အပိုင်း ( ၁၁ )

6.3K 130 1
                                    

" I Adore You "
~~~~~~~~~~~~~
Part - 11
~~~~~~~
စွဲမက် အိပ်ယာကနိုးလာတော့ အရင်ဆုံးမြင်လိုက်ရတာက မာမီ့ကိုပင်

" ပန်းလေး နိုးပြီလား "

" မာမီ ဘယ်လိုပြန်ရောက်နေတာလဲဟင် တောင်ကြီးမှာကြာဦးမှာဆို "

" ပန်းလေး ညက ပျောက်သွားတယ်လို့ ကြီးမေကဖုန်းဆက်လို့ မာမီတို့လိုက်လာတာ ပန်းလေးရဲ့ "

" သမီးတောင်းပန်ပါတယ် မာမီ့ကို စိတ်ပူရအောင်လုပ်မိလို့ ဒါနဲ့ ဒယ်ဒီရော "

" ပန်းလေးကြိုက်တဲ့ ချဥ်စပ်ဟင်းရည်လေးချက်နေလေရဲ့ နိုးလာရင်စားလို့ရအောင်တဲ့ "

စွဲမက်လည်း မနေ့ကတနေ့လုံး ပင်ပန်းထားတာကြောင့် မာမီ့ရဲ့ရင်ခွင်ထဲကိုဝင်နေလိုက်သည်

" ပန်းလေးမှာစိတ်ညစ်စရာတွေရှိရင် မာမီ့ကိုပြောနော် ပြီးတော့မနေ့ကလို လျှောက်သွားမနေနဲ့နော်ပန်းလေး တစ်ခုခုဆိုမာမီတို့ပဲ ရင်ကျိုးရမှာ "

" ဟုတ် "

" ကဲ ထတော့ မျက်နှာသစ် ရေချိုးတော့ ပြီးရင်ထမင်းစားခန်းထဲလာခဲ့နော် "

" ဟုတ် "

စွဲမက်လည်း ရေချိုးပြီး ခေါင်းလျှော်လိုက်တော့ တစ်ကိုယ်လုံးပေါ့ပါးသွားသည် ထို့နောက် အကုန်လုံးပြင်ဆင်ပြီးတာနဲ့ ထမင်းစားခန်းထဲဝင်သွားလိုက်သည်

" ဒယ်ဒီ မာမီ "

" ဟော ဒယ်ဒီ့ရဲ့ ပန်းလေးတောင် ဆင်းလာပြီပဲ "

" ဗိုက်ဆာပြီ ဒယ်ဒီ "

" ကဲ ထိုင်ပါဗျာ "

မင်းထွဠ်လည်း သူကိုယ်တိုင် ပန်းလေးထိုင်ဖို့ ခုံကိုဆွဲထုတ်ပေးလိုက်သည်

စွဲမက်လည်း ဝင်ထိုင်လိုက်တော့ မာမီနဲ့ကြီးမေက kitchen ထဲကနေ တခုပြီးတခုယူလာသည်

နောက်ဆုံးမှာတော့ စားပွဲပေါ်မှာ စွဲမက်ကြိုက်ရတဲ့အစားအစာတွေနဲ့ပြည့်သွားတော့သည်

စွဲမက်လည်း ညကတည်းကနေ မနက်ထိဘာမှမစားရသေးတာကြောင့် ဗိုက်ဆာတာနဲ့ စားပစ်လိုက်တာ နည်းနည်းပဲကျန်တော့သည်ပင်

" ပန်းလေး ဘာစားချင်သေးလဲ "

" စတော်ဘယ်ရီစားချင်တယ် မာမီ "

I adore you ( Complete ) Waar verhalen tot leven komen. Ontdek het nu