Extra - 2

5.5K 84 8
                                    

I Adore You
~~~~~~~~~~
Extra - 2
~~~~~~~
" အယ် ပစ္စည်းတွေအများကြီးပါလား မနှိုင်း "

" ဟုတ်တယ် စွဲမက်ရေ ကထိန်အတွက်ကျောင်းသားတွေလျှူထားတာ "

" ဟုတ်သားပဲနော် ကထိန်ရောက်ဖို့သိပ်တောင်မလိုတော့ဘူး "

" ဒီတစ်ခါကထိန်ပို့ရင် စွဲမက်တို့လိုက်ခဲ့ပါလား "

" လိုက်ခဲ့မယ်လေ မနှိုင်း.....စွဲမက်လည်းပျင်းနေတာနဲ့အတော်ပဲ ဒါတွေကူလုပ်ပေးမယ်နော် "

" ဟုတ်ပါပြီရှင် "

ဒီလိုနဲ့ နှိုင်းနဲ့စွဲမက်လည်း ပစ္စည်းတွေကိုစီစီရီရီထားလိုက်ကြသည်

" မနှိုင်း ကျူရှင်ကတိတ်ဆိတ်နေတာပဲနော် ပုံမှန်ဆိုစာကျက်သံတွေ စကားပြောသံတွေနဲ့ညံနေတာပဲ "

" စာစီစာကုံးပြိုင်ပွဲရှိလို့လေ စွဲမက်ရဲ့
ကထိန်နဲ့ပတ်သက်ပြီးပြိုင်ရတာ "

" ဒါကြောင့်တိတ်ဆိတ်နေတာကိုး....ဒါနဲ့ မနှိုင်းကိုပြောပြရဦးမယ် "

" ပြောပါဦး ဘာများလဲ "

သူတို့နှစ်ယောက်ကတော့ ဆိုဖာမှာထိုင်နေကြပြီး စကားပြောနေခြင်းပင်

" ဟိုနေ့ကလေ ညှို့ရဲ့ ရှယ်ယာရှင်အသစ်နဲ့သွားတွေ့တာ အဲ့ရှယ်ယာရှင်နဲ့ပါလာတဲ့ကလေးမလေးက ချစ်စရာလေးသိလား စွဲမက်ပုံပြမယ် "

နှိုင်းလည်း ကြည့်လိုက်တော့ ချစ်စရာလေးပင်

" ဟုတ်သားပဲစွဲမက်ရဲ့ ကြည့်ပါဦးမျက်နှာလေးကပုလဲရောင်ခနေတာ "

" ပြီးတော့ အဲ့ရှယ်ယာရှင်နဲ့ အဲ့ကလေးမလေးက ချစ်သူတွေလားမသိဘူး ဂရုစိုက်ပုံများ ကလေးမလေးကို "

" အဟီး တွေ့ချင်လိုက်တာ "

" ဘာကိုတွေ့ချင်တာလဲ ဝတ်မှုံ "

" ဟင် အကို ကလေးတွေပြီးသွားပြီလား "

ဆရာကဝင်လာပြီး မနှိုင်းရဲ့ဘေးမှာဝင်ထိုင်ပြီး မနှိုင်းရဲ့ပခုံးကိုဖက်လိုက်လေသည်

" အမယ် ကိုကိုနဲ့ကလေး မဟုတ်တော့ဘူးပေါ့ "

" အဲ့ဒါက ၂ယောက်ထဲရှိချိန်မှခေါ်တဲ့ သီးသန့် nickname လေး "

I adore you ( Complete ) Where stories live. Discover now