အပိုင်း ( ၁၀ )

6.4K 134 0
                                    

" I Adore You "
~~~~~~~~~~~~
Part - 10
~~~~~~~
ညို့ ဒီနေ့ အလုပ်ကိစ္စတစ်ခု စုံစမ်းဖို့ရှိတာကြောင့် Star Light Company ကို ရောက်နေခြင်းပင်

" ထိုင်ပါ ငါ့ညီ လုပ်ငန်းနဲ့ပတ်သက်ပြီး ညီလေးသိပြီးလောက်ပြီဖြစ်မှာပါ "

" ဟုတ်ကဲ့ ကျွန်တော်သိပါတယ် ကျွန်တော့်ကို အနားယူမယ့် လုပ်ငန်းရှင်ရဲ့စာချုပ်လေးပြပေးလို့ရမလားခင်ဗျ "

" ငါ့ညီရှေ့က ဖိုင်ထဲမှာ လိုချင်တဲ့အချက်အလက်တွေအကုန်ရှိပြီးသားပါ "

ညှို့လည်း ဖွင့်ကြည့်လိုက်တော့ Retire လုပ်မဲ့ လူက အရင်က share 25% ပိုင်ခဲ့တာပင်

" ကျွန်တော် ဒီ share တွေ အကုန်ဝယ်ပါ့မယ် "

" ဟုတ်ပြီ ငါ့ညီ လုပ်ငန်းကိုရော ဘယ်လိုလုပ်ချင်လဲ Oridinary Share နဲ့လား Preference Share နဲ့လား "

" ကျွန်တော်က Oridinary Share ပဲ စိတ်ဝင်စားတယ် အကို "

" အကိုလည်း အဲ့ဒါကိုပဲ အားပေးတယ် Preference Share က တိုးတက်မှုမရှိဘူး စွန့်စားရဲတဲ့ ငါ့ညီစိတ်ဓာတ်ကိုတော့အကိုလေးစားပါတယ် "

" လုပ်ငန်းလုပ်တာပဲဗျာ အရှုံးအမြတ် တစ်ခုမဟုတ်တစ်ခုပေါ့ ကျွန်တော်တို့က ဒါတွေကိုကြောက်နေလို့မှမရဘဲ "

" ဟုတ်တာပေါ့ဗျာ အကိုတို့ Company ကိုရောက်လာတဲ့အတွက် ကြိုဆိုပါတယ်ဗျာ "

" ကျွန်တော်လည်းထပ်တူပါပဲ ကျွန်တော်တို့ စာချုပ်ချုပ်လိုက်ရအောင် "

ညှို့တို့လည်း အေးအေးဆေးဆေးပင် ပြီးသွားလေသည်

ဒီ Company က ဖွင့်ထားတာ ၂နှစ်ကျော်လောက်ရှိပေမဲ့ တိုးတက်မှုကသိပ်မရှိသေးပေ ဒါကြောင့် ညှို့လည်းစုံစမ်းရာကနေ စိတ်ဝင်စားတာကြောင့် အခုလို ရှယ်ယာဝင်လိုက်ခြင်းပင်ဖြစ်၏

" အကိုသိတဲ့အတိုင်း ကျွန်တော်က ကျောင်းသားပဲရှိသေးတာဆိုတော့ ကျွန်တော့်အလုပ်တွေကို အိမ်ကနေပဲလုပ်ပေးပါ့မယ် "

" ရတယ် ညီလေး meeting ခေါ်ရင်တော့ ညီလေး လာတက်မှရပါမယ် "

" အဆင်ပြေပါတယ် "

ဒီလိုနဲ့ စာချုပ်က အောင်အောင်မြင်မြင်နဲ့ပဲ ချုပ်ဆိုပြီးသွားလေသည်
_
_
_
_

I adore you ( Complete ) Donde viven las historias. Descúbrelo ahora