အပိုင်း ( ၂၁ )

5.9K 116 5
                                    

" I Adore You "
~~~~~~~~~~~~~
Part - 21
~~~~~~~
" ကိုတို့တောင် ရောက်လာကြပြီပဲ "

ယော အိမ်ထဲကနေထွက်လာရင်း စွဲမက်ရှေ့မှာတင် ကို့ရဲ့လက်ကိုပိုင်ပိုင်နိုင်နိုင်ချိတ်လိုက်သည်

" စွဲမက် အနောက်ကနေ လိုက်လာခဲ့နော် "

အရှေ့ကနေ အတွဲညီညီထွက်သွားသော သူတို့ ၂ယောက်ကြောင့် လိုက်လာမိတာမှားပြီလားဆိုတဲ့ အတွေးကဖြတ်ခနဲဝင်လာခဲ့၏

ထမင်းစားခန်းထဲကိုတန်းဝင်သွားတဲ့ ၂ယောက်ကြောင့် သူမပါလိုက်ဝင်ခဲ့လိုက်သည်

" ယောတို့အိမ်မှာ ဘယ်သူမှလည်းမတွေ့ရပါလား "

" လူရှုပ်မှာစိုးလို့ ကိုရဲ့ သူတို့အခန်းထဲမှာတော့ ရှိကြတယ် စွဲမက်ထိုင်နော် တို့နဲ့ကိုနဲ့ကတော့ ဒီဘက်မှာထိုင်လိုက်မယ် "

ညှို့ ပန်းရဲ့မျက်နှာကိုကြည့်လိုက်တော့ အနည်းငယ်ညှိုးလို့နေ၏

" အိမ်ပြန်မလား ပန်း ကိုယ်လိုက်ပို့ပေးရမလား "

" ဟင့်အင်း ရပါတယ် "

" လွတ်လွတ်လပ်လပ်နေပါ စွဲမက်ရဲ့ ဒီမှာဘယ်သူမှမရှိပါဘူး "

ယောမှ ကြားထဲကနေ ဖြတ်ပြောလိုက်သည်

" အင်း "

" ဒါဆို ယော ဟင်းပွဲတွေချလိုက်တော့မယ်နော်
စွဲမက် တို့ကို ကူပေးပါဦး "

အိမ်ရှင်က အကူညီတောင်းနေတော့လည်း ထိုင်ရာကနေထပြီး သူ့အနောက်ကိုလိုက်သွားရတော့တယ်

ညှို့ကတော့ ထိုအချိန် အိမ်ရဲ့အ​ခြေအနေကို အကဲခတ်ပြီးကြည့်နေလိုက်သည်

" စွဲမက် မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လို့လဲဟင် "

" ဘာမှမဖြစ်ပါဘူး "

" ဒီနေ့က တို့နဲ့ကိုရဲ့ ချစ်သူသက်တမ်း ၇လ ပြည့်တဲ့အနေနဲ့ စွဲမက်ကို ညစာဖိတ်ကျွေးတာ "

" အင်း "

" ပြီးရင် တို့ ၂ယောက်ကို ဓာတ်ပုံရိုက်ပေးဦးနော်"

" နင်စကားအရမ်းများတာပဲ ဟင်းပွဲတွေပေး ငါရွှေ့သွားလိုက်မယ် "

" ဒါဆိုလည်း ဟိုစားပွဲပေါ်က ဟာတွေရွှေ့သွား​ပေးနော် "

စွဲမက်လည်း ဟင်းပွဲတွေကို ထမင်းစားခန်းထဲလာချလိုက်တော့ ညှို့က ကိုယ့်ကို ကြည့်နေ​သောကြောင့် မျက်စောင်းထိုးပစ်လိုက်သည်

I adore you ( Complete ) Unde poveștirile trăiesc. Descoperă acum