အပိုင်း(၃၃၈)

 
ထျန်းနင်က ဖုန်းမချခင် အင်းခနဲ အသံထွက်ကာ သဘောတူလိုက်ပြီး သူမ ပါဝင်သည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ထိုစဉ် သူမ၏မိုဘိုင်းလ်ဖုန်းထဲမှ သူမ  ရှိုးလ်လျှောက်ထားသော မှတ်တမ်း ဗီဒီယိုကို ဖွင့်ကြည့်သည်။
 
 
လုံကျဲက သူမဘေးနားထိုင်ကာ လုချယ်နှင့် စာပို့နေသည်။ ထျန်းနင်က ဖက်ရှင်ပွဲတော် သတင်းဖတ်ရှုနေသည်ကို မြင်တွေ့ရသောအခါ လုံကျဲ စိတ်မကောင်း ဖြစ်မိသည်။
 
 
'Stupid'ရုပ်ရှင် ရိုက်ကူးရန် မရွေးချယ်ခဲ့လျှင် ထျန်းနင်က ‌ဖက်ရှင်ပွဲတော်၌ ရေပန်းစားနိုင်သည်။ ဖက်ရှင်ပွဲတော် ရလဒ်ဖြင့် Victoria'Secret ဖက်ရှင်ပွဲ၌ ပါဝင်ရန် မခက်ခဲတော့ပေ။
 
 
လုံကျဲက ထျန်းနင်၏ဓာတ်ပုံကို ခိုးရိုက်ရန် ဆုံးဖြတ်ပြီး မို့ထင်ထံ ပို့ပေးသည်။
 
"သူဌေး၊ ရှင် အရမ်းကို အကြင်နာ ကင်းမဲ့လွန်းတယ်"
 
မို့ထင်က ဓာတ်ပုံကို မြင်မြင်ချင်း သူ့နှလုံးသားကို အပ်ဖြင့် ထိုးနှက်နေသကဲ့သို့ နာကျင်ရသော်လည်း ပြန်စာ မပို့ခဲ့ချေ။ ဤဖြစ်ရပ်က သူ နှင့် ထျန်းနင် ဖြေရှင်းသင့်သည်။
 
 
သူမ၏မော်ဒယ်လုပ်ငန်းကို အမှန်တကယ် စွန့်လွှတ်ခိုင်းသည် အထိ ရက်စက်နိုင်မည်နည်း။
 
 
မို့ထင်က ရိုက်ကွင်းလာလည်နေကျ ဖြစ်၍ ရိုက်ကူးရေးအဖွဲ့သားများက မို့ထင် ရောက်လာခြင်းကို မအံ့ဩတော့ပေ။
 
 
"မင်္ဂလာပါ မို့သူဌေး၊ ထျန်းနင် နားနေခန်းထဲမှာပါ"
 
 
ဝန်ထမ်းပြောလိုက်သော စကားကို ကြားကြားချင်း မို့ထင်က နားနေခန်းဘက် ချက်ချင်း လမ်းလျှောက်လာသည်။
 
 
မိတ်ကပ်ပညာရှင်က ထျန်းနင်၏ခန္ဓာကိုယ်ပေါ်မှာ အချစ်သင်္ကေတများနှင့် ပွန်းပဲ့ဒဏ်ရာများ ပေါ်လွင်အောင် မိတ်ကပ်လိမ်းခြယ်ပေးနေသည်။ ယနေ့ ရိုက်ကူးမည့် ရိုက်ကွင်းက အတူနေသည့် ရိုက်ကွင်းမှန်း မို့ထင် တန်းသိသည်။
 
 
ထျန်းနင် ခေါင်းမော့လိုက်စဉ် မို့ထင် အခန်းထဲ ဝင်လာမှန်း မြင်လိုက်သည်။ သူမ၏နောက်ကျောပြင်ကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း မို့ထင်က သူမကို ဟန့်တားသည်။
 
"ကိုယ် မြင်ပြီးပြီ"
 
"အိပ်တဲ့အခန်း ရိုက်ကူးဖို့ ပြင်ဆင်နေတာပါ"
 
ထျန်းနင်က အားတုံ့အားနာ ရှင်းပြသည်။
 
မို့ထင်က သူမ၏နောက်မှာ မတ်တတ်ရပ်နေပြီး သူမ၏နားစည် အနား ကပ်ကာ တိုးတိုးလေး စကားပြောသည်။
 
"ကိုယ်တောင် မင်းခန္ဓာကိုယ်ပေါ်မှာ ဒီလို အမှတ်အသားမျိုးမချန်ခဲ့ဖူးဘူး။ ဒီလိုတွေ မြင်ရတော့ ကိုယ် သဝန်တိုမိတယ်"
 
"မို့သူဌေး၊ ကျွန်တော်တို့တွေ ပိုအသက်ဝင်တဲ့ Effectမျိုး သုံးရင် မကောင်းဘူးလား။ အဲဒါဆို ပိုအဆင်ပြေလောက်တယ်"
 
မိတ်ကပ်ပညာရှင်က အရဲကိုးကာ အကြံပေးသည်။
 
"ဒါက အကြံကောင်းပါ့မလား"
 
ထျန်းနင်၏ပါးမို့မို့လေးက အနီရောင်သန်းနေသည်။
 
"ခဏလောက် အပြင်ထွက်ပေးကြပါ"
 
မို့ထင်က တည့်တည့်မတ်မတ် မတ်တတ်ရပ်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ မိတ်ကပ်ပညာရှင် အပြင်ထွက်သွားပြီးနောက် ထျန်းနင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ စကားပြောလေ၏။
"ချစ်လေးရဲ့ခန္ဓာကိုယ်ပေါ်က ချစ်သင်္ကေတတွေကို ကိုယ်ပဲ ဖန်တီးပေးမယ်"
ထိုစကားကိုပြောပြီးနောက်  ထိုင်ခုံတစ်ခုံပေါ် ထိုင်လိုက်ပြီး ထျန်းနင်ကို သူ့ပေါင်ပေါ် ထိုင်စေသည်။
 
ထျန်းနင် အံ့အားသင့်မိ၍ ပင့်သက်ရှိုက်လိုက်သည်။
 
ထိုစဉ် မို့ထင်က ထျန်းနင်၏ကျောကုန်းကို စုပ်ကာ နမ်းလိုက်သည်။
 
သူ့ဖန်တီးမှုကို ကျေနပ်သွားပြီးနောက် ထျန်းနင်၏ခန္ဓာကိုယ်ကို ရှပ်အင်္ကျီ ခြုံလွှမ်းပေးပြီး သူမကို ဖက်ထားသည်။
 
"ဒီနေရာမှာ ခဏလေး တိတ်တိတ် ဆိတ်ဆိတ်နေ၊ မလှုပ်နဲ့နော်၊ ဒီလိုမှ မဟုတ်ရင် ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့ ခက်ခဲနေမယ်"
 
ထျန်းနင်က မို့ထင်၏ ခန္ဓာကိုယ်ကို မှီကာ ရှက်သွေးဖြာ နေသည်။
 
"အင်းပါ"
 
"ဖက်ရှင်ပွဲတော်ကို မတက်ရလို့ ချစ်လေး နောင်တ ရနေလား"
 
မို့ထင်က ထျန်းနင်၏ဦးခေါင်းပေါ် မေးဖျားလေးတင်ကာ ချိုသာစွာ မေးမြန်းသည်။
 
"နည်းနည်းလေး နောင်တ ရတာပေါ့"
 
မို့ထင်က သူမ၏ ခံစားချက်ကို အရမ်းကြီး အလေးထားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိ၍ ရိုးသားစွာ ဖွင့်ဟခဲ့သည်။
 
"စူပါစတားတစ်ယောက်ကို လဲကျခွင့်ပြုမယ်လို့ တွေးနေသလား"
 
မို့ထင် ပြုံးနေမိသည်။
"ငါ့မိန်းကလေးကို အကျိုးမဲ့ မစတေးစေရဘူး"
 
"ဒါကို စတေးတယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
 
ထျန်းနင်က လေးနက်သောလေသံဖြင့် တုံ့ပြန်သည်။
 
သူတို့စုံတွဲလေးက အချိန်အကြာကြီး ချစ်ခင်ကြင်နာစွာ ထွေးဖက်ထားခဲ့သည်။ ထို့နောက် မိတ်ကပ်ပညာရှင် ပြန်ရောက်လာပြီး ထျန်းနင်၏ခန္ဓာကိုယ်ပေါ်မှ အမှတ်သားရာများကို မြင်တွေ့ပြီး သူ့အလုပ်သူ ဆက်လုပ်ရန် မလိုအပ်ကြောင်း သဘောပေါက်လိုက်သည်။
 
 
ယနေ့ည အတူအိပ်သည့်ရိုက်ကွင်း စတင်ခဲ့ပြီး မို့ထင်က ရိုက်ကွင်းမှာ မိန့်မိန့်ကြီး ထိုင်နေသည်။
 
 
ရေခဲတမျှ အေးစက်သော မို့ထင်၏ မျက်နှာထားကြောင့် ထျန်းနင်နှင့် အတူတူ တွဲသရုပ်ဆောင်ရသည့် သရုပ်ဆောင်မင်းသား ဇောချွေးပြန်နေ၍ အကြိမ်ကြိမ် အမှားလုပ်မိသည်။ ဖျော်ဖြေရေးလောက ဧကရာဇ်၏ အမျိုးသမီးကို နမ်းမိလျှင် ပြဿနာကို မီးခွက်ထွန်းရှာ သကဲ့သို့ ဖြစ်လိမ့်မည်။
 
 
ကြံရာ မရသည့်အဆုံး သူလည်း ဒါရိုက်တာကို တောင်းဆိုခဲ့သည်။
 
"ဒီနမ်းတဲ့ အခန်းကိုလေ အစစ်အမှန်နဲ့ တူအောင် ကင်မရာကိုပဲ ကြည့်ပြီး ရှူထောင့်ပြောင်းရိုက်လို့ ရမလား"
 
Coqueက မို့ထင်ကို ကြည့်ကာ ခေါင်းညိတ်ပြသည်။
 
"ရပါတယ် အဆင်သင့်ပြင်ထား"
 
ထျန်းနင်မှာ မို့ထင်၏ အပြုအမူကြောင့် ရယ်ချင်စိတ်ကို ထိန်းချုပ် မရပေ။ အထင်ကရ ကျော်ကြားသောမို့ထင်က ဝမ်းတွင်းမည်း မင်းသားအဖြစ် ပြောင်းလဲသွားခဲ့လျှင် ရင်ဆိုင်ရ ခက်ခဲသွားသည်။
 
 
နောက်ဆုံးတော့ အတူနေသည့်ရိုက်ကွင်းက တည်းဖြတ်အဖွဲ့၏ ဖန်တီးနိုင်စွမ်းကိုသာ အားကိုးရလိမ့်မည်။ လူတိုင်းကို အံ့အားသင့်စေသော အဖြစ်အပျက်က ထျန်းနင်၏ခန္ဓာကိုယ် ပေါ်မှ အချစ်သင်္ကေတများ ဖြစ်သည်။
 
 
ရုပ်ရှင်ရိုက်ကူးရေး တစ်ဖွဲ့သားလုံးက မိတ်ကပ်ပညာရှင်၏ အရည်အချင်း တိုးတက်လာခြင်းကို ချီးမွမ်းကြသည်။
 
 
သို့သော်လည်း မိတ်ကပ်ပညာရှင်က သူတို့အားလုံးကို ကူကယ်ရာမဲ့ ငေးကြည့်ရုံသာ တက်နိုင်သည်။ အမှန်တရားကို ဖွင့်ဟပြောဆိုချင်စိတ် ဖြစ်ပေါ်မိသည်။
 
 
သို့တိုင် မို့သူဌေးက ရိုက်ကွင်းမှာ ရှိနေသေး၍ အသံမထွက်ရဲပေ။
 
 
ရုပ်ရှင်အပြီးသတ် ရိုက်ကူးပြီးနောက် ထျန်းနင် နှင့် မို့ထင်တို့ ဟိုတယ်ပြန်လာခဲ့သည်။ ထျန်းနင်ကို စကားပြောခွင့် မရခင် ထျန်းနင် ရေမိုးချိုး ပြီးစီးချိန်ကို ထိုင်စောင့်သည်။
 
 
"၂ရက်ကြာရင် ယွီဖန် မင်္ဂလာဆောင် ရှိတယ်။ ချစ်လေးအတွက် အားလပ်ရက် တစ်ရက် ယူထားတယ်"
 
 
ယွီဖန်က ဂီတလောကမှာ ကျော်ကြားသူ ဖြစ်ပြီး သူ့ချစ်သူကောင်မလေးနှင့် ချစ်သူဘဝ ဖြတ်သန်းခဲ့သည်မှာ ၁၀စု နှစ်ကျော် ကြာညောင်းခဲ့သည်။ နောက်ဆုံးတော့ သူတို့စုံတွဲလေး လက်ထပ်ကြတော့မည်။ဖျော်ဖြေရေး လောကသားများအတွက် ယွီဖန်၏မင်္ဂလာဆောင်က ပွဲကြီးပွဲကောင်း ဖြစ်လိမ့်မည်။
 
 
"ဒါပေမဲ့ အဲဒီမင်္ဂလာပွဲကို တက်မိရင် သတင်းထောက်အားလုံးက ဖက်ရှင်ပွဲတော် ဝင်မနွှဲတဲ့ သတင်းပဲ မေးလိမ့်မယ်"
 
 
ထျန်းနင်က စိုးရိမ်တကြီး ပြောဆိုသည်။
 
 
မို့ထင်က သူ့လက်ကို ဆန့်လိုက်ပြီး ထျန်းနင်ကို သူ့အနား ဆွဲခေါ်သည်။ သူမ၏ မျက်ဝန်းများကို ငေးမောကြည့်ကာ ပြန်ပြောသည်။
 
"စိတ်မပူနဲ့၊ မင်းဘက်မှာ မင်းရဲ့ယောက်ျား တစ်ယောက်လုံး ရှိတယ်။ အဆင်ပြေသွားလိမ့်မယ်"
 
"ဒါဆိုရင် ချစ်လေး စိတ်အေးမယ်နော်။ ယောက်ျားကို ပုံအောထားလိုက်မယ်"
 
 
...
 
 
အာရှမော်ဒယ်အသစ်လေးက ဖက်ရှင်ပွဲတော်မှာ ကျော်ကြားခဲ့၍ အနောက်တိုင်း နှင့် အရှေ့တိုင်း ဈေးကွက်တွင် လူအများစု၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူမက ချန်းထျန်းဖျော်ဖြေရေး၏ မော်ဒယ် ဖြစ်သည်။
 
 
လန်ရှီက ခက်ခဲလွန်းသော အခြေအနေမှ လွတ်မြောက်နိုင်ခဲ့ပြီး မှန်ကန်သော လမ်းကို လျှောက်လှမ်းလာသည်။
 
 
 
သို့သော်လည်း မော်ဒယ်လောကသားများက ထျန်းနင်ကိုသာ လွမ်းမောနေသည်။ ထျန်းနင်က နိုင်ငံတကာ အဆင့်မီ စူပါမော်ဒယ် ဖြစ်ခွင့်ကို အလွယ်တကူ ဆုံးရှုံးခံခဲ့ပြီး တက်သစ်စ မော်ဒယ်လေးက ထျန်းနင်၏ ဖြစ်တည်မှုကို ခြိမ်းခြောက်လာနိုင်သည်။ သို့တိုင် သတင်းသမားများက သတင်းဖန်တီးရန် ထျန်းနင် နှင့် တက်သစ်စ မော်ဒယ်လေးကို နှိုင်းယှဉ်လာသည်။
 
 
 
ပရိသတ်များက စိုးရိမ်စပျိုးလာ၍ မို့ထင်၏ လူမှု့ကွန်ယက်အကောင့်ကို သွားကာ စာချန်ကြသည်။
 
 
[ထျန်းနင် ဘယ်ရောက်နေလဲ]
 
 
[ထျန်းနင် သရုပ်ဆောင်နေတာလား]
 
 
[ဘာလို့ ငါတို့ သိချင်တဲ့ မေးခွန်းကို မဖြေတာလဲ]
 
 
[လူသစ်က ထျန်းနင်ရဲ့တက်လမ်းကို ပိတ်နေပြီ]
 
 
ထျန်းနင်က အတင်းအဖျင်း သတင်းများကို ဖတ်ရှုပြီးနောက် စိတ်ရှုပ်ထွေးလာသည်။ ဖျော်ဖြေရေးလောကတွင် လူသစ်ပေါ်ပေါက်လာခြင်းက မဆန်းကြယ်ပေ။ မည်သည့်အကြောင်းကြောင့် သတင်းထောက်များက သူမအတွက် စိုးရိမ်ပူပန်နေသနည်း။
 
 
"အဲဒီသုံးစားမရတဲ့ စာတွေ မဖတ်နဲ့တော့၊ သူဌေးက နင့်ကို ဖွက်ထားတာ အကြောင်းအရင်း ရှိမှာပါ။ သူ့တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်ကြောင့်တော့ နင့်ဝါသနာကို မဖျက်စီးပါဘူး"
 
လုံကျဲက သရေစာမုန့်များကို စားသောက်ကာ စကားပြောနေသည်။
 
"ဒါပေမဲ အဲဒီလူသစ်လေးက ဖန်ယွီမင်္ဂလာပွဲကို တက်ရောက်မယ်လို့ သတင်းကြားထားတယ်။ လန်ရှီနဲ့ နင် ထိပ်တိုက်တွေ့တော့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ကြုံဆုံရမှာပေါ့။ အဲဒီလန်ရှီက မို့သူဌေးကို ကျိတ်ကြွေဖူးတော့ သူ့အဆင့်သူ သိသွားအောင် လုပ်ပေးလိုက်နော် ထျန်းနင်"
 
 
"ဒီအကြံက အကောင်းဆုံးပဲ"
 
 
"စိတ်မပူနဲ့ အဲဒီပွဲမှာ နင်က အလင်းလက်ဆုံး ဖြစ်မှာပဲ"
 
 
***
 
 
 
 
 
အပိုင်း(၃၃၉)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now