စာစဉ်(၃၆)Ep863-867

158 9 0
                                    


အပိုင်း(၈၆၃)

 
“အစ်ကို ယွမ်ယန်နဲ့အတူတူ ယွမ်မိသားစုအိမ်ကို လိုက်လည်ခဲ့တုန်းက ယွမ်လေးကို တွေ့ခဲ့ရတာ အမှတ်ရမိနေတုန်းပါ  … မတွေ့ဆုံရတာ ၁၀နှစ်ကျော် ကြာပြီဆိုတော့  ပေါက်စီလေးနဲ့ တူတဲ့ ကလေးမလေးက အခုတော့ အရွယ်ရောက်လာခဲ့ပြီ … ဪ …ဒါနဲ့ … ယွမ်လေးရဲ့ မိဘတွေ ဘယ်မှာလဲ … မတွေ့ရတာ နှစ်ပေါင်းများစွာလည်း ကြာပြီဆိုတော့ သူတို့တွေ နေကောင်းကြရဲ့လား …”
ကျန်းချန်ဝမ်လည်း သူမ၏ဦးခေါင်းကို ပုတ်လိုက်လေ၏။ သူ့မျက်ဝန်းများက ယခင်လို ခံ့ညားမှုများ လွင့်ပြယ်သွားပြီး  နူးညံ့သိမ်မွေ့မှုများ အစားထိုး ဝင်ရောက် လာလေသည်။ 
ဒီလောကကြီးထဲမှာ အရင်းနှီးဆုံး မိတ်ဆွေလို့ သတ်မှတ်ဖူးခဲ့သူမှာ ယွမ်ယန်တို့ ဇနီးမောင်နှံသာ ရှိသည်။ ပြန်လမ်းမဲ့ သစ်တောထဲမှာ နေထိုင်သည့် ခက်ထန် ကြမ်းကြုတ်သည့် ဝိညာဉ် သားရဲကို ကြောက်လန့်တုန်လှုပ် မိ၍ တစ်ကြိမ် တစ်ခါလေမျှ အပြင်ထွက်ဖို့ မကြိုးစားမိလေဘူး။ ထို့ကြောင့်လည်း လုံရှောင်ကုန်းမြေစုမှာ နေထိုင်သည့် မိတ်ဆွေများကို မြင်တွေ့ခွင့် မရခဲ့လေဘူး။
“ရှင် …ရှင်က ဦးလေးကျန်းလား …”
အတိတ်ပုံရိပ် အပိုင်းအစများ ယွမ်လော့ဖုန်း၏စိတ်ထဲ ဝေ့ဝဲလာပြီး မူလခန္ဓာကိုယ် ပိုင်ရှင်  … ပိုင်ဆိုင်သည့် မှတ်ဉာဏ်များ ဖြစ်လေရာ … သူမနှင့် သက်ဆိုင်ခြင်း မရှိခဲ့ပေ။
“ကောင်မစုတ်လေး … ဦးလေးကို မှတ်မိသွားပြီလား … ဒါနဲ့ …ယွမ်လေး မိဘတွေရော... ခရီးစဉ်ထဲ လိုက်ပါလာလား … အစ်ကို ယွမ်ယန်တို့ကို မတွေ့ရတာ အတော့်ကို ကြာနေပြီ …”
ကျန်းချန်ဝမ်လည်း ပြုံးလိုက်လေ၏။ 
“စိတ်ရင်းအမှန်နဲ့ ပြောရရင် … ဦးလေး ဘဝတစ်လျှောက်လုံးမှာ အထင်ကြီး လေးစားရသူ နည်းပါးခဲ့တယ် … ဒါပေမဲ့ အစ်ကိုယွမ်ယန်က ပထမဆုံးပဲ … အချိန်တိုင်း သူ့ကို မမေ့နိုင်ခဲ့ဘူး … မိဖုရားကြီးကလည်း ယွမ်လေးရဲ့ အမေ အကြောင်း မကြာခဏ ပြောလေ့ရှိတယ် …”
ယွမ်လော့ဖုန်းလည်း စိတ်လှုပ်ရှားနေသည့် ကျန်းချန်ဝမ်ကို ငေးစိုက် ကြည့်ကာ ပြေလိုက်လေရာ …
“ကျွန်မ မိဘတွေ … ကွယ်လွန်သွားပြီ …”
ကျန်းချန်ဝမ်၏ စိတ်လှုပ်ရှားနေသည့် မျက်နှာထားက ခပ်တန်းတန်း ဖြစ်သွားလေ၏။ ခက်ထန်နေသည့် မျက်နှာကို ဖုံးကွယ်ရန် အလို့ငှာ ခေါင်းငုံ့လိုက်လေ၏။
“ယွမ်လေး … ဘာပြောလိုက်တာလဲ … အစ်ကိုယွမ်ယန် ကွယ်လွန်သွားပြီ ဟုတ်လား … ဘယ်လို ဖြစ်ရတာလဲ”
“ဦးလေး ထွက်သွားပြီး သိပ်မကြာခင်မှာဘဲ … နှစ်ဦးစလုံး ကွယ်လွန်သွားခဲ့တယ် …”
မိန်းမပျိုလေး၏စကားက သူ့ကို အတော်ကြီး တုန်လှုပ် ချောက်ချား သွားစေသည်။ သူ့မှာ ဒယိမ်းဒယိုင် ဖြစ်သွားရ၍ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်ခဲ့ရလေသည်။ ခံ့ညား ချောမောသည့် မျက်နှာက အလွန်အမင်း သွေးဆုတ်နေလေပြီး သူ့မျက်ဝန်းများမှာ နာကျင် ကြေကွဲမှုများ ပြည့်နှက် နေလေသတည်း။
“ဘာဖြစ်ခဲ့လဲဆိုတာ ဦးလေးကို အတိအကျလေး ပြောပြစမ်းပါ …”
သူလည်း အံကြိတ်ပြီး နာကြည်းစွာ ပြောလိုက်လေ၏။ 
“ဘယ်သူက ငါ့အစ်ကို့ကို သတ်ခဲ့တာလဲ”
ယွမ်လော့ဖုန်းလည်း မျက်လွှာချကာ ထိုနှစ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ခရေစေ့တွင်းကျ တစ်ခုချင်းစီ ကျန်းချန်ဝမ်ကို ပြောကြားလေသည်။ ယွမ်လော့ဖုန်း ပြောပြခဲ့သည့် အသေးစိတ် အကြောင်းအရာကို  နားထောင် လိုက်ရပြီးနောက် စိတ်ရှုပ်ထွေး ဒေါသ ဖြစ်ရပြန်သည်။
“သုံးစားမရတဲ့ ဘုရင် … ဒီလိုဖြစ်မယ်မှန်း သိခဲ့ရင် ဦးလေးနဲ့အတူတူ  ထျန်းယွင် ကုန်းမြေစုကို လိုက်ခဲ့ဖို့ တိုက်တွန်းခဲ့ပါတယ် … ဦးလေးသာ အစ်ကိုယွမ်ယန်ကို စစ်သူကြီး ရာထူး ပေးလိုက်ရင် သုံးစားမရတဲ့ ဘုရင်အတွက် အသက်စွန့်စရာ မလိုအပ်ဘူး …”
ဒေါနှင့်မောနှင့် စကားများကို ပြောလိုက်ပြီးနောက် ကျန်းချန်ဝမ်လည်း ယွမ်လော့ဖုန်းကို  နူးညံ့သိမ်မွေ့စွာ ကြည့်လိုက်လေသည်။
“ယွမ်လေး … ဒီနှစ်တွေမှာ ပင်ပန်းဆင်းရဲ ခဲ့မှာပဲ …  ယွမ်လေးရဲ့ နာကျင်မှု … နာကြည်းမှုတွေကို မသိခဲ့မိတာ ဦးလေး … အမှားပါ … ဘယ်လိုပဲဖြစ်ဖြစ် လုံရှောင်ကုန်းမြေစုကို ပြန်လာပြီး အစ်ကိုယွမ်ယန်အတွက် လက်စားချေမယ်”
ယွမ်လော့ဖုန်း၏မျက်ဝန်းများက တလက်လက် တောက်ပနေလေ၏။
“ကျွန်မ မိဘတွေကို ထိခိုက်စေခဲ့သူ မှန်သမျှကို လက်တုံ့ပြန်ပြီးပြီ … အခုလောက်ဆို သူတို့တွေ အဖေတို့ကို အဖော်ပြု ခစား နေလောက်ပြီ”
နောက်ဆုံး သူမပြောလိုက်သည့် စကားလုံးများကို အသံနှုန်းတိုး၍ ပြောလိုက်လေသည်။ အသက်ရှူမှားအောင် လှပသည့် အပြုံးလေးမှာ အေးစက်မှု အရိပ်အခြည်များ ပျံ့လွင့်နေခဲ့သည်။
ယွမ်ယန်တို့ ဇနီးမောင်နှံ၏ သေဆုံးခြင်းကို ပြန်လည် တွေးတောနေစဉ် ၎င်း၏မျက်ဝန်းများ မည်းမှောင်လာရပြီး နှလုံးသားကို နောင်တ တရားက လွှမ်းမိုး ချုပ်ကိုင် သွားလေသည်။ လပိုင်းလောက် နောက်ကျခဲ့ပြီးမှ ပြန်ခဲ့လျှင်ပင် ယွမ်ယန်တို့ ဇနီးမောင်နှံ  သေဆုံးခဲ့ရမည် မဟုတ်ပေ။ ထို့ကြောင့် သူလည်း မလွှဲသာ မရှောင်သာ တာဝန်အရှိဆုံးသူ ဖြစ်လေ၏။
“ယွမ်လေး … ဒီထျန်းယွင် ကုန်းမြေစုမှာ ဦးလေးက ဩဇာတိက္ကမ ရှိတယ်လို့ မှတ်ယူလို့ ရတယ် …  ယွမ်လေးကို တစ်စုံတစ်ယောက်က နှိပ်စက် အနိုင်ကျင့်ရင် ဒီက ဦးလေးကို ပြောနော် … ဦးလေးက မိသားစု တစ်စုလုံး ပြားပြားဝပ်ဝပ် သွားအောင် ချေမှုန်းပေးမယ် …”
သူ့အစ်ကို သေဆုံးခြင်းကို ပြန်လည် ပြုပြင်လို့ မရနိုင်တော့ဘူး။ ထို့ကြောင့် သူ့အစ်ကို၏ တစ်ဦးတည်းသော သမီးလေးကို ကာကွယ်ပေးရမည်။ နည်းနည်းလေးမျှပင် အထိအခိုက် မခံနိုင်ဘူး။
ယွမ်လော့ဖုန်းလည်း ပြုံးကာရွှင်ကာ မာနဝင့်ကြွားမှုကို ဖော်ပြလိုက်လေသည်။
“တခြားသူတွေက ယွမ်လေးကို အနိုင်ကျင့်လို့ မရပါဘူး … ကိုယ့်ဘာသာ ကာကွယ်နိုင်ပါတယ်နော် …  ယွမ်လေးကို ဘယ်သူမှ မနှိပ်စက်ခဲ့ဘူး”
ကျန်းချန်ဝမ်လည်း ခေတ္တ ခဏတော့ တွေ၍ သွားပြီး  ဝေါခနဲ ရယ်မောလိုက်လေသည်။
“ယွမ်လေးက အစ်ကိုယွမ်ယန်ရဲ့ သမီး ဖြစ်ထိုက်တယ် …  ဒီလိုဆိုတော့လည်း ဦးလေး စိတ်ချရတာပေါ့”
 
***
အပိုင်း(၈၆၄)

သရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (အပိုင်း ၈၀၀ မှ ၁၀၀၀အထိ)Where stories live. Discover now