အပိုင်း ( ၁၂ )

6.3K 130 4
                                    

" I Adore You "
~~~~~~~~~~~~
Part - 12
~~~~~~~
စွဲမက်တို့ ပထမနှစ်ကြီးပြီးသွားတော့ ပိတ်ရက်တွေမှာ ဒယ်ဒီ့ရဲ့လုပ်ငန်းတွေမှာ ဝင်ကူဖြစ်ကြသည်

" ညှို့ ဒါလေးလုပ်ပြဦး "

" ပန်း အခုထိ Dr နဲ့ Cr တောင်မခွဲတတ်သေးဘူးလား "
( Dr=Debit / Cr=Credit အဲ့ဒါက လုပ်ငန်းတခုမှာအရေးကြီးတဲ့ နေရာမှာပါဝင်ပါတယ်ရှင့် )

" ခဏခဏမေ့နေလို့ ပြန်လုပ်ပြဦး "

" Cash Book နဲ့ Journal နဲ့က မတူဘူးပန်း.... Cash Book မှာဆို ငွေဝင်ရင် Credit... ငွေထွက်ရင် Debit

ပန်း Cash Book ကို သေချာနားလည်ပြီဆိုရင် Journal ရိုက်လို့ရပြီ Cash Book နဲ့ Journal က ဆန့်ကျင်ဘက်ပဲ

တကယ်လို့ ပန်းကစာရင်းမှားပြီးသွင်းလိုက်ရင် Balance ညီမှာ မဟုတ်ဘူး ဒါကြောင့်တစ်ခုတည်းကိုပဲအသေမှတ်ထားနော် "

" အင်းအင်းသိပြီ ရှဲရှဲနော် ညှို့ "

" ဒါနဲ့ ပန်း ငါမေးစရာရှိတယ် "

" ​မေးလေ ညှို့ "

" ပန်းနဲ့သံယောဇဥ်က တစ်ယော​က်နဲ့တစ်ယောက်မခေါ်ကြဘူးလား "

" ဘာလို့လဲဟင် "

" သံယောဇဥ် အခုတလော ငါ့ကို စကားခဏခဏလာပြောတယ် နင်ကသူ့ကိုစကားမပြောတော့လို့တဲ့ "

" အင်း ငါသူ့ကိုမခင်ချင်တော့လို့ "

" ဘာလို့လဲ ပန်း "

" နင်မသိတဲ့ ကိစ္စတွေရှိတယ် နင်လည်းသူနဲ့စကားမပြောနဲ့တော့ "

ညှို့လည်း ပန်းကထိုသို့ဆိုလာတော့ ခေါင်းညိတ်လိုက်မိသည်

စွဲမက်ကတော့ Second sem ​တုန်းက သံယောဇဥ် သူမကိုပြောခဲ့တာ အခုထိမမေ့ပေ

" စွဲမက် "

" ပြောလေ ယောရဲ့ ဘာမို့လို့တကူးတကကြီး ကော်ဖီဆိုင်မှာချိန်းရတာလဲ "

" တို့ ညှို့ကို သဘောကျတယ် စွဲမက် "

" ဟင် "

" အံံ့သြသွားလားဟင် တို့တကယ်ပြောတာ စွဲမက်
တို့ကို ညှို့နဲ့မိတ်ဆက်ပေးကတည်းက တို့သဘောကျသွားတာ "

" ညှို့ကို သဘောကျတာ ညှို့ကိုသွားပြောရမှာလေ စွဲမက်နဲ့မှမဆိုင်ဘဲ "

I adore you ( Complete ) Kde žijí příběhy. Začni objevovat