Ep 379+380+381

Começar do início
                                    

"အဲလိုလည်း မဟုတ်ဘူး။ သူသာ ဆန္ဒမရှိရင် သူ့ကို အတင်းအကျပ် ဖိအား ပေးလို့ မရဘူး"

"ရှင်တို့နှစ်ယောက်ကို ရုပ်ဆင်တယ်လို့ ခံစားမိတာ မဆန်းကြယ်ဘူးပဲ"
ထျန်းနင်က ပြုံးပြုံးရွှင်ရွှင် ပြန်ပြောသည်။ ထို့နောက် သူမ ဘေးနားမှ နေရာလပ်ကို ခပ်ဖွဖွ ပုတ်ကာ မို့ထင်ကို စကားပြောသည်။
"လာ၊ ချစ်လေး ဘေးနားမှာ လာအိပ်။ ဖက်ပြီး မအိပ်ရတာ တော်တော်ကြာပြီ"

မို့ထင်က အိပ်ရာပေါ် လှဲလိုက်ပြီး ထျန်းနင်ကို သူ့ရင်ခွင်ထဲ ခိုလှုံ့ခွင့်ပေးသည်။
"ဒီလိုမျိုးလေးလား"

ထျန်းနင်က မျက်လွှာလေးကို ချလိုက်ပြီး ခေါင်းညိတ်ပြသည်။
"ချစ်လေး စိတ်ထဲ သံသယဝင်နေတာ ရှိပေမဲ့ သက်သေ လိုအပ်သေးတယ်"

"စုံစမ်းဖို့ လူရှာရမယ်"

မို့ထင်၏စကားသံကို ကြားပြီးနောက် ထျန်းနင်က ရုတ်တရက် ထရယ်သည်။
"ထင်ရယ်၊  ချစ်လေး စကား အများကြီး ပြောနေဖို့တောင် မလိုအပ်ဘူး။ ယောက်ျားက ချစ်လေးကို အတွေးကို တစ်ထပ်တည်း သိနေတာနော်။ ယောက်ျားက ချစ်လေးရဲ့ အချစ်နတ်ဆိုးလေးလား ပြော"

"ကိုယ်က ချစ်လေးရဲ့ခံစားချက်ကို နှလုံးသားနဲ့ အမြဲနားဆင်းလို့လေ"
မို့ထင်က သူမ၏ဦးခေါင်းပေါ် အနမ်းခြွေလိုက်သည်။

"ချစ်လေးနဲ့ လက်ထပ်လိုက်လို့ ဒီဆေးရုံသေးသေးလေးရဲ့ အခန်းကျဉ်းကျဉ်းလေးထဲ ကျဉ်းကျဉ်းကျုံကျုံ အိပ်နေရတယ်"

"ချစ်လေးကို လက်ထပ်ခွင့်ရလို့ ကိုယ် ကံကောင်းတာ ချစ်လေး မတွေးမိဘူးမလား"

...

'Hidden Expert'ရုပ်ရှင်ကို ဟိုက်ဟွေ့ဖျော်ဖြေရေးက စီစဉ်ရိုက်ကူးခြင်း မဟုတ်၍ မို့ထင် ထိန်းချုပ်ခွင့် မရှိပေ။

အတင်းအဖျင်း သတင်းများ၏ မီးလောင်ရာ လေပင့် လုပ်ဆောင်မှုကြောင့် ရုပ်ရှင်ထုတ်လုပ်သူက ဒါရိုက်တာကို ဖုန်းဆက်လာခဲ့သည်။
"အခုပြဿနာနဲ့ ပတ်သက်ပြီး ငါ သေချာစဉ်းစားပြီးပြီ။ အခုပြဿနာကနေ ရှောင်ရှားဖို့ ထျန်းနင်နေရာ လူစားထိုးလိုက်တာ အကောင်းဆုံး ရွေးချယ်မှုပဲ။ လူစားထိုးဖို့ အသင့်လျော်ဆုံးသူကို ရွေးချယ်ပြီးပြီ။ အဲဒီ မင်းသမီးကို မနက်ဖြန် ပို့ပေးလိုက်မယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Onde histórias criam vida. Descubra agora