Ep 343+344+345

Začít od začátku
                                    

 
ညပိုင်းအချိန်အခါ
 
 
 
ထျန်းနင်က မို့ထင်ကို ဖုန်းခေါ်လိုက်သည်။ သူမ၏ စိတ်ကူးကို သူ့ယောက်ျား သိအောင် ပြောပြချင်မိသည်။
 
 
"ယောက်ျား၊ ချစ်လေး ရိုက်ကူးရမယ် ဇာတ်ဝင်ခန်းတွေလည်း ပြီးခါနီးပေမဲ့ အစ်ကိုရှန် ရိုက်ကူးရမယ် အပိုင်းတွေက အများကြီး ကျန်သေးတယ်။ စာအုပ်တရားဝင် ရောင်းချဖို့လည်း ၂ပတ်လိုသေးတယ်။ လက်တလောဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ Pre order ကောက်ရင် မကောင်းဘူးလား"
 
"ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း အတိုအထွာလေးတွေကို မီဒီယာအကူအညီနဲ့ ဖြန့်ဝေပြီး စာအုပ်ကိုတော့ မဖြန့်ဝေခင် ကြိုရောင်းချပေးမယ်။ ငွေကြေးက အဓိက မဟုတ်ပေမဲ့ ဇာတ်ကားကို လူတိုင်းသိသွားဖို့ပဲ အရေးကြီးတယ်။ ဒါမှ 'Stupid'ရုပ်ရှင်ကို ခိုးကူးလို့ မရမှန်း လူတိုင်း သိသွားမှာလေ"
 
 
"အကြံကောင်းပဲ ကိုယ် သဘောတူတယ်"
 
မို့ထင်က ပြုံးကာရွှင်ကာဖြင့် ခေါင်းညိတ် သဘောတူသည်။
 
"ချစ်လေး ၊ ကိုယ်က ချစ်လေးကို အလိုလိုက် အကြိုက်ဆောင်ပေမဲ့ ချစ်လေးက ကိုယ့်အတွက်ပဲ အမြဲစဉ်းစားပေးတယ်။ တစ်ခါတလေ တကိုယ်ကောင်းဆန်ဖို့တောင် မေ့နေသလား မှတ်ရတယ်"
 
 
"အခုလို ပြဿနာလေးကြောင့် ချစ်လေး အချိန်တိုင်း ဖိအားဝင်နေတာမျိုး ကိုယ် မလိုလားဘူး"
 
 
"ရုပ်ရှင်ရိုက်တာကိုပဲ အာရုံစိုက်နော် ချစ်လေး ။ စီစဉ်စရာ ရှိတဲ့ အလုပ်ကိစ္စ မှန်သမျှကို ဒီနေ့ညပဲ လုချယ်ကို စီစဉ်ခိုင်းထားလိုက်မယ်"
 
 
 
"ဒီနေ့ည ရိုက်ကွင်းကို ကိုယ်လာခဲ့မယ်။ ရိုက်ကွင်းပြီးတာနဲ့ ကိုယ့်ချစ်လေးကို စိတ်ကြိုက် ပြုစုမယ်"
 
 
မို့ထင် စိတ်ကြည်လင်နေ၍ ထျန်းနင်ကို ကျီစယ်နေသည်။
 
သူတို့ နှစ်ဦး လက်ထပ်ထားသည်မှာ ကြာပြီ ဖြစ်သော်လည်း မို့ထင်၏ အပြောကြောင့် ထျန်းနင် ယခုထိတိုင် ရှက်သွေးဖြာနေသည်။
 
 
သူတို့နှစ်ဦးသား စကားပြောဆိုပြီးနောက် မို့ထင်က ဖုန်းချလိုက်သည်။ ထိုစဉ် လုချယ်က ပြုံးနေသည်။
 
"သူဌေးကတော်က တကယ့်ကို စမတ်ကျတယ်။ ဒါပေမဲ့ သူဌေး ခိုင်းထားသမျှ ကျွန်တော် အကုန်လုပ်ပြီးပြီ"
 
"ထျန်းနင်ကို မပြောနဲ့"
 
မို့ထင်က ခေါင်းကို မော့လိုက်ပြီး လုချယ်ကို ခြိမ်းခြောက်ဟန် ကြည့်လာသည်။
 
လုချယ်က အရှုံးပေးဟန် လက်နှစ်ဖက်ကို မြှောက်သည်။
 
"ကျွန်တော်မျိုးကြီး ဘာမှ မလုပ်ရဲပါဘူး"
 
...
 
 
"Stupid ရုပ်ရှင်ဇာတ်ကားရဲ့ စာအုပ်ထွက်မယ်လို့ သတင်းကြားထားတယ်။ နင်တို့ရော သတင်းကြားသေးလား"
 
 
 
"ငါလည်း သတင်းကြားမိတယ်။ အစ်ကိုရှန် အွန်လိုင်းပေါ်မှာ ဓာတ်ပုံတင် ထားတယ်လေ"
 
 
 
"ဒါပေမဲ့ ဘယ်နေရာမှာ ဝယ်လို့ရလဲ ခုထိ မသိရသေးဘူး"
 
 
"Stupid ရုပ်ရှင်ရဲ့ စာရေးဆရာကို တကယ် လေးစားမိတယ်။ ဇာတ်လမ်းအစမှာတည်းက အဓိကဇာတ်ဆောင်မင်းသား ဇာတ်နာတာပဲ။ စွန့်ပစ်ခံရတယ်ဟာ။ ဒါကပဲ ငါတို့ကို ညှို့ယူနိုင်ခဲ့တာလေ။ မင်းသားရဲအဖေကလည်း ရက်စက်လွန်းပါဘိ။ သူ့လုပ်ရပ်ကြောင့် သူ နောင်တရမယ် နေ့ကို မစောင့်နိုင်တော့ဘူးဟာ။ ဘာတွေ ဆက်ဖြစ်မလဲ သိချင်တယ်"
 
 
"ဇာတ်လမ်း အညွှန်းလေးပဲ ကြည့်ရတာ အားမလို အားမရ ဖြစ်တယ်။ ဇာတ်လမ်းတစ်ခုလုံးကို ကြည့်ချင်လှပြီ"
 
 
"Stupid ရုပ်ရှင်ရဲ့ စာရေးဆရာက ဘယ်သူလဲ သိချင်လိုက်တာ"
 
 
 
"အဓိကဇာတ်ဆောင် မင်းသားအနေနဲ့ သရုပ်ဆောင်မယ် အစ်ကိုရှန်ကို မြင်တွေ့ချင်လှပြီ။ အဓိကဇာတ်ဆောင် မင်းသားက အခြေအနေကို ပြောင်းပြန်လှန်ပြီး လက်စားချေသွားတာ တကယ်မိမိုက်နေရောပဲ"
 
 
 
"ထျန်းနင်က ဇာတ်ဆောင်မင်းသမီး အနေနဲ့ သရုပ်ဆောင်လား သိချင်မိတယ်"
 
 
 
ပရိသတ်များက 'Stupid'ဇာတ်ကား၏ စာရေးဆရာကို စပ်စုနေကြ၍ လင်းရှန်ကိုယ်တိုင်ပင် ထျန်းနင်ကို မေးမြန်းလာသည်။
 
 
"ဇာတ်ညွှန်းရေးဆရာကြောင့် ဒီရိုက်ကွင်းကို ရောက်လာတယ်လို့ မင်း ပြောဖူးတယ်နော်။ မင်းက ဇာတ်ညွှန်းရေးဆရာ ဘယ်သူလဲ သိတယ်ဆိုတဲ့ သဘောလား"
 
"ဒါပေါ့ သိတယ်။ ဒါပေမဲ့ ပြောပြလို့မရဘူး။ လျှို့ဝှက်ချက် ဖြစ်နေလို့"
 
 
"ဒါနဲ့ စာအုပ်တစ်အုပ်လုံး ပေးဖတ်လို့ရမလား။ ခဏ ငှားပေးလို့ ရနိုင်မလား"
 
 
 
"ငှားပေးလို့ မရဘူး အစ်ကို ရှန်၊ တရားဝင် pageကနေ သတင်းသစ်တွေ စောင့်ဖတ်ပါ"
 
 
 
" ငါတို့ကို ဖတ်ခွင့် မပေးလည်း ဝတ္ထုတစ်ပုဒ်လုံး ဖတ်ချင်လာအောင် မပြုစားပါနဲ့တော့"
 
လင်းရှန်က သူမကို မကျေမနပ် ကြည့်သည်။
 
ထျန်းနင် ခိုးခိုးခစ်ခစ် ရယ်မောသည်။
 
 
'Stupid'ရုပ်ရှင်၏ ကျော်ကြားမှုသည် အကောင်းဘက်ကိုသာ ဦးတည်ခဲ့ခြင်း မဟုတ်ပေ။ အားနည်းချက်များလည်း ရှိပါသည်။ သာဓကပြရလျှင်
 
 
အမျိုးသမီးဇာတ်ဆောင် နှင့် ပတ်သက်ပြီး သိလိုစိတ်က အထွတ်အထိပ် အခြေအနေ ရောက်ခဲ့သည်။ ရိုက်ကွင်းထဲ ဝင်ရောက်ပြီး ဓာတ်ပုံခိုးရိုက်ရန် ကြိုးစားလာသည်။
 
 
 
'Stupid'ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့သားများက အလွန်အမင်း သိုဝှက်သော်လည်း အရူးအမူးစွဲလန်းသော ပရိသတ်များက ရိုက်ကွင်း တည်နေရာကို မရရအောင် ရှာဖွေနိုင်ခဲ့သည်။
 
 
 
 
ပတ်ဝန်းကျင် အကာအရံ နံရံကို ကျော်လွှားတက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။
 
 
 
ဤပြဿနာကို ဖြေရှင်းရန် မို့ထင်က ဒါရိုက်တာCoqueနှင့် ရိုက်ကူးရေး အချိန်ဇယားညှိယူပြီး ထျန်းနင် ပါဝင်သည့် အပိုင်းကို အရင်ဆုံး အပြီးသတ် ရိုက်ကူးစေသည်။
 
 
ထျန်းနင် ရိုက်ကူးရမည့် ဇာတ်ဝင်ခန်း အများကြီး မကျန်တော့ပေ။ ရိုက်ကွင်း အများစုက အခန်းထဲ ရိုက်ကူးရသည့် ရိုက်ကွင်း ဖြစ်လေ၏။
 
 
ပရိသတ်များက စတူဒီယိုထဲ ဝင်ရောက်ခွင့် မရသော်လည်း ထျန်းနင် တည်းခိုသော ဟိုတယ်အခန်းနံပါတ်ကို စုံစမ်းနေကြသည်။
 
 
ဟိုတယ်ပိုင်ရှင်၏သမီးက စိတ်ပျက်စရာကောင်းသော စပ်စုစိန် အဖွဲ့သား ဖြစ်နေ၍ ထျန်းနင်၏ဟိုတယ်အခန်း နံပါတ်ကို စုံစမ်းကာ အထဲကို တရားမဝင် ဝင်ရောက်သည်။
 
 
[သတင်းထူးဟေ့၊ Female Lead of 'Stupid' ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီး ဘယ်သူလဲ သိရပြီ။ ငါတို့ ထင်တဲ့ အတိုင်းပဲ]
 
 
[အတွင်းသူလျှိုက ထျန်းနင်ရဲ့အခန်းနံပါတ် အသေးစိတ်ကို ထုတ်ဖော်လိုက်တယ်။ ဒါက ထျန်းနင် ရုပ်ရှင်ရိုက်ကူးနေတယ်လို့ သက်သေထူလိုက်တာပဲ ]
 
 
[မော်ဒယ်မက ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ ကြောက်ခမန်းလိလိ သရုပ်ဆောင်ဦးမယ်]
 
 
အတင်းအဖျင်း သတင်းများကို ဖတ်ရှုပြီးနောက် မို့ထင်က ရိုက်ကူးရေးအဖွဲ့သားများကို အထူးဂရုစိုက်ရန် ညွှန်ကြားထားသည်။
 
 
"စောက်ကောင်မ ထျန်းနင်က သရုပ်ဆောင် လုပ်ရတဲ့အထိ ရဲတင်းလှချည်းလား."
 
 
" 'Stupid'ရုပ်ရှင်ကို သွားရိုက်ရတယ်လို့။ မော်ဒယ်ရှိုးလ် မလျှောက်တော့ဘူးလား အဘွားကြီးရေ"
 
 
"မို့ထင်နဲ့ ချစ်သူ ဖြစ်ခွင့် ရသွားလို့ ဘဝင်လေဟပ်သွားပြီ ထင်ပါရဲ့"
 
 
အမုန်းစကားများကို ဖတ်ရှုပြီးနောက် လုံကျဲ စိတ်ဆိုးမာန်ဆိုး ဖုန်းပိတ်ချသည်‌။ ထျန်းနင်ကို ဖျတ်ခနဲ ကြည့်ကာ အကဲခတ်မိသည်။ ထျန်းနင်က ဘာမှ မဖြစ် သကဲ့သို့ ထိုင်ခုံမှာ တိတ်တဆိတ် ထိုင်ကာ သူမ ရိုက်ကူးရေး လုပ်ဆောင်ရမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
 
 
"အဆင်ပြေသွားလိမ့်မယ်။ ပထမဆုံး ရုပ်ရှင် ရိုက်ကူးရတဲ့ လူတိုင်း ဒီလို ကြုံရတာပါပဲ"
 
 
"ငါ့အထင်တော့ စိတ်အခန့်မသင့်တဲ့သူက နင်ပါ"
 
ထျန်းနင် တခစ်ခစ် ရယ်မောသည်။
"ဒီလို ကြုံမယ်ဆိုတာ အရင်တည်းက ကြိုတွေးထားပြီသားပါ။ သူတို့ ဘာပဲပြောပြော ငါကတော့ ဂရုမစိုက်နေဘူး။ ငါ့အလုပ်ငါ ဆက်လုပ်မယ်"
 
"နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ရုပ်ရှင်ထွက်လာတာနဲ့ နင့်ကို ပုတ်ခတ်နေတဲ့သူတွေ ပါးစပ်ပေါက် ပိတ်သွားလိမ့်မယ်"
 
 
"ဒါကို နားလည်ရင်လဲ နင် ဘာလို့ ဒေါသထွက်နေသေးလဲ"
 
ထျန်းနင်က လုံကျဲ၏ဖုန်းကို သိမ်းယူလိုက်သည်။
"လိုင်းပေါ်မှာ သူတို့ထင်ရာ လျှောက်ရေးထားတဲ့ စာတွေ မဖတ်နဲ့တော့။ နင့်စိတ်ကို နောက်ကျိစေတယ်"
 
"ထျန်းနင်..."
 
 
"အခုအချိန်မှာ ငါ လုပ်ရမှာက သည်းခံဖို့ပဲ။ သူတို့တွေ ငါ့ကို သံသယဝင်လေလေ သူတို့ ယူဆချက် မှားတယ် ဆိုတာ သက်သေပြဖို့ ပိုအလုပ်ကြိုးစားရမယ်"
 
ထိုစကားကို ပြောပြီးနောက် ဒါရိုက်တာက သူမ၏နာမည် လှမ်းခေါ်လိုက်သည့် အသံကို ထျန်းနင် ကြားခဲ့သည်။ နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခန်း ရိုက်ကူးရမည့် အချိန် ဖြစ်သည်။
 
တကယ်တမ်း ထျန်းနင်က ပြစ်တင်ခံရသော အပြုအမူများနှင့် နေသားတကျ ဖြစ်နေပါပြီ။ သို့သော်လည်း သူတို့က 'Stupid'ရုပ်ရှင်ကို မည်သည့်အကြောင်းကြောင့် ရှုတ်ချနေသနည်း။ ရုပ်ရှင်ဇာတ်ကား၏ဇာတ်ညွှန်းရေးဆရာကို အပြစ်ပြောမည်ကို တွေးတောနေမိ၍ ရိုက်ကူးရေးတွင် အမှားခဏခဏ လုပ်မိသည်။
 
 
"ထျန်းနင်၊ မင်း ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ စိတ်တွေ ပျံ့လွင့်နေသလိုပဲ"
 
ဒါရိုက်တာCoqueက ကင်မရာ နောက်ကွယ်မှာ မတ်တတ်ထရပ်ကာ မေးမြန်းလိုက်သည်။
"မင်း နေမကောင်းလို့လား"
 
"ဘာမှ မဖြစ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ် ဒါရိုက်တာ။ အလုပ်ဆက်လုပ်ပါမယ်..."
 
 
အားလပ်ချိန် မရ တစ်ချိန်လုံး ရိုက်ကူးနေရ၍ ထျန်းနင်က ဇာတ်ကောင်စရိုက်ကို အသက်မသွင်း နိုင်တော့ပေ။
 
 
ထိုစဉ် သတင်းထောက် နှစ်ဦးက ညောင်ပင်‌ကြားမှာ ပုန်းကွယ်ကာ ဓာတ်ပုံခိုးရိုက်နေသည်။
 
 
"ဒီလောက် သရုပ်ဆောင်အဆင့်နဲ့ ဆိုရင် ငါတောင် သူ့ထက်ကောင်းအောင် သရုပ်ဆောင်နိုင်တယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ ထျန်းနင်ထက် အရည်အချင်းရှိတဲ့ သရုပ်ဆောင်မင်းသမီးတွေ ရှိရဲ့သားနဲ့ ဘာကြောင့်များ ထျန်းနင်ကို ရွေးချယ်ရလဲ ။ ငါ နားမလည်နိုင်ဘူး"
 
 
"သူ့မှာက မို့ထင်ရှိတယ်လေ၊ နင့်မှာက ရှိလို့လား။ ထျန်းနင် အမှားလုပ်လဲ ပြောရဲတဲ့သူ ရှိလား။ ငါတို့သာ ထျန်းနင် မကောင်းကြောင်း ရေးမိရင် ဘဝပျက်ပြီသာ မှတ်လိုက်တော့"
 
 
သိပ်မကြာလိုက် မို့ထင် ရိုက်ကွင်း ရောက်လာသည်။ ထျန်းနင်က ရိုက်ကူးရေးမှာ အမှားခဏခဏ ကျူးလွန်ခဲ့၍ မို့ထင် အံ့အားသင့်မိသည်။ ထို့ကြောင့် သူမအနား လမ်းလျှောက်သွားပြီး သူမကို ဘေးနား ဆွဲခေါ်ကာ
 
"ဘာဖြစ်လို့လဲ"
 
***
 
အပိုင်း(၃၄၅)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Kde žijí příběhy. Začni objevovat