အပိုင်း ( ၈ )

6.2K 122 0
                                    

" I Adore You "
~~~~~~~~~~~~
" Part - 8 "
~~~~~~~
" ပန်း မနက်ဖြန် ဂေဟာသွားမှာနော် "

" အင်း သိတယ်လေ မာမီပြောပြတယ် ဝတ်လွှာနဲ့မြူနှင်းကိုတောင်ခေါ်ထားသေးတယ် "

" ငါ့ကို အကျီလိုက်ရွေးပေး "

" ဟင် ပျင်းစရာကြီး "

" လာပါ ပန်းရ မုန့်ဝယ်ကျွေးမယ် "

" မုန့်က ငါ့ဘာသာငါလည်းစားနိုင်တာပဲ "

" စျေးဆစ်နေတယ်ပေါ့လေ "

ညှို့လည်း ပန်းကို ဒူးဆစ်နားကနေမပြီး ပုခုံးပေါ် ထမ်းလာခဲ့လိုက်သည်

" အား ညှို့နော် ပြန်ချပေး ညှို့လို့ "

" ငြိမ်ငြိမ်မနေရင် ပစ်ချလိုက်မှာနော် "

" ဟွန့် အကျင့်ကိုက "

စွဲမက်လည်း ညှို့ရဲ့ ပုခုံးကို ခပ်နာနာလေးကိုက်ပစ်လိုက်သည်

" အား...ခွေးမလေး "

" လူကို အနိုင်ကျင့်ချင်ဦး "

ညှို့လည်း အခန်းထဲရောက်​တာနဲ့ ပန်းကိုမွေ့ယာထက်သို့ချပေးလိုက်သည်

" ကဲ ရွေးပေး "

စွဲမက်လည်း ညှို့ကိုတွန်းထုတ်လိုက်ပြီး အဝတ်ဗီဒိုနားကိုသွားလိုက်သည်

" ညှို့ ဘောင်းဘီပဲဝတ်မှာမလား "

" အင်း "

" ညှို့ ကုတင်ပေါ်မှာထိုင်နေဟယ် ငါ့ဆီလာမရှုပ်နဲ့ "

ညှို့ကတော့ ဂရုမစိုက်စွာ ပန်းရဲ့အနောက်မှာရပ်ပြီး လက်တစ်ဖက်နဲ့ပန်းရဲ့ခါးလေးကို ဖက်ထားလိုက်သည်

" ညှို့နော် ဖယ်ပါဆိုနေမှ "

" ဟုတ်ပါပြီ ဖယ်ပေးမယ် နှုတ်ခမ်းကြီးစူမနေနဲ့တော့ "

ညှို့လည်း ထိုအခါမှ အိပ်ယာပေါ်သွားပြီး ပန်းရဲ့ ဖုန်းကိုကြည့်နေလိုက်တော့သည်

" ညှို့ ဒါလေးကြိုက်လား "

" ဟိုတခါပန်းနဲ့အတူတူ ဝယ်လာတဲ့ဟာမလား "

" ဟုတ်တယ်လေ ညှို့ မကြိုက်လည်းဒါပဲဝတ်လိုက် free ဖြစ်တယ် "

စွဲမက်လည်း ဘောင်းဘီရော အကျီပါ ထုတ်ထားပေးလိုက်သည်

I adore you ( Complete ) Where stories live. Discover now