့တွေ ဘယ်လိုပဲ ချစ်ချစ် … အမျိုးသားလေးက သူမရဲ့အပိုင် ဖြစ်လာမှာပါ။ အဲဒီမိန်းမ တစ်ယောက်တည်း ပိုင်ဆိုင်လို့ မရပါဘူး။
ဒါပေမဲ့လည်း အမျိုးသမီး တစ်ဦးရဲ့ စိတ်မကျေနပ်သံကို သူမ ကြားလိုက်ရတယ်။
“ဒီလို တွေးတာ ကောင်းပါတယ်၊ ဒါပေမဲ့ ကိုယ်လုပ်တော် ရှိစရာ မလိုအပ်ဘူး၊ ငါ့သားလေးကို ငြိမ်းချမ်းတဲ့ မိသားစု ဘဝလေးပဲ ပိုင်ဆိုင်စေချင်တယ်”
အစကတော့ ရွှယ်ရုံအာကို အဖက်မလုပ်ဖို့ တွေးထားသော်လည်း အခုတော့ အခြေအနေက စိတ်မကျေနပ်သည့် အပိုင်းသို့ တိုးတက်သွားခဲ့ပြီ။
ရွှယ်ရုံအာလည်း သူမ မှားသွားမှန်း ချက်ချင်း နားလည်သွားပြီး မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။ သူမ မေ့သွားပါလား။ ရဲ့ကျင်းချန်းမှာ ကျွင်းဖန်လျန် တစ်ယောက်တည်း ရှိခဲ့ပါတယ်။ ကလေး မမွေးပေးခဲ့လည်း ရဲ့ကျင်းချန်းက တခြား ကိုယ်လုပ်တော်ကို မယူခဲ့ဘူး။
ဒါ့ပေမဲ့ သူမကတော့ ကျွင်းဖန်လျန်ရှေ့မှာ  ယွမ်ရှောင်ဟာ တခြား ကိုယ်လုပ်တော် ယူမယ်လို့ မှားယွင်း ပြောခဲ့မိတယ်။ သူမကို ရန်လုပ်တာနဲ့ တူမနေဘူးလား။
“သခင်မ … မစဉ်းစား မဆင်ခြင်ဘဲ ပြောခဲ့မိလို့ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ မရည်ရွယ်ပါဘူး”
ရွှယ်ရုံအာမှာ စိတ်မတင်မကျ ဖြစ်ပါတယ်။
ကျွင်းဖန်လျန်လို့ မောက်မာတဲ့ အမျိုးသမီးက သူ့ခင်ပွန်းကို တခြား ကိုယ်လုပ်တော် ယူဖို့ လက်ခံပါ့မလား။ သူမရဲ့အတွေးအမြင်က သာမန်ထက် ကျော်လွန် နေပြီးသားပါ။
“နင်က မတွေးဘဲ ပြောတယ် ဟုတ်လား”
ကျွင်းဖန်လျန်လည်း ထေ့ငေါ့လိုက်တယ်။
“နင့်ကို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးလို့ ငါ ခံစားမိတာ ဘာကြောင့်များလဲ၊ နင့်လို လူမျိုးက မစဉ်းစား မဆင်ခြင်ဘဲ ပြောပါ့မလား၊ ထားလိုက်ပါတော့ နင် ထွက်သွားသင့်ပြီ၊ အခုကစပြီးတော့ ရဲ့အိမ်တော်ကို မလာနဲ့တော့၊ ငါ့ကလေးတွေနဲ့ အပေါင်းအသင်း မလုပ်နဲ့”
နောက်ဆုံးတော့ ကျွင်းဖန်လျန်လည်း စိတ်မရှည်တော့ဘဲ စကားကို ခပ်ပြတ်ပြတ် ပြောလိုက်ပါတယ်။
ရွှယ်ရုံအာလည်း မျက်လုံးမှ မျက်ရည်များကို သုတ်ကာ ခြံဝင်း အပြင်ဘက်သို့ အလျင်စလို ပြေးထွက် သွားတော့တယ်။
“ရုံအာ”
ရဲ့ချီမှာ ဆူဆူငေါင့်ငေါင့် မျက်နှာထားနဲ့ ရုံအာနောက် ပြေးလိုက်ချင်ပါတယ်။ ဒါပေမဲ့လည်း ခြေလှမ်း နှစ်လှမ်းထက် ပိုမလှမ်းရသေးခင်မှာ ကျွင်းဖန်လျန်ရဲ့ သတိပေး စကားသံကို ကြားလိုက်ရတယ်။
“အခုချက်ချင်း ရပ်လိုက်စမ်း”
ရဲ့ချီဟာ စိတ်ပျက်ကြေကွဲစွာ ကျောခိုင်း လိုက်ရတယ်။
“မွေးစားအမေ… ဘာလို့များ အားလုံးက ရုံအာကို ပစ်မှတ် ထားနေရလဲ”
ကျွင်းဖန်လျန်လည်း သက်ပြင်း ရှိုက်လိုက်ပါတယ်။
“ချီချီ… သမီး အစ်ကို့ရဲ့ စကားကို နားထောင်သင့်တယ် … သူက သမီးကို ထိခိုက်စေမှာ မဟုတ်ဘူး၊  သမီးကို အမှန်တကယ် ထိခိုက် နာကျင်စေမယ့်လူက ဖြူစင်ချင်ယောင် ဆောင်နေတာ သမီး သိဖို့ ကောင်းမယ်”
ရဲ့ချီမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတယ်။ မွေးစားအမေက ရုံအာကို ရည်ညွှန်း ပြောနေတာလား။ ဘယ်လို့လုပ် ဖြစ်နိုင်ပါ့မလဲ၊ ဘာကြောင့် ရုံအာက သူမကို ထိခိုက်စေမှာလဲ။
“ကိုယ့်အခန်းကိုယ် ပြန်ပြီး အပြစ်ကို ပြန်ဆင်ခြင်မယ်”
ကျွင်းဖန်လျန်လည်း ယွမ်လော့ဖုန်းတို့ နှစ်ယောက်ကို စွေးခနဲ မကြည့်ခင် ရဲ့ချီကို သတိပေးဟန် ကြည့်လိုက်ပါတယ်။ ချောမောလှပတဲ့ မျက်နှာမှာ အပြုံးရိပ်လေး စွန်းထင် လာခဲ့ပါတယ်။
“ဘာများလဲ … မင်းတို့ နှစ်ယောက်က ပြောစရာ စကား မရှိတော့ဘူးလား”
ယွမ်လော့ဖုန်းလည်း ခပ်နွမ်းနွမ်းလေး ပြုံးလိုက်ပါတယ်။
“ယွမ်ရှောင်ရဲ့ အမေ ဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး တွေ့ဆုံဖို့ ရေစက်ပါလာတယ် ထင်ပါတယ်နော်၊ ဒေါ်ဒေါ်… သမီးပြောတာ မှန်တယ်မလား”
“ဘာကြောင့်များ ဒေါ်ဒေါ်လို့ ခေါ်နေရသေးလဲ”
ကျွင်းဖန်လျန်လည်း စိတ်မကျေနပ်ချင်ယောင် ဆောင်လိုက်ပါတယ်။ ဒါပေမဲ့ သူမရဲ့ မျက်ဝန်းများက ပျော်ရွှင်မှုများဖြင့် ပြည့်နှက် နေလေရဲ့။
“သမီးက ယွမ်ရှောင်ရဲ့ စေ့စပ်ထားသူ ဆိုတော့ အမေလို့ ခေါ်သင့်တာပေါ့”
“အမေ”
သူမနဲ့ ယွမ်ရှောင်က သိပ်မကြာခင်မှာ လက်ထပ်တော့ မှာပါ။ သူမကို ‘အမေ’လို့ စောစောစီးစီး ခေါ်တာ ကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒါကြောင့် သူမလည်း ကျွင်းဖန်လျန်ရဲ့ တောင်းဆိုမှုကို မငြင်းဆန်တော့ပါဘူး။
“လိမ္မာလိုက်တာနော်”
သူမရဲ့ အခေါ်အဝေါ်ကြောင့် ကျွင်းဖန်လျန်မှာ ပျော်ရွှင်မြူးထူး သွားရတယ်။
“အမေလို့ ခေါ်တာ အကောင်းဆုံး ရွေးချယ်မှုပဲ၊ သမီးလေးအတွက် အမေက လက်ဆောင် ပြင်ဆင် ထားပြီးသားပါ”
ထို့နောက် သူမရဲ့ဝတ်စုံမှာ ရှိတဲ့ အိတ်ငယ်လေးမှ ကျောက်စိမ်း ဆွဲပြားလေးကို ထုတ်ကာ ယွမ်လော့ဖုန်း လက်ပေါ် တင်ပေးလိုက်ပါတယ်။ ‘ကျွင်း’ ဆိုတဲ့ စကားလုံးလေးက ဆွဲပြားလေးမှာ ထင်ရှားနေကာ နေရောင်အောက်မှာ တောက်ပ နေခဲ့တယ်။
 
***
အပိုင်း(၈၁၁)

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (အပိုင်း ၈၀၀ မှ ၁၀၀၀အထိ)Where stories live. Discover now