အပိုင်း ( ၄၁ ) - ဇာတ်သိမ်းပိုင်း

11.6K 126 4
                                    

" ဒေါက်တာ လူနာရဲ့ နှလုံးခုန်နှုန်းက နှေးလာပြီ "

" CPR လုပ်ဖို့ အသင့်ပြင်ထားမယ် "

သွင်လည်း ဂျယ်အနည်းငယ်သုတ်လိုက်ပြီး ရှော့ရိုက်လိုက်တယ်

" ထပ်တင်မယ် "

" ဟုတ်ကဲ့ ဒေါက်တာ "

ဒီလိုနဲ့လုပ်ရင်းလုပ်ရင်း လူနာရဲ့နှလုံးခုန်နှုန်းက ပုံမှန်ပြန်ဖြစ်လာတာကြောင့် သူလည်းသက်ပြင်းချလိုက်တော့တယ်

ထိုအချိန်မျက်လုံး ၂လုံးပွင့်လာသော ကလေးမကိုကြည့်ပြီး အားပေးတဲ့အပြုံးလေး ပြုံးလိုက်တယ်

" ဒေါက် ဒေါက်တာ အာ့ "

" မထနဲ့ဦး ညီမလေး အခုဘယ်လိုနေသေးလဲ "

" နာတာကလွဲပြီး ဘာမှမဖြစ်ဘူး ဒေါက်တာ
ကလေး ကလေးကရောဟင် "

" ကလေးက အကုန်ကျန်းမာပါတယ် အခုသီးသန့်ခန်းထဲရွှေ့ပေးမယ်နော် အနားယူဖို့အများကြီးလိုအပ်နေတယ် "

" ဟုတ် ဒေါက်တာ "

ဒီလိုနဲ့ သူတို့လည်း လူနာကိုအဝတ်အစားလဲပေးလိုက်တယ်

သွင်ကတော့ အကျိုးအကြောင်းပြောပြဖို့ အရင်သွားရလေသည်

" ဒေါက်တာ ပန်းလေးအခြေအနေ "

" စွဲမက် အခြေအနေ "

" ..... "

အကုန်လုံးလိုလို တူညီတဲ့မေးခွန်းကိုမေးလာတာကြောင့် သူလည်းအမြန်ဆုံးဖြေလိုက်ရသည်

" အဟင်း စိတ်ချရပါပြီဗျ ခဏနေရင် သီးသန့်ခန်းထဲကို ပြောင်းပေးမှာပါ "

" ကျေးဇူးတင်ပါတယ် ဒေါက်တာရယ် "

စွဲမက်ထွက်လာတော့ တွေ့လိုက်ရတဲ့လူအများကြီးကြောင့် အံ့သြမိသွားသည်

" ပန်း "

" ဟင် ညှို့ "

" ဘယ်လိုနေသေးလဲဟင် "

" အဟင်း ငါသက်သာပါပြီ "

အပြုံးလေးနဲ့ဖြေလာတဲ့ ပန်းကြောင့် ညှို့လည်းအခုမှစိတ်အေးသွားရသည်

" ဟင် မနှိုင်းတို့ မပြန်သေးဘူးလား "

" ဒီဘက်ကိုလှည့်ပါဦးမလား စောင့်နေတာ "

I adore you ( Complete ) حيث تعيش القصص. اكتشف الآن