စာစဉ်(၂၅) Ep 346+347+348

Beginne am Anfang
                                    

 
'Gunshot' အတွက် audition လုပ်ရန် ဆုံးဖြတ်ပြီးနောက် ထျန်းနင်သည် သူမအားလပ်ချိန်အတွင်း သေနတ်ပစ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို လေ့ကျင့်ခဲ့သည်။ သို့သော် အချိန်အကန့်အသတ်ရှိသောကြောင့် မို့ထင် နှင့် သူမ၏ သေနတ်ပစ်နည်းပြ နှစ်ဦးစလုံးသည် သူမအတွက် အကျိုးအရှိဆုံးသော အဓိက နည်းလမ်းများကို ရွေးချယ်သင်ကြားပေးသည်။
 
 
ထျန်းနင်က ကြမ်းတမ်းသော တိုက်ခိုက်ရေး စနစ်ကို လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု  သေနတ်ပစ်နည်းပြ တွေးခဲ့ဖူးသည်။ သို့သော်လည်း ထျန်းနင်နှင့် တွေ့ဆုံပြီးနောက်  ယင်း ၂၆ နှစ်အရွယ် မော်ဒယ်က ဇွဲလုံလ ရှိပြီး အရည်အချင်း ရှိကြောင်း သဘောပေါက်ခဲ့သည်။
 
 
ထို့ကြောင့် ထျန်းနင်က သူမ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းများကို စောင့်ဆိုင်းနေစဉ်  သေနတ်တစ်လက်နှင့်  ကျွမ်းကျင်သော သေနတ်ပစ် နည်းစနစ်ကို ပေါင်းစပ်ကာ စနစ်တကျ  လေ့ကျင့်ခဲ့သည်။ ထို့အပြင် ဟိုတယ်ပြန်ရောက်ပြီးနောက် သူမသည် အားကစားခန်းမတွင် မို့ထင်နှင့်အတူတူ အခြေခံတိုက်ခိုက်ရေးလှုပ်ရှားမှုများ ကို လေ့ကျင့်ခဲ့သည်။
 
 
ကံကောင်းထောက်မစွာဖြင့်  သူမ၏ယခင်လေ့ကျင့်မှု အကျိုးဆက်ကြောင့်  လိုက်လျောညီထွေရှိပြီး သွက်လက် ချက်ချာသည်။ အကယ်၍ သူမနေရာတွင် အခြားမော်ဒယ်တစ်ဦး ဖြစ်နေခဲ့ပါလျှင် ပြင်းထန်သော လေကျင့်မှုဒဏ်ကြောင့် နာကျင်မှုဝေဒနာကို ရင်ဝယ်ပိုက်ကာ အော်ငိုကြလိမ့်မည်။
 
 
မို့ထင်က တကယ့်ကို တိုက်ခိုက်နိုင်သည်။
 
 
မို့ထင် တိုက်ခိုက်ရေး လေ့ကျင့်ခြင်းကို ထျန်းနင် တစ်ခါလေးမျှ မမြင်တွေ့ခဲ့ဖူးပေ။ မို့ထင်ကဲ့သို့ လူကြီးလူကောင်းဆန်သော လေးနက်သူက ယခုလို ခက်ထန်ကြမ်းကြုတ်သော အပြုအမူမျိုးကို စိတ်မဝင်စားနိုင်ဟု တွေးခဲ့ဖူးသည်။
 
 
"ကိုယ်လည်း အသက်ငယ်ရာက အသက်ကြီးလာတဲ့သူပါ။ လူငယ်တွေလိုပဲ ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်"
 
 
မိုတင်၏ ပြင်းထန်သော ကန်ချက်များနှင့် ထိုးချက်များကို ငေးစိုက်ကြည့်လျက် ထျန်းနင် ရင်တလှပ်လှပ်ခုန်နေမိသည်။ မို့ထင်က အရမ်းဆွဲဆောင်မှုရှိလွန်း၍ သူမ၏နှလုံးခုန်နှုန်း တရိပ်ရိပ်တိုးလာသည်။
 
 
မို့ထင် ၏ ညှို့ဓာတ်ပြင်းသော ဆွဲဆောင်မှုကို သတိပြုမိသော်လည်း ထျန်းနင်က သူမ၏လေကျင့်မှု ပြီးပြည့်စုံသည့် အဆင့်ရောက်အောင် ရာနှုန်းပြည့်  အာရုံစိုက်ထားသည်။
 
 
နောက်နှစ်ရက်လောက်ကြာသည့်တိုင်  ပရိသတ်များက ပြေလည်မှုမရှိဘဲ ငြင်းခုန်ခဲ့ကြသေးသည်။ သို့တိုင် ဟိုက်ဟွေ့ဖျော်ဖြေရေးက ဖြေရှင်းချက် မပေးခဲ့ချေ။
 
 
 
အထူးသဖြင့် လင်းရှန်၏ပရိသတ်များသည် သူတို့၏ idol ကို ဟိုက်ဟွေ့ဖျော်ဖြေရေးက ဖျက်ဆီးလိုက်သကဲ့သို့ ဆက်လက်ပြုမူခဲ့ကြသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးနှင့် စာချုပ်ဖျက်သိမ်းရန်ပင် လင်းရှန်၏အေဂျင်စီကို တောင်းဆိုလာသည်။
 
 
 
"တချို့ချို့တွေကြောင့် ငါတို့ရှန်ရှန်လေး မကောင်းပြောခံနေရပြီ။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ငါတို့ရှန်ရှန်ကို လက်လွှတ်ပေးလို့ မရဘူးလား"
 
 
"ခင်ဗျားတို့ ဘာပဲလုပ်လုပ် ကျွန်တော် သိပ်ဂရုမစိုက်ပါဘူးဗျာ၊ ဒါပေမယ့် ငါတို့မင်းသားလေးရဲ့ဇာတ်ကားက ထျန်းနင်ကြောင့် အများရှုတ်ချစရာ ဖြစ်နေပြီ ။ ငါ့တစ်ဘဝလုံး ထျန်းနင်ကို ဆန့်ကျင်တဲ့ ပရိသတ်လုပ်မယ်လို့ ကတိပေးတယ်"
 
 
"ရိုက်ကူးရေး ပြီးပြီဆိုတော့ အခုနေ ဘာပဲပြောပြော အသုံးမဝင်တော့ဘူး ငါပြောနိုင်တာက ဟိုက်ဟွေ့ဖျော်ဖြေရေးကို  နည်းနည်းစိတ်ပျက်မိတယ်"
 
 
"ဟွန့်၊ ထျန်းနင် က သေချာပေါက် ခိုင်မာတဲ့ ကျောထောက်နောက်ခံ ရှိတယ်။ သူ့ကို ရုပ်ရှင်ထုတ်လုပ်ရေး တစ်ဖွဲ့လုံးက ဆန့်ကျင်နေတာတောင် ရိုက်ကွင်းကို သွားရဲတဲ့ သတ္တိရှိသေးတယ်။ မျက်နှာအရည်ထူလွန်းပါဘိ"
 
 
ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည်ကို သိထားသော လူနည်းစုမှလွဲလို့ တခြားသူက ထျန်းနင်ကို မယုံကြည်ချင်ပေ။ ရုပ်ရှင်လောက၏လက်သစ်ဖြစ်သော ထျန်းနင်ကလည်း သူမကို တခြားသူများ နားလည်ပေးရန် မမျှော်လင့်ထားဖူးပေ။
 
 
ထိုနေ့ညက မို့ထင်သည် ထျန်းနင်နှင့်အတူတူ အိမ်မှာ အနားယူဖြစ်သည်။ ထျန်းနင်ကို သူ့ရင်ခွင်ထဲ ထွေးဖက်ကာ စကားပြောလေ၏။
 
 
"မနက်ဖြန် auditionပွဲကို ကိုယ်လိုက်ပို့ပေးမယ်"
 
 
"မလိုပါဘူး၊ အဲဒါကို လျှို့ဝှက်ထားဖို့ ကြံစည်ထားတာလေ။ ယောက်ျား လိုက်ပို့ပေးရင် ဟိုလေးတကျော် ဖြစ်သွားလိမ့်မယ်"
 
ထျန်းနင် ပြန်ဖြေသည်။
"စိတ်မပူနဲ့နော်။ ဘာလုပ်သင့်လဲ ချစ်လေး သိတယ်။ ချစ်လေးရဲ့ အရည်အချင်းကို လူတိုင်းသိသွားအောင် ချစ်လေးကိုယ်တိုင် သက်သေပြသွားမယ်"
 
"ကိုယ်တို့အိမ်ထောင်ရေးကြေညာဖို့အချိန်နီးကပ်နေပြီ.. ဒါပေမယ့်
 
ချစ်လေးက အခုထက်ထိ အရမ်းကို အလုပ်ကြိုးစားနေတုန်းပဲ"
 
ထျန်းနင်၏လက်ချောင်း လေးများကို မို့ထင်၏လည်တိုင်ပေါ် ပြေးလွှားနေပြီး ရင်ခွင်ထဲ အမှီအခိုကင်းမဲ့စွာ တိုးဝှေ့လျက်
 
"ဒါပေမယ့် ချစ်လေး တစ်ခါမှ ပင်ပန်းတယ်လို့ မခံစားမိပါဘူး။ ယောက်ျားက ချစ်လေးထက် ပိုပင်ပန်းမှာ သေချာတယ်"
 
 
"ဟုတ်ပါပြီဗျာ ချစ်လေးရေ အိပ်ဖို့သင့်နေပြီ။ မနက်ဖြန် စောစောထရမယ်မလား"
 
 
 
ထျန်းနင်သည် မိုတင်ကို တင်းတင်းဆုပ်ကိုင်ထားကာ
 
"ဒါပေမယ့် မို့သူဌေးကို ပိုင်ဆိုင်ချင်သေးတယ်"
 
မို့ထင်သည် ထျန်းနင်ကို ငုံ့ကြည့်ကာ အံ့အားသင့်နေသည်။
 
"ချစ်လေး ဘာပြောလိုက်တာလဲ"
 
 
"ယောက်ျားကို ပိုင်ဆိုင်ချင်တယ်လို့ ပြောလိုက်တာလေ မကြားလိုက်လို့လား တမင်တကာ မေးသလား"
 
 
ထျန်းနင်က ပွင့်ပွင့်လင်းလင်း ထပ်ပြောသည်။
 
"အားကစားခန်းမမှာတုန်းက ယောက်ျားရဲ့ လှုပ်ရှားမှုတိုင်းက အရမ်းကို ဆွဲဆောင်မှု ရှိတာ သတိရော ထားမိရဲ့လား"
 
 
"တကယ်လို့ ကိုယ်က ချစ်လေးကို သွေးဆောင်ဖို့မဟုတ်ရင်  ဒီလောက် လေးလေးနက်နက် ပြုမူနေမယ်လို့ ချစ်လေး တွေးထားသလား"
 
 
မိုတင်သည် ဩရှရှအသံဖြင့် နားဝင်ချိုဖွယ်ကောင်းအောင် ပြောဆိုလျက် ထျန်းနင်၏ ခန္ဓာကိုယ်ကို အပေါ်မှ အုပ်မိုးသည်။
 
 
ထျန်းနင်ကလည်း မို့ထင်၏ခါးကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ကာ
 
"ရှင် အောင်မြင်ပါတယ်"
 
...
 
 
"Gunshot ရုပ်ရှင်ထုတ်လုပ်ရေးက သရုပ်ဆောင် ရွေးချယ်ပွဲ ကျင်းပတော့ပါမယ်"
 
 
 
'Gunshot' ရုပ်ရှင်၏ ဒါရိုက်တာက တခြားသူ မဟုတ် ထျန်းနင်ကို ပထမဆုံး ပြစ်တင်ဝေဖန်စာ ရေးသားခဲ့သည့် ဒါရိုက်တာကျန်း ဖြစ်လေ၏။
 
 
 
လူရွေးပွဲ ကျင်းပချိန် နီးကပ်လာသောအခါ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၀၀) ကျော် ရှိခဲ့သည်။ အမျိုးသမီး ဇာတ်ဆောင်ဖြစ်ရန် အခွင့်အလမ်းက တစ် ရာခိုင်နှုန်းသာ ရှိလေ၏။
 
 
အကဲဖြတ်ဒိုင်များထဲတွင် ဒါရိုက်တာ ကျန်းမှလွဲ၍ နာမည်ကြီး အနုပညာရှင်၊ သရုပ်ဆောင်များ၊ ရင်းနှီးမြှုပ်နှံသူများ ပါ၀င်သည်။ သရုပ်ဆောင်ရွေးချယ်ပွဲက တကယ်ကို စနစ်ကျပါသည်။
 
 
ထျန်းနင်က ထျန်းရီကျန်းအမည်ဖြင့် လူရွေးပွဲကို ပါဝင်ဆင်နွှဲလိမ့်မည်။ တန်းစီ စာရင်းအရ သူမမ၏နံပါတ်က ၃၃ဖြစ်သည်။
 
 
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် သူမက  နံပါတ်စဉ် အလယ်အလတ်ဖြစ်၍ အတော်ပင် နီးစပ်သည်။
 
 
ထျန်းနင်က သူမကို တခြားသူ မမှတ်မိအောင် အိမ်မှ ထွက်လာတည်းက ပွယောင်းယောင်း အဝတ်များကို ဝတ်ဆင်ကာ သူမ၏ခြေထောက်များကို ဖုံးကွယ်ထားသည်။ သူမ မျှော်မှန်းထားသည့် အတိုင်း လူတိုင်းက စိတ်လှုပ်ရှားနေ၍ သူမ ဘယ်သူလဲ သတိမထားမိကြပေ။
 
 
သို့သော်လည်း ရွေးချယ်ခံ စာရင်းထဲတွင် ပါဝင်၍ လာရောက်ယှဉ်ပြိုင်သူများထဲ လက်တလော ရေပန်းစားနေသော သရုပ်ဆောင်များ ပါဝင်သည်ကို သတိထားမိသည်။
 
 
သရုပ်ဆောင်လူရွေးပွဲကို ဦးဆောင်သော အကဲဖြတ်ဒိုင်များက ဇာတ်ညွှန်းပါ ဇာတ်ဝင်ခန်းများကို အစမ်းသရုပ်ဆောင်ခိုင်း၍ စစ်ဆေးမည် မဟုတ်မှန်း ထျန်းနင် သိပါသည်။ ထို့ကြောင့်လည်း ဇာတ်ညွှန်း စာရွက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး နှုတ်တိုက် ကျက်နေသော လူတချို့ကို ထျန်းနင် သနားစိတ်ဝင်မိသည်။
 
 
တစ်ခါတရံ သရုပ်ဆောင်ပညာရပ်က  ပင်ကိုဗီဇပေါ် မှီခိုသည်။
 
 
တစ်ယောက်ပြီး တစ်ယောက် လူရွေးချယ်ခန်းထဲ ဝင်ရောက်သွားသော မြင်ကွင်းကို စောင့်ကြည့်နေစဉ် ထျန်းနင် တကယ့်ကို တည်ငြိမ်နေပါသည်။ တစ်ဖက်မှာတော့ သူမ ဘေးနားမှ လူအားလုံးက ပူပင်နေကြသည်။ သူတို့ထဲမှ တချို့တလေက မကြာခဏ အိမ်သာဘက် သွားကြသည်။
 
 
"ဟယ်လို"
 
 
ထျန်းနင်က သူမ၏ပခုံးကို လာပုတ်သောသူကို မော့ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူမ အတော်အတန် အံ့အားသင့်မိသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
 
 
သူမနှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေသော ကောင်မလေးက ၂၀ကျော်ခါစ ကောင်မလေးဖြစ်ပြီး ရဲယူနီဖောင်းကို ဝတ်ဆင်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမလည်း လူရွေးပွဲကို လာရောက်ကြောင်း သိနိုင်သည်။
 
"နင်က နံပါတ် ဘယ်လောက်လဲ"
 
"နံပါတ်၃၃"
 
ထျန်းနင် ဖြေသည်။
 
"နင့်လက်ထဲမှာ ဇာတ်ညွှန်းလဲ မတွေ့သလို စိတ်လှုပ်ရှားတာလဲ မမြင်ရဘူးနော်။ နင့်သူငယ်ချင်းကို အဖော်လိုက်ပေးတာလား"
 
ကောင်မလေးက ထျန်းနင်ဘေးနား ထိုင်ကာ သံသယ မျက်ဝန်းဖြင့် ကြည့်နေသည်။
 
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
 
ထျန်းနင်က ယင်းကောင်မလေးနှင့် စကားကြာကြာ ပြောချင်စိတ် မရှိ၍ တိုတိုတုတ်တုတ် ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
 
 
ရဲဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသော ကောင်မလေးက နောင်အနာဂတ်မှာ သူမ၏သရုပ်ဆောင် လမ်းကြောင်းကို အကြိမ်ကြိမ် တားဆီး နှောင့်ယှက်သူ ဖြစ်လာလိမ့်မည်မှန်း ထျန်းနင် မသိခဲ့ပေ။
 
 
 
"ရိတန့်၊ နင့်အလှည့်ရောက်ပြီ"
 
 
ရိတန့်၏မန်နေဂျာက သူတို့ဘက် လှည့်ကာ လှမ်းအော်သည်။
 
 
ရိတန့်က ထိုင်ခုံမှ ထလိုက်ပြီး ထျန်းနင်ကို စကားပြောသည်။
 
"သရုပ်ဆောင်ရွေးချယ်ပွဲ လာပြိုင်တာ မဟုတ်ဘူးလား ထျန်းနင်"
 
သရုပ်မှန်ပေါ်သွားလည်း ထျန်းနင် ကြောက်စိတ် မဝင်မိပေ။ ရီတန့်ကလည်း ထျန်းနင် အကြောင်း လူတိုင်း သိသွားအောင် ထုတ်ဖော်မည့် အတွေး မရှိခဲ့ပေ။ သူတို့နှစ်ဦးသား မျက်လုံးချင်း အကြည့်ဆုံခိုက် ၎င်းငယ်ငယ်ရွယ်ရွယ် ကောင်မလေးက စိတ်ဝင်စားစရာ ကောင်းမှန်း ထျန်းနင် ရုတ်တရက် ခံစားမိသည်။
 
 
ထို့နောက် ကျန်းရိတန့်က လူရွေးချယ်ပွဲ ခန်းမထဲ ဝင်ရောက်လိုက်ပြီး အကဲဖြတ်ဒိုင်များကို ယုံကြည်ချက်ရှိရှိ မျက်နှာချင်းဆိုင်လိုက်သည်။
 
 
"ဇာတ်ညွှန်းရဲ့ စာမျက်နှာနံပါတ် ၉၄အတိုင်း သရုပ်ဆောင်မယ်"
 
အဓိက အကဲဖြတ်ဒိုင်က ညွှန်ကြားသည်။
 
ကျန်းရိတန့် ခေါင်းညိတ်လိုက်သည်။
 
စာမျက်နှာကို လှန်ကြည့်လိုက်သည်နှင့် သူ့သူငယ်ချင်းက သူ့အတွက် စွန့်လွှတ်အနစ်နာခံခဲ့သည့် ဇာတ်ဝင်ခန်းမှန်း တန်းသိလိုက်သည်။
 
အခြေခံသရုပ်ဆောင် စွမ်းရည်ကို စစ်ဆေးပြီး ဇာတ်ညွှန်းပါ စာသားများအတိုင်း သရုပ်ဖော်ရမည်။ ဤဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်က စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ခွင့် ရှိသည်။
 
 
ကျန်းရိတန့်သည် ကျယ်လောင်သော ငိုကြွေးသံ မပြုမီ သူမ၏ ခံစားချက်ကို အမြန်ပြင်ဆင်ခဲ့သည်။
 
 
 
ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သူငယ်ချင်း၏ ရင်ဘတ်ကို ဖိလျက်
 
 
"မသေနဲ့၊ နင်မသေရဘူး..."
 
ထိတ်လန့်ကြောက်ရွံ့မှု၊ ဒေါသနှင့် အဖြစ်မှန်ကို လက်ခံလိုစိတ်မရှိသော ခံစားချက်များကို ကျန်းရိတန့်၏မျက်ဝန်းတွင် မြင်တွေ့ရသည်။
 
 
ကျန်းရိတန့်၏မျက်ဝန်းများမှ မျက်ရည်စက်များ တာကျိုးသည့်အလား ကျဆင်းနေပြီး နှာခေါင်းက နီရဲသည်။ သူမက ဇာတ်ကောင်စရိုက်ကို အလျင်မြန်ဆုံး သရုပ်ဖော်နိုင်သည်။
 
 
 
"ငါတောင်းပန်ပါတယ် နင် ဘာမှ မဖြစ်ရဘူးနော်။ ငါ့ကို မထားသွားရဘူး"
 
 
 
ထို့နောက် သူမသည် မတ်တပ်ထရပ်ကာ အနီးနားရှိ ပရိဘောဂများကို ရိုက်ခွဲကာ နာကျင်မှုဝေဒနာကို ရင်ဝယ်ထွေးပွေ့ကာ ကြမ်းပြင်ပေါ်တွင် လဲကျသွားသည်။
 
 
သူမ၏ စွမ်းဆောင်ရည်က ထူးထူးခြားခြားမဟုတ်သော်လည်း ခံစားချက် အပြည့်ဖြင့် သရုပ်ဆောင်သွားသည်။  ထို့အပြင် သူမ၏မျက်ဝန်းက ခံစားချက်မျိုးစုံကို သရုပ်ဖော်သွားပြီး အရေးအကြီးဆုံး အချက်အနေဖြင့် သူမ၏သရုပ်ဆောင်မှုက အဆင်ပြေ ချောမွေ့ခဲ့သည်။
 
 
"မဆိုးပါဘူး ဒီမင်းသမီးက မဆိုးပါဘူး..."
 
 
"ကျန်းရိတန့် မလား၊ မဆိုးပါဘူး"
 
 
အပိုင်း(၃၄၇)
 
ပြီး၏။
 
 
 
အပိုင်း(၃၄၈)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Wo Geschichten leben. Entdecke jetzt