"ငါလည်း သဘောတူတယ်။ သူ့ပရိသတ်အနေနဲ့  သူက အရမ်းကို ထူးချွန်တယ်လို့ ခံစားမိတယ်။ နောက်နောင် ထျန်းနင် ဘာပဲလုပ်လုပ် သံသယ ကင်းကင်းနဲ့ သူ့ကို အားပေးသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ အကယ်၍ ထျန်းနင်က သီချင်းခွေ ထုတ်ရင်တောင် ငါက သူ့ကို အားပေးဦးမှာပဲ"

"ထျန်းနင်ရဲ့ အခုသရုပ်ဆောင်တဲ့ အဆင့်အတန်း နဲ့ဆိုရင် အချိန်အတိုင်းအတာ တစ်ခုလောက်အထိ လေ့ကျင့်ပြီးရင်တော့ မင်းသားလင်းရှန်တို့လောက် အဆင့် ဖြစ်လာမှာပဲ။ ထျန်းနင် ဆက်ပြီး အလုပ်ကြိုးစားနိုင်ဖို့ မျှော်လင့်တယ်။ အပေါ်ယံ ဟန်ဆောင်တတ်တဲ့ တချို့သရုပ်ဆောင် မင်းသမီးတွေထက် ခက်ခက်ခဲခဲ ဇာတ်ဝင်ခန်းတွေကို မငြီးမငြူ ရိုက်ကူးတတ်တဲ့ ထျန်းနင်ကပဲ ပရိသတ်အများကြီး ပိုင်ဆိုင်ထိုက်တယ်"

"မို့သူဌေးကို လက်ထပ်ပြီးသွားတော့မှ ထျန်းနင်ရဲ့ဘဝ အသစ်က စတင်တယ်လို့ ထင်မိတယ်။ အဲဒီစုံတွဲလေးကို အတူတူ တွဲမြဲရတာ ချိုမြိန်လိုက်တာနော်"

လူအများစုက သူမ၏သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုရ၍ ထျန်းနင် ရုတ်တရက် ငိုချင်စိတ် ဖြစ်ပေါ်လာသည်။ သူမက ပါရမီအထုံဖြင့် မွေးဖွားလာသူ မဟုတ်ပေ။ ယခုလို အရည်အချင်းမျိုး ရရှိအောင် အောင်မြင်လာအောင် အခွင့်အရေးတိုင်းကို အကျိုးရှိရှိ အသုံးချခဲ့ပြီး လေ့လာထိုက်သည်ကို စနစ်တကျ လေ့လာဆည်းပူးခဲ့၍ ဖြစ်သည်။

ဝါသနာပါရာ အလုပ်လမ်းကြောင်း ပြောင်းလဲပစ်ရန် သူမကိုယ်တိုင်လည်း တစ်ခါလေးမျှ မတွေးခဲ့မိပေ။ မို့ထင်က သူမ၏ အရည်အချင်းကို သိနေ၍ သူမ နှင့် ထိုက်တန်သော လမ်းကြောင်းပေါ် တင်ပေးခဲ့သော်လည်း မော်ဒယ်အလုပ်ဘက် အချိန်မရွေး ပြောင်းလဲနိုင်အောင်လည်း လမ်းကြောင်းခင်းပေးထားပါသည်။

"ထင်၊ ရှင့်ကို တကယ်ကို ကျေးဇူးတင်တယ်"
ထျန်းနင်က သူ့ခင်ပွန်းသည်ကို မျက်ရည်လည်နေသော မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်သည်။

မို့ထင်က ထျန်းနင်၏ ကြော်ငြာ ဓာတ်ပုံကို ပုံအကြီးကြီးထုတ်ကာ သူတို့ဧည့်ခန်းထဲ ချိတ်ဆွဲထားခဲ့သည်။ ဤဓာတ်ပုံက သူမအတွက် အရမ်း အရေးပါမှန်း သူ သိပါသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now