စာစဉ်(၂၆) Ep 361+362+363

Start from the beginning
                                    

 
 
"ဘာရိုက်ကွင်း ရှိတာလဲ။ ဒီအိမ်တော်ကနေ ခြေတစ်လှမ်း လှမ်းခွင့်တောင် ရှိမယ်လို့ တွေးနေသလား"
 
ထျန်းအကြီးအကဲက သူ့လက်ထောက်ကို တံခါးပိတ်ရန် မျက်စပစ်သည်။
"ထျန်းနင်၊ ပိုလေးနက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ အချိန်တန်ပြီ။ အပြင်မှာနေတုန်းက ချစ်ကြိုက်ခဲ့တဲ့ ဆက်ဆံရေးတွေကိုလည်း အဆုံးသတ်သင့်ပြီ"
 
ထျန်းနင်က အိမ်ရှေ့တံခါးမကြီး ပိတ်သွားသည်ကို ငေးစိုက်ကြည့်နေသော်လည်း ကြောက်စိတ် မဝင်မိပေ။ သူမက ရိုးရှင်းစွာ ထျန်းအကြီးအကဲဘက် လှည့်လိုက်ပြီး
 
"ဘိုးဘိုး၊ မြေးကို တစ်သက်လုံး ပိတ်လှောင်ထားလို့ မရပါဘူး"
 
ထျန်းအကြီးအကဲက ထျန်းနင်ကို ငေးစိုက်ကြည့်သည်။ ထျန်းနင်က သူစိတ်ကြိုက် ခြယ်လှယ်နိုင်သော ကလေးအရွယ် မဟုတ်မှန်း ထျန်းအကြီးအကဲ သဘောပေါက်ပါသည်။ သူမ၏ ထက်သန်သော ဆန္ဒက ယခင်ထက် ပိုပြင်းထန်လာခဲ့သည်။ သို့တိုင် သူ ဇွဲမလျော့ချင်သေးချေ။
 
"ငါ တတ်နိုင်သလောက် နင့်ကို တံခါးပိတ် ချုပ်နှောင်ထားမယ်"
 
ထျန်းရွှမ်က တရှိုက်ရှိုက် ငိုကြွေးကာ ကြမ်းပြင်ပေါ် ဒူးထောက်နေသေးသော်လည်း ခနဲ့သည်။
 
 
တစ်လျှောက်လုံး ထျန်းအကြီးအကဲ၏ ရည်ရွယ်ချက်က ထျန်းနင် အိမ်ပြန်လာရန် ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထို့နောက် သူမ မတ်တတ် ထရပ်ပြီး လှောင်ရယ်သည်။
 
"ဘိုးဘိုး၊ ဟိုးအရင်တည်းက ထျန်းနင်ကို အိမ်ပြန်ခေါ်ဖို့ ဆုံးဖြတ်ပြီသား မလား ဟုတ်တယ်မလား"
 
"ဒီအိမ်က သူ့အတွက် အမြဲတမ်းအိမ်ပဲ"
 
 
"အဲဒီခွေးမမှာ ဘာအခွင့်ရှိလို့လဲ"
 
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ်က သစ်သီးပန်ကန်းလုံး တင်ထားသောစားပွဲခုံအနား ပြေးသွားပြီး စားပွဲခုံပေါ်မှ ဓားကို ဆွဲယူကာ လက်ကောက်ဝတ်ပေါ် တင်လိုက်သည်။
"အဲဒီကောင်မနဲ့ သမီး နဲ့ တစ်ယောက်ယောက်ကို ရွေးချယ်"
 
"ထျန်းရွှမ်..."
 
ထျန်းအကြီးအကဲ ကြောက်စိတ်မွှန်ထူသွားပြီး မတ်တတ်ထရပ်ရန် ကြိုးစားခဲ့၍ သူ့လက်ထဲမှ တုတ်ကောက်လေး လွတ်ကျလုနီးပါး ဖြစ်သွားသည်။
"ဘာတွေ ကြံရွယ်နေတာလဲ မြေးရယ်"
 
"ဘိုးဘိုး၊ မြေး တကယ်ပြောနေတာ။ ဒီမိသားစုမှာ ငါတို့အတွက် နေရာလပ် တစ်နေရာစာပဲ ရှိတယ်။ တစ်ယောက်နေရင် တစ်ယောက်က ပျောက်ကွယ် ပေးရမယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ်က ဓားကို ဖိကိုင်လိုက်၍ လက်ကောက်ဝတ်မှ သွေးများ ယိုကျလာသည်။
 
"မိုက်မဲ့တဲ့လုပ်ရပ်တွေ မလုပ်ပါနဲ့"
 
ထျန်းအကြီးအကဲက ထျန်းရွှမ်အနား ရုတ်တရက် ပြေးသွားပြီး လက်ကောက်ဝတ်ကို လှမ်းဆွဲသည်။ ထို့နောက် သူ့လက်ထောက်ဘက် လှည့်ကာ
"မြန်မြန် ဆေးသေတ္တာ သွားယူစမ်း"
 
ထျန်းအကြီးအကဲက သူမကို ချစ်မှန်း သိသွား၍ ထျန်းရွှမ်က ရင်ခွင်ထဲ တိုးဝင်ကာ ငိုကြွေးလေ၏။
 
"ဘိုးဘိုး၊ အခုလို အခြေအနေလေးက ပိုအဆင်ပြေတယ်မလား။ သမီးတို့အိမ်ထဲ သူစိမ်း ဝင်ခွင့် မပေးပါနဲ့နော်။ ဘာလို့ သူစိမ်းကို ဝင်ခွင့်ပေးမလဲ။ သူလည်း အပြင်မှာ တစ်ယောက်တည်း နေလာတာ ၉နှစ်ကျော်နေပြီလေ။ ဒါက သမီးတို့ကို မိသားစုဝင်လို့ သဘောမထားတာလေ။ ဘာလို့များ တစ်ယောက်နဲ့ တစ်ယောက် စိတ်အနှောင့်ယှက် ဖြစ်အောင် လုပ်နေမလဲ"
 
"မြေးလေး စိတ်ထဲ ခံစားရတဲ့ အတိုင်း ပြောချင်ရာသာပြောပါ။ ဒီလိုရူးမိုက်တဲ့ အလုပ်မျိုး ဘာလို့လုပ်ရသလဲ"
 
ထျန်းအကြီးအကဲ၏ ဒေါသများ တလိပ်လိပ် တက်လာသည်။
 
"ထျန်းနင်ကို ပြန်လာခွင့် မပေးဘူးလို့ ဘိုးဘိုး ကတိပေးရမယ်။ မြေးကို ကတိပေးပါ"
 
 
ထျန်းရွှမ်၏ လွန်ကဲသော တောင်းဆိုမှုကို ထျန်းအကြီးအကဲ ကြံရာ မရသည့် အဆုံး သဘောတူခဲ့သည်။
 
"ဟုတ်ပါပြီ။ ဘိုးဘိုး ကတိပေးတယ်။ ကတိပေးတယ်နော်"
 
အဘိုးဖြစ်သူ၏ ကတိစကားကြောင့် ထျန်းနင်၏နှလုံးသားထဲ နောက်ဆုံး ကျန်ရစ်သော နှောင်ကြိုး နှင့် နွေးထွေးမှုလေး ပျောက်ကွယ်သွားခဲ့သည်။
 
 
"ရှောင်နင် အရင်ဆုံး ပြန်နှင့်ဦး။ နောက်တစ်နေ့မှ အဖေကိုယ်တိုင် သမီးကို လာခေါ်မယ်"
 
အဖေထျန်းက ထျန်းနင်က ခခယယ ပြောဆိုနေသည်။
 
"ကျွန်မကို လာခေါ်မယ် ဟုတ်လား။ ရှင်တို့ရဲ့ သမီးအကြီးဆုံးကိုပဲ အာရုံစိုက်လိုက်ပါ။ ဒီကနေ့ကစပြီးတော့ ထျန်းမိသားစု နဲ့ ကျွန်မ ကိုယ့်လမ်း ကိုယ် လျှောက်မယ်။ ပြောချင်တာက ထျန်းရွှမ် ကျွန်မကို ထပ်ရန်ရှာရင် သူ့ဘဝ ရှင်လျက် ငရဲကျစေရမယ်"
 
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင် ခြေနှစ်လှမ်း နောက်ဆုတ်သည်။ သူမ ထွက်သွားခါနီး အိမ်တော်ထိန်း အလောတကြီး ရောက်လာပြီး ထျန်းအကြီးအကဲကို အစီအရင်ခံသည်။
 
 
"သူဌေးကြီး။ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအို မို့ထင် ရောက်နေပါတယ်"
 
 
"ငါ သူ့ကို မမြင်ချင်ဘူး"
 
ထျန်းအကြီးအကဲက စိတ်ရှုပ်ဟန် ပြန်ပြောသည်။
 
"သူ့ကို ဝင်ခွင့်ပေးလိုက်"
 
ထျန်းနင် ခွန်းတုံ့ပြန်သည်။
 
"ဒါကတော့..."
 
 
"ထျန်းနင်၊ အပြင်သူစိမ်းတွေက ဒီအိမ်တော်ထဲ ဝင်စရာ အကြောင်းကိစ္စ မရှိဘူး"
 
 
"သူ ဝင်လာတာကို ဟန့်တားရဲ တားကြည့်စမ်းပါ။ ဒီမှာ ရှိတဲ့ ကျောက်တိုင်တွေနဲ့ ပြေးတိုက်ပစ်မယ်။ မြေး မလုပ်ရဲဘူး မထင်နဲ့နော် ဘိုးဘိုး"
 
ထျန်းနင်က ရောမဒီဇိုင်း ကျောက်တိုင်ကို ညွှန်ပြသည်။
 
အပြစ်ရှိသော ခံစားချက်ကို ရင်ဝယ်ပိုက်ပြီး ထျန်းအကြီးအကဲ ခေါင်းညိတ် သဘောတူသည်။
 
 
အိမ်တော်ထိန်းက ထျန်းအကြီးအကဲ၏အမူအရာကို နားလည်မိ၍ မို့ထင်ကို စံအိမ်တော်ထဲ ချက်ချင်း ဝင်ခွင့်ပြုသည်။ သို့သော်လည်း မို့ထင်က သူ တစ်ဦးတည်း ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သူနှင့်အတူတူ ကိုယ်ရံတော် အယောက်၂၀ခန့်ကို ခေါ်ဆောင်လာ၍ ဧည့်ခန်း တစ်ခန်းလုံး အမည်းရောင် ပင်လယ်ပြင် အဖြစ် ပြောင်းလဲသွားခဲ့သည်။
 
 
"မို့သူဌေး အင်အားပြတာ လွန်ကဲလှချည်းလား"
 
ထျန်းအကြီးအကဲက ဂုဏ်သိက္ခာရှိသော ဟန်အမူအရာဖြင့် လှောင်ရယ်သည်။
 
မို့ထင်က ထျန်းအကြီးအကဲကို အဖက်မလုပ်ခဲ့ပေ။ သူက ရိုးရှင်းစွာ ထျန်းနင်ကို လက်ယပ်ခေါ်သည်။
 
 
ထျန်းနင်၏မျက်ဝန်းမှ မျက်ရည်စက်များ ကျဆင်း လုနီးပါး ဖြစ်နေသော်လည်း မျက်ရည်မကျမိအောင် ထိန်းချုပ်ကာ မို့ထင်၏ ရင်ခွင်ထဲ ပြေးဝင်သွားသည်။
 
 
မို့ထင်၏ရင်ခွင်ထဲ ခေါင်းအပ်ကာ ခပ်ပြတ်ပြတ် လေသံဖြင့် တောင်းဆိုသည်။
 
"ယောက်ျား၊ ချစ်လေးကို ဒီနေရာကနေ အမြန်ဆုံး ခေါ်ထုတ်သွားပေးပါနော်"
 
"အင်းပါ။ ကိုယ် ဖြေရှင်းလိုက်မယ်"
 
မို့ထင်က ထျန်းနင်၏နဖူးလေးကို မနမ်းခင် ဦးခေါင်းလေးကို လက်ဖြင့် ဖွဖွလေး ပုတ်သည်။
 
"ပိုလွန်တယ်လို့ ပြောချင်တာလား။ ဒါက မလုံလောက်ဘူးလို့တောင် ကျွန်တော်က ခံစားနေမိတာ။ မို့မိသားစုက ဒီလိုပဲ ခရီးထွက်တတ်တယ်လေ"
 
မို့ထင်၏လေသံတွင် ခြိမ်းခြောက်သော ခံစားချက်များ ရောယှက်နေသည်။ သူ့မျက်ဝန်းနက်မှ အကြည့်စူးစူးက ထျန်းအကြီးအကဲ၏ မာန်မာနကြီးသော အကြည့်ကို ယှဉ်နိုင်စွမ်း ရှိသည်။
 
"ထျန်းနင်က ငါ့မြေးပါ။ ဘယ်လိုဖြစ်ပြီး မို့မိသားစုဝင် ဖြစ်သွားတာလဲ"
 
 
မို့ထင်က အချိန်မဖြုန်းချင်၍ သူ့အိတ်ကပ်ထဲမှ သူ နှင့် ထျန်းနင်၏ လက်ထပ်စာချုပ်ကို ဆွဲထုတ်သည်။
 
"ကျွန်တော်က ထျန်းနင်ရဲ့ တရားဝင် ယောက်ျားပဲ။ ဒါဆိုရင်ရော ထျန်းနင်က မို့မိသားစုဝင် မဟုတ်တော့ဘူးလား လူအိုကြီး"
 
ထျန်းအကြီးအကဲ
 
"..."
 
"တက်နိုင်ရင်တော့ ခင်ဗျားတို့တွေ ထျန်းနင်ကို မမွေးပေးထားသလို ဟန်ဆောင်ချင်ပါတယ်။ ခင်ဗျားတို့ဘက်က ဒီလိုတွေ ယုတ်မာလာတော့ ခင်ဗျားတို့ကိုယ်စား ရှက်မိတယ်ဗျာ"
 
 
"ထျန်းနင်က ကျုပ်မိန်းမဆိုတော့ ခင်ဗျားတို့စီကနေ ချူပြား တစ်ပြားတောင် ယူသုံးမှာ မဟုတ်ဘူး။ မို့မိသားစု ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေက ထျန်းနင်ကို ဆယ်သက် စားမကုန်အောင် ထားပေးနိုင်တယ်။ ငါ့မိန်းမကို ထျန်းမိသားစု ပြန်လာစေချင်ရင် ဒူးထောက် တောင်းပန်သင့်တာ ခင်ဗျားတို့တွေပဲ ဖြစ်သင့်တယ်"
 
 
"ဒီကနေ့ ဒီအချိန်က စပြီးတော့ ထျန်းနင်ကို ကျွန်တော်နဲ့အတူတူ ခေါ်သွားမယ်..."
 
 
"ထျန်းနင်က ခင်ဗျားတို့တွေနဲ့ လုံးဝ မသက်ဆိုင်ဘူး"
 
 
"ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ထျန်းနင်ကို အနိုင်ကျင့်ချင်ရင် ကျုပ်ကို အရင်ဆုံး ယှဉ်နိုင်အောင် ကြိုးစား"
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်ကို ဖက်ကာ အပြင်ဘက် လှည့်ထွက်လာသည်။ သို့သော်လည်း ထျန်းမိသားစုက ပုံမှန်အတိုင်း သူတို့ကို ဟန့်တားရန် ကြိုးစားသည်။
 
သို့တိုင် မို့ထင် ခေါ်ဆောင်လာသော ကိုယ်ရံတော်များက ပျော့ညံ့သူများ မဟုတ်ခဲ့ပေ။ သူတို့က အတွေ့အကြုံရှိသော တိုက်ခိုက်သူများ ဖြစ်သည်။
 
 
ထို့ကြောင့် အဆုံးသတ်မှာ ထျန်းမိသားစု၏ အစေခံအားလုံး မို့ထင်၏ကြောက်ခမန်းလိလိ အကြည့်အောက်မှာ အညံ့ခံခဲ့သည်။
 
 
ထျန်းနင်ကို ခေါ်ဆောင်သွားခြင်းကို လက်ပိုက်ကြည့်နေရုံမှ အပ မတတ်နိုင်ချေ။
 
 
ထျန်းအကြီးအကဲ အရမ်းဒေါသထွက်လွန်း၍ ခန္ဓာကိုယ် တစ်ကိုယ်လုံး တဆက်ဆက် တုန်နေသော်လည်း ထျန်းနင်တို့ကို မတားဆီးခဲ့ပေ။
 
 
ယနေ့ တွေ့ဆုံခြင်းက သူနှင့်ထျန်းနင်ကို စည်းခြားခဲ့သည့် ဖြစ်ရပ်မှန်ပင်။
 
 
"ရှောင်နင် ဘယ်အချိန်က လက်ထပ်လိုက်တာလဲ။ အဖေတို့တွေ ဘာမှ မသိရပါလား"
 
အဖေထျန်းက တအံ့တဩ မေးမြန်းသည်။
"မို့မိသားစုနဲ့တောင် လက်ထပ်လိုက်သေးတယ်..."
 
အမေထျန်း၏ စိတ်ရှည်သည်းခံစိတ် ပျောက်ဆုံးနေသည်မှာ ကြာပါပြီ။ သူမ ရယ်နေရုံသာ တက်စွမ်းနိုင်သည်။
 
"အခု ငါ သဘောပေါက်လိုက်တာက ထျန်းအကြီးအကဲရဲ့ အမြင်မှာ ငါရော ထျန်းနင်ရောက တိရိစ္ဆာန်တွေလောက်တောင် တန်ဖိုး မရှိဘူး ဆိုတာပဲ"
 
"သမီး၊ နင် လက်ထပ်လိုက်တာ ကောင်းတယ်။ မို့ထင်နဲ့ လက်ထပ်ပြီး မို့မိသားစုဝင် ဖြစ်သွားတာက အမေ ရခဲ့တဲ့ အောင်မြင်မှုထက် ပိုသာလွန်တယ်"
 
 
"အခုချိန်ကစပြီးတော့ တခြားသူတွေ ဝေဖန်တာ ကဲ့ရဲ့တာကို မခံရတော့ဘူး"
 
 
"သခင်မ၊ ဘာတွေ ပြောနေတာလဲ"
 
အဖေထျန်းက အမေထျန်း၏ပခုံးကို ဆောင့်ဆွဲသည်။
"အခြေအနေတွေကို ပိုရှုပ်ထွေးအောင် မလုပ်ပါနဲ့လား..."
 
"မို့မိသားစုဝင်နဲ့ လက်ထပ်လိုက်တာက တခြားသူရဲ့ခင်ပွန်းကို လက်ထပ်တာထက် ပိုကောင်းတယ်လို့ ပြောချင်တာလေ။ နင့်အမေ ဂုဏ်ဆယ်နိုင်အောင် ပြန်ကူညီနိုင်ခဲ့ပြီ သမီးလေး"
 
 
ထိုစကားကို ပြောပြီးနောက် အမေထျန်းက အဖေထျန်းကို ဘေးတွန်းထုတ်လိုက်ပြီး သူတို့အိပ်ခန်းရှိရာသို့ ပြန်သွားသည်။
 
 
ဤအိမ်တော်ထဲ နေထိုင်ခဲ့ရသည့် ကာလတစ်လျှောက်လုံး ထျန်းမိသားစု အရှေ့မှာ ပထမဦးဆုံး ဦးမော့နိုင်ခြင်း ဖြစ်သည်။
 
 
ထိုစဉ် တခြားသော ထျန်းမိသားစုဝင်များလည်း တုန်လှုပ်နေသည်။
 
 
ထျန်းရွှမ်က ယခင်ကထက် ပိုဒေါသထွက်နေစဉ် ထျန်းရီချန်းကတော့ မိသားစု အရှုပ်အရှင်းများကြား ဝေးဝေးပြေးချင်စိတ် ရှိသည်။ ထျန်းကျင်းရွှမ်က ပျောက်ကွယ်သွားသော မို့ထင်ကို မျက်စိ တဆုံး ငေးကြည့်နေသည်။
 
"အစ်မ၊ ဟိုလူက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအိုမလား။ ဟုတ်တယ်မလား"
 
"ကျင်းရွှမ်၊ နင် ဘာလုပ်ချင်ပြန်ပြီလဲ"
 
 
"ဓာတ်ပုံထုတ်ချင်တာလေ"
 
 
"ဘိုးဘိုး၊ နင့်ကို ခြေထောက် ရိုက်ချိုးမှာ မကြောက်ရင် စမ်းကြည့်လိုက်လေ"
 
 
"ဒါပေမဲ့ အခုဆို မို့ထင်က ငါတို့ ခယ်အို ဖြစ်နေပြီလေ"
 
ထျန်းကျင်းရွှမ်က သဘောကျနှစ်ခြိုက်စွာ ပြောဆိုနေသည်။
 
အပိုင်း(၃၆၂)
 
ပြီး၏။
 
 
 
 
 
 
 
 
 
 
 
အပိုင်း(၃၆၃)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now