ယနေ့ ရုပ်ရှင်ရိုက်ကူးရေး အဆုံးသတ်သတ်ချင်း ဂူရှန်က ထျန်းနင်ကို လာရှာကာ စကားပြောသည်။
"နင်က ဘာလို့ ငါတို့နှစ်ယောက်ရဲ့ ဘဝကို မဖျက်ဆီးပစ်တာလဲ။ ငါတို့ကို လူစားထိုးပစ်လို့ ရတဲ့ အခွင့်အရေး ရှိတယ်လေ"

ထျန်းနင်က ဂူရှန်ကို ကြည့်ပြီး ပြုံးသည်။
"အစတည်းက ငါ့ရည်ရွယ်ချက်ကို ပြောခဲ့ပြီသားပါ။ ငါ့ကို အရင်မတိုက်ခိုက်တဲ့သူကို ငါကလည်း အရင် မတိုက်ခိုက်ဘူး။ မနေ့က အဖြစ်အပျက်က အတိတ်မှာ ကျန်ခဲ့ပြီ။ ငါ့စိတ်ထဲမှာလည်း မရှိတော့ဘူး။ နောက်ထပ် ရန်ငြိုးတွေ ပြန်အစပျိုးဖို့ မလိုအပ်တော့ဘူး"

"နင်တို့ နှစ်ယောက်မှာ မကောင်းတဲ့ အကြံအစည် ရှိခဲ့ဖူးမှာပါ။ ဒါပေမဲ့ ငါ့ဘက်ကလည်း ကြင်ကြင်နာနာ တုံ့ပြန်ခဲ့တာ မဟုတ်ဘူးလေ။ ဒါကြောင့် ငါက နင်တို့ကို အဝေး မောင်းထုတ်ပစ်နိုင်တဲ့ အခွင့် မရှိဘူး"

"ပြီးတော့ နင်တို့က ဝေအန် ရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေပဲ။ ဒါကြောင့် သူ့မှာလည်း သူ့အကြောင်းကိစ္စသူ ရှိလိမ့်မယ်။ ရုပ်ရှင်အတွက် ကောင်းဖို့ ငါ တခြားဟာတွေ လုပ်လို့ မရဘူး"

"မနေ့က ငါ့ဘက်က ရက်ရက်စက်စက် တုံ့ပြန်ရတဲ့ အကြောင်းအရင်းကို နင်တို့ သိမှာပါ။ ဒါပေမဲ့ နောက်တစ်ခေါက်တော့ လက်မခံနိုင်ဘူး"

"ငါတို့အလုပ်က ငါတို့အရည်အချင်းနဲ့ အကောင်းဆုံး ကြိုးစားပြီး ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးဖို့ပဲ"

"ပြီးတော့ ထပ်ပြောဦးမယ်။ စုံတွဲရဲ့ဆက်ဆံရေးကို ပြင်ပ ပယောဂတွေ လွှမ်းမိုးလို့ မရဘူး။ ကိုယ့်နှလုံးသားကိုပဲ အားကိုးသင့်တယ်"

"ငါ့ကို နောက်ထပ် ရန်မစနဲ့။ ငါ့ကိုယ်ငါ လုံခြုံဖို့ ငါက ဘာမဆို လုပ်ရဲတယ်"

ထိုစကားကို ပြောပြီးနောက် ထျန်းနင်က စုန့်ယန်ရှုနှင့် အတူတူ ထွက်သွားပြီး ဂူရှန်မှာ တုန်တုန်ရီရီ ခံစားချက်ဖြင့် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ယခုအချိန်မှာ သူမ နောက်ဆုံး သဘောပေါက်သွားသည့် တစ်ခုတည်းသော ခံစားချက်က သူမနှင့် ထျန်းနင်၏ ကွာခြားမှု တော်တော်များကြောင်းပင်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now