Ep 394+395+396

Mulai dari awal
                                    

ခဏကြာပြီးနောက် အခန်းတံခါး တဖြည်းဖြည်းချင်း ဖွင့်သွားသည်။ သူမတို့မြင်ကွင်းထဲ ပထမဦးဆုံး ဝင်ရောက်လာသူက စားပွဲထိပ်မှာ ထိုင်နေသည့် ထျန်းအကြီးအကဲ ဖြစ်သည်။ သူက ရိုးရှင်းစွာ လမ်းလျှောက်တုတ်ကောက်ကို ကိုင်စွဲထားပြီး တုတ်ကောက်ထိပ်မှ ချောမွေ့သော ဘောလုံးခေါင်းလေးကို မကြာခဏ ပွတ်နေသည်။ သူ့မျက်နှာထားက ခက်ထန်သော်လည်း ဒေါကန် မနေပေ။

သူ့ဘေးနားမှာ ထျန်းချင်းဝမ် ရှိနေပြီး အသက်မဲ့သော အကြည့်ဖြင့် အရှုံးသမား တစ်ဦးကဲ့သို့ စိတ်ပျက်လက်ပျက် ထိုင်နေသည်။ ယနေ့ မနက်အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် အမှန်တရားမှ ရုန်းထွက်ရန် ခက်ခဲနေပုံပင်။

ထိုစဉ် ထျန်းရီချန် နှင့် ထျန်းကျင်းရွှမ်က နှစ်ဦးသားကြားရုံ လေသံဖြင့် စကားပြေနေစဉ် ထျန်းရွှမ်က အခန်းထဲဝင်လာသည့် ထျန်းနင်တို့သားအမိကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။ သူမ၏အကြည့်က အေးစက်ပြီး ဆူးချွန်ကဲ့သို့ ချွန်မြသည်။

ရှားယွီလင်းက ခနဲ့လိုက်ပြီး သူ့သမီးနှင့်အတူတူ ထိုင်ကာ သူ့ယောက်ျားကို မကြည့်မိအောင် ကြိုးစားသည်။

"ယွီလင်း..."
ထျန်းအကြီးအကဲက ဩရှရှ အိုမင်သံဖြင့် ငိုပြောသည်။
"ဒီလို လျှို့ဝှက်ချက်ကြီးကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားနိုင်မယ်လို့ အဖေ တွေးတောင် မတွေးခဲ့မိဘူး။ သမီး နာကျင်ကြေကွဲ ခဲ့ရမှာပဲ"

"ထျန်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ချနင်းခဲ့တဲ့ သမီးကို အဖေ အပြစ်မတင်ဖို့ပဲ မျှော်လင့်ပါတယ်။ သမီး သတိပေးခဲ့ပါရဲ့နဲ့ တစ်စုံတစ်ယောက်က သူတို့ကိုယ်သူတို့ ထိန်းချုပ်ရကောင်းမှန်း မသိဘူး။ ဒါကြောင့် သမီးလည်း ရွေးချယ်စရာ မရှိတဲ့ အဆုံး ဒီလမ်း လျှောက်လိုက်ရတာပါ"

"ဘယ်သူကရော ဒီလို လုပ်ချင်ပါ့မလဲ အဖေ"

ရှားယွီလင်းက လေးနက်သော အသံဖြင့် ခပ်တိုးတိုး ပြောသည်။ သူမက ထျန်းနင်ကို ကာကွယ်စောင့်ရှောက်ရန် သန်မာရမည်မှန်း သိပါသည်။

ထျန်းအကြီးအကဲ ခေါင်းညိတ်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူ ပြန်ဖြေသည်။
"ဒီနေ့ မိသားစု စုံစုံလင်လင် အတူရှိနေတော့ တချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဆွေးနွေးကြတာပေါ့။ အခုကစပြီး ဘာလုပ်သင့်လဲ အစီအစဉ် ဆွဲသင့်တယ်။ ယွီလင်း၊ သမီးက မတရား အပြစ်တင်ခံရသူပါ။ သမီး ခံစားချက် ဘယ်လိုရှိလဲ အဖေ သိချင်တယ်။ သမီး စိတ်ကျေနပ်အောင် အဖေ အကောင်းဆုံး ကြိုးစားပေးမယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Tempat cerita menjadi hidup. Temukan sekarang