Ep 828-832

188 8 0
                                    

အပိုင်း (၈၂၈)

ရွှယ်ရုံအာ၏ သေဆုံးခြင်း (၉)

 
“ရှင်…”
ရဲ့ချီမှာ အံ့အားသင့်ကာ သူမရဲ့မျက်နှာမှာ တုန်လှုပ် ချောက်ချားမှုများ ပြည့်နှက်နေခဲ့တယ်။
“နင်လည်း သူ့ကို သိနေပုံပဲ”
ကျွင်းဖန်လျန်လည်း ရဲ့ချီကို တစ်ချက်မျှ စောင်းငဲ့ ကြည့်လိုက်ပါတယ်။
ရဲ့ချီလည်း ခပ်မြန်မြန် ခေါင်းညိတ် လိုက်ပါတယ်။
“စားသောက်ဆိုင်မှာ သတင်း လာပို့တဲ့လူပဲ”
သူတို့ရှေ့မှာ ရှိနေတဲ့လူက ရုံအာရဲ့အိမ် မီးလောင်တယ်လို့ သတင်းလာပို့တဲ့ ယောက်ျား ဖြစ်နေတော့ ရဲ့ချီ မှတ်မိနေခြင်းပါ။ ထိုလူ့ကို အိမ်တော် ခေါ်လာတာ မြင်ချိန်မှာ ရွှယ်ရုံအာရဲ့ ဖြူဖပ်ဖြူရော် မျက်နှာမှာ စိတ်ပျက်ကြေကွဲမှုများ ပြည့်နှက်နေတာကိုတော့ ရဲ့ချီ အမှတ်မထားမိပါဘူး။
“နင်က သူ့ကို သတင်းလာပေးသူ အဖြစ်ပဲ သိခဲ့တာ … တကယ်တမ်းတော့ ဒီလူက ရွှယ်ရုံအာရဲ့ ဦးလေး”
ကျွင်းဖန်လျန်လည်း မဲ့ပြုံး ပြုံးကာ မဖော်မရွေ ပြန်ပြော လိုက်ပါတယ်။
မိုးကြိုးပစ် ခံလိုက်ရသလို ရဲ့ချီရဲ့စိတ် ဗလာနတ္တိ ဖြစ်သွားရပါတယ်။ သူမလည်း ရွှယ်ရုံအာကို အသက်ခန္ဓာ ကင်းမဲ့စွာ တစ်ချက်မျှ ကြည့်လိုက်ပါတယ်။ 
“ဒီကမ္ဘာလောကကြီး ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ ငါ့ကို ပြောစမ်းပါ … ဒီလူနဲ့ နင်က ဘယ်လို ဆက်စပ်လဲ ဖြေစမ်းပါ”
ဒီလူက ရွှယ်ရုံအာရဲ့ ဦးလေး ဆိုရင်  သူမရဲ့ အမေကို မကယ်တင်ဘဲ ဘာကြောင့်များ ရုံအာကို သတင်း လာပေးရလဲ။ ဒီလူရဲ့ စကားကြောင့် ဟောင်ဟောင်ကို သူမလည်း နားလည်မှု လွဲခဲ့ရတယ်။ ဒါကြောင့် ဒီအချက်ကို မေ့လျော့ ထားလို့ မရဘူး။
“ရုံအာ … ငါ့ကို ကယ်ပါ”
သွေးအိုင်ထဲမှာ လဲလျောင်းနေတဲ့ ရွှယ်ရုံအာကို မြင်တော့ စိုးထိတ်နေနဲ့ အမျိုးသာက အလျင်စလို ပြောတော့တယ်။
“ငါက နင့်ဦးလေးပါ၊ ငါသေမှာကို ဒီအတိုင်း လက်ပိုက် မကြည့်ပါနဲ့… ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်သူက နင်…၊ ငါနဲ့ ဘာမှ ပတ်သက် ဆက်နွှယ်မှု မရှိဘူး”
ရွှယ်ရုံအာရဲ့ ခန္ဓာကိုယ်ဟာ တွန့်ခနဲ ဖြစ်သွားရပါတယ်။ စကားတစ်ခွန်းမှ မဆိုဘဲ သူမရဲ့နှုတ်ခမ်းကိုသာ ဖိကိုက်ထားပါရဲ့။ စိတ်ပျက် ကြေကွဲမိသည့် အပြင် အောက်ငိုက်စိုက်ထားတဲ့ မျက်ဝန်းများက ကွယ်ဝှက်လို့ မရတဲ့ အမုန်း အာဃာတများ တောက်လောင် နေခဲ့ပါတယ်။
“ရဲ့သခင်မ… ကျုပ်ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
ရွှယ်ရုံအာဘက်က တုံ့ပြန်မှု ကင်းမဲ့တော့ သူလည်း ကျွင်းဖန်လျန် အရှေ့မှာ ဒူးထောက် လိုက်ပါတယ်။
“ရွှယ်အိမ်တော်ကို ပြန်ဖို့အတွက် ရဲ့သခင်မ ချွေးမ ဖြစ်ကို ဖြစ်ရမယ်လို့ ဒီနေ့ ပြောခဲ့ပါတယ်၊ ပြီးတော့ ကျုပ်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်လို့ ပြောခဲ့ပါသေးတယ်၊ ဒါကြောင့်… ကျုပ်က သူမရဲ့ စကားကို နားထောင်ပြီး မီးလောင်တဲ့ သတင်းကို ပေးခဲ့တာပါ၊ မီးရှို့တဲ့လူက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကလေးမလေးလို့ တမင်တကာ ပြောခဲ့တာပါ”
ကျွင်းဖန်လျန်ရဲ့မျက်ခုံးများက မြှင့်တက် သွားရပါတယ်။
“ဒါဆို ဘယ်သူ မီးရှို့လဲ ရှင် သိလား”
“ကျုပ် သိပါတယ်”
သူ့မှာ ဘာဆိုဘာမှ မခြွင်းချန် ထားရဲပါဘူး။
“ရွှယ်ရုံအာ… သူမကိုယ်တိုင် မီးရှို့ခဲ့တာပါ … သူ့အမေကလည်း သူမကြောင့် မီးထဲပါသွားတာပါ” 
ရွှယ်အိမ်တော်က သူမကို လက်ခံမယ်လို့ ပြောထားသော်လည်း နေထိုင်မကောင်း ဖြစ်ကာ အိပ်ရာထဲ လဲလျောင်းနေတဲ့ မိခင်ဖြစ်သူကို လက်မခံနိုင်ဘူးလို့ အတိအလင်း ပြောထားခဲ့တယ်။ ဒါပေမဲ့လည်း မိခင်ဖြစ်သူရဲ့ ဝေဒနာ ပြင်းပြစွာ ခံစားနေရတဲ့ အသံကို ကြားဖြစ်အောင် ကြားလိုက် ရပါသေးတယ်။ သူမက ရွှယ်ရုံအာရဲ့ နာမည်ကို အော်ခေါ်နေခဲ့ပါတယ်။  ဒါပေမဲ့လည်း မီးရှို့တဲ့လူက သူ အမြဲ ဂုဏ်ယူခဲ့ရတဲ့ သူ့သမီးမှန်း မသိခဲ့ပါဘူး။ 
ထိုလူရဲ့ စကားကို ကြားလိုက် ရပြီးနောက်မှာ  ရဲ့ချီခန္ဓာကိုယ်က အေးခဲသွားရပါတယ်။  သူမလည်း ရွှယ်ရုံအာကို မယုံကြည်နိုင်စွာ ကြည့်ကာ ခပ်ဩဩ အသံနဲ့ ပြန်မေးလိုက်ပါတယ်။
“နင်ကိုယ်တိုင် မီးရှို့ခဲ့တာလား”
“ငါ မဟုတ်ဘူး”
ရွှယ်ရုံအာမှာ ဘယ်ကမှန်း မသိတဲ့ ခွန်အားများ ရရှိလာပြီး  စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“ငါ မဟုတ်ဘူး၊ ငါ မီးမရှို့ဘူး”
“ရွှယ်ရုံအာ… နင် အခုအချိန်အထိ ဝန်ခံသေးဘူးလား၊ ငါတို့ ရွှယ်အိမ်တော်ကို မီးရှို့လိုက်ရင် သခင်မလေးရဲ့ချီက သနားမယ်၊ နင်လည်း ရဲ့အိမ်တော်မှာ နေထိုင်ခွင့် ရမယ်လို့ နင် ပြောခဲ့တာ မဟုတ်ဘူးလား၊ ရဲ့အိမ်တော်ထဲ ဝင်နိုင်ရင် ရှောင်သခင်လေးကို သွေးဆောင် ဖြားယောင်းမယ်လို့ ပြောခဲ့တယ်လေဟာ…”
ထိုလူက ရွှယ်ရုံအာကို ခက်ထန်စွာ ကြည့်လိုက်ပါတယ်။ ဒီမိန်းမ အမှန်အတိုင်း ဝန်မခံရင်တော့ ဒီပြဿနာထဲ ရွှယ်မိသားစု ဒုက္ခရောက်ပြီပဲ။
ရဲ့ချီမျက်နှာမှာ အပြုံး ဖြစ်ပေါ်လာပြီး ဒီအပြုံးက နာကြည်း မုန်းတီးတဲ့ မဲ့ပြုံးမျိုးပါ။
 
***
 
အပိုင်း (၈၂၉)

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (အပိုင်း ၈၀၀ မှ ၁၀၀၀အထိ)Where stories live. Discover now