"မင်းက ကိုယ့်ကို ဒီလိုပဲ အမြဲဆက်ဆံတော့မှာလား"
ပိုင်ချန်သုန်က သူ့ကိုယ်သူ လက်ညိုးထိုးပြသည်။
"ဒီနေရာမှာ နေရမှာထက် မင်းက ထျန်းနင်နဲ့ပဲ အချိန်ပိုဖြုန်းချင်တယ်မလား"

"ကျွန်မက အစ်မထျန်းနင်ကို သဘောကျလို့လေ"

"မင်းက ကိုယ့်ကို သဘောမကျဘူးလို့ ပြောဖို့ ကြိုးစားနေတာလား။ ကိုယ်နဲ့အတူတူ အချိန်ကုန်ဆုံးရတာ နှိပ်စက်ခံရသလို ခံစားနေရတာလား"

ဟန်ရှင်းအာ မှင်တက်သွားသည်။

"ကျွန်မ ရုပ်ရှင်သွားကြည့်ချင်တယ်"

"ကိုယ်လည်း မင်းနဲ့ လိုက်ခဲ့မယ်။ ကိုယ်ရုပ်ဖျက်လိုက်ရင် ဘယ်သူမှ ကိုယ့်ကို မမှတ်မိတော့ဘူး။ အဲဒီအတွက် မစိုးရိမ်နဲ့တော့"
သူ့စကား အဆုံးသတ်သည့်နှင့် ပိုင်ချန်သုန်က ရုပ်ဖျက်ရန် သူ့အိပ်ခန်းထဲ ပြေးဝင်သွားခဲ့သည်။ သိပ်မကြာလိုက် ဟန်ရှင်းအာ၏အရှေ့ကို မုတ်ဆိတ်မွေးနှင့် ဦးလေးကြီးတစ်ယောက် ပေါ်လာသည်။
"ကိုယ်တို့ အခုသွားလို့ ရပြီလား"

"ရှင် သေချာဂရုမစိုက်ရင် မနက်ဖြန်ရဲ့ သတင်းခေါင်းစည်းပိုင်းမှာ ရှင်နဲ့ ကျွန်မ တွဲပါလာလိမ့်မယ်။ သေးနုပ်တဲ့ လက်ထောက်လေးနဲ့ စူပါစတားရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးဆိုပြီ သတင်းထွက်လိမ့်မယ်"
ဟန်ရှင်းအာက သူ့ကို စိုက်ကြည့်ပြီး သူနှင့်အတူတူ လျှောက်လည်ရန် အင်တင်တင် ဖြစ်နေသည်။

"ဟုတ်ပါပြီ။ မင်းဘာသာမင်းပဲ သွားတော့"
ပိုင်ချန်သုန်က ဆိုဖာပေါ်မှာ ထိုင်ပြီး သူ့အရှုံးကို ဝန်ခံသည်။ ဟန်ရှင်းအာကလည်း တွေဝေခြင်း မရှိ ပြေးထွက်သွားခဲ့သည်။

သုန်မှုန်နေသော မျက်နှာထားဖြင့် ပိုင်ချန်သုန်က မို့ထင်ကို ဖုန်းခေါ်သည်။
"ထျန်းနင်ကို ဖုန်းလွှဲပေးလိုက်ပါ"

မို့ထင်က စူးစမ်းချင်စိတ်ပြင်းပြစွာ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ သို့တိုင် သူက ဖုန်းကို ထျန်းနင်လက်ထဲ ထည့်ပေးလိုက်သည်။

"မင်းရဲ့လက်ထောက်က တော်တော်လေး ဒူတယ်။ မဟုတ်သေးဘူး အဲထက်တောင် ဆိုးရွားသေးတယ် အရမ်းကို ဒူတာ တုံးတာ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now