'Stupid'ရုပ်ရှင် ရိုက်ကူးရန်အတွက် Fearles၏ဝတ်စုံဒီဇိုင်းကို အသုံးပြုရန် ရည်ရွယ်ထား၍ ထျန်းနင် ကိုယ်တိုင်းဖြင့် ဝတ်စုံဒီဇိုင်း ဖန်တီးရလိမ့်မည်။ ဝတ်စုံဒီဇိုင်း နှင့် ကြော်ငြာအတွက် အနည်းဆုံး လဝက်လောက် ကြာနိုင်သည်။
 
 
ထျန်းနင်၏ခန္ဓာကိုယ် ကိုယ်တိုင်းကို မှတ်တမ်းယူနေစဉ် မို့ထင်က ဘေးမှာ ထိုင်နေပြီး Fearlesနှင့်အတူတူ ကော်ဖီသောက်နေသည်။
 
 
Fearlesက မို့ထင်ကို သူသိချင်သည့် မေးခွန်း မမေးခင် ထျန်းနင်ကို တစ်ချက် လှည့်ကြည့်သည်။
 
"ခေါင်းဆောင်မင်းသမီး ရွေးချယ်ပြီးပြီလား"
 
"ကျွန်တော်တို့တွေ အခုအထိ လူရွေးတုန်းပါ"
 
မို့ထင် ပြန်ဖြေသည်။
"သူက ဇာတ်လမ်းထဲ သိပ်မပါပေမဲ့လည်း အရေးပါတဲ့ဇာတ်ကောင်ပဲလေ"
 
"မင်းရဲ့ချစ်ဇနီးချောလေးကို မတွေးမိဘူးလား"
 
Fearlesက ထျန်းနင်ကို မေးငေါ့ကာ ညွှန်ပြသည်။
"မင်းက ဒီမိန်းကလေးကို ရုပ်ရှင်ရိုက်ကူးရေးဘက် မကူးပြောင်းစေချင်လို့လား။ ဒါက အခွင့်အရေးကောင်းနော်"
 
မို့ထင်က ခေါင်းမော့လိုက်ပြီး ထျန်းနင်ကို ကြည့်သည်။ သူက စကားတစ်ခွန်းမျှ မပြောသော်လည်း Fearlesကို ဟန်ပါပါ ပြုံးပြသည်။
 
 
"ဆောင်ဦး နဲ့ ဆောင်းရာသီ ဖက်ရှင်ပွဲတော် စတော့မယ်လေ။ ထျန်းနင်ရဲ့လုပ်ငန်း ကျွမ်းကျင်မှုရယ် ခြေတံသွယ်လေးရယ်နဲ့ ဆိုရင်တော့ ကမ္ဘာကျော်ဖြစ်လာဖို့ အချိန်ပဲ လိုအပ်တာပါ။ ထျန်းနင် အဲဒီအခြေအနေ ရောက်သွားရင် သူ စိတ်ဝင်စားတဲ့ တခြားအလုပ်တွေ ရှိလာနိုင်ပါတယ်။ မော်ဒယ်ရှိုးလ်လျှောက်တာနဲ့ ရုပ်ရှင်ရိုက်ကူးတာက ခြားနားတဲ့ အလုပ်ပါ"
 
 
"ထျန်းနင်က တစ်လှမ်းချင်း တစ်ဆင့်ချင်း ကြိုးစားရတာကို သဘောကျတယ်"
 
 
သူမ၏ကိုယ်တိုင်းကို ရယူပြီးနောက် ထျန်းနင်က မို့ထင်၏ဘေးနား ပြန်လာပြီး သူတို့နှစ်ယောက်ကို အကဲခတ်ကြည့်ရှုသည်။
 
"ထျန်းနင် အကြောင်း ပြောနေကြတာလား"
 
"ကိုယ်တို့တွေ မင်းအကြောင်း ပြောနေမှန်း ဘယ်လိုသိလဲ"
 
မို့ထင်က စိတ်ဝင်တစား ခေါင်းမော့သည်။
 
"ဘာလို့ဆို ရှင့်အကြည့်က ချစ်လေးရဲ့ခန္ဓာကိုယ်ပေါ်က မခွာလို့လေ"
 
ထျန်းနင် ပြန်ဖြေသည်။
 
"ကိုယ့်မျက်ဝန်းအကြည့်က အမြဲတမ်း မင်းစီမှာပဲ တဝဲလည်လည် ရှိတာပါနော်"
 
ထိုစကားကိုပြောပြီးနောက် မို့ထင်က ထျန်းနင်နှင့်အတူတူ မထွက်သွားခင် Fearles နှင့် လက်ဆွဲနှုတ်ဆက်သည်။
 
သို့သော်လည်း သူတို့မထွက်သွားခင် Fearlesက လက်ပိုက်ဟန် အနေအထားဖြင့် တံခါးပေါက်ကို မှီကာ မို့ထင်ကို သတိပေးလိုက်သည်။
 
"မင်း သေချာ စဉ်းစားသင့်တယ်နော်"
 
မို့ထင်က ထျန်းနင်နှင့်အတူတူ မထွက်သွားခင် မဲ့ပြုံးပြုံးလိုက်သည်။
 
 
"ဒီညပဲ ပေကျင်းကို ပြန်ဖို့ လေယာဉ်လက်မှတ်ဝယ်ထားတယ်။ ကိုယ်တို့ အဓိက ရိုက်ကူးမယ် ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့ ဖက်ရှင်ပွဲတော်အတွက် ပွဲပေးအခမ်းအနားကို မနက်ဖြန် တက်ရောက်ပေးရမယ်။ အချိန်ဇယားအတိုင်း အလုပ်ဆက်လုပ်ဖို့ အချိန်ခွဲဝေထားရတယ်"
 
 
"စောစောတုန်းက Fearlesက ဘာကိုစဉ်းစားဖို့ ပြောတာလဲ"
 
ထျန်းနင်က သူတို့နှစ်ယောက်၏ လျှို့ဝှက်ဆန်းကြယ်သော စကားဝိုင်းကို မမေ့လျော့ပါ။
 
"နောက်မှပဲ ပြောကြတာပေါ့"
 
မို့ထင်က ထျန်းနင်ကို ချစ်မြတ်နိုးသော အကြည့်ဖြင့် ကြည့်သည်။
"ကိုယ်တို့တွေ နေ့လည်ခင်း အချိန်ပိုလေး ရတယ်။ ပဲရစ်မြို့ လမ်းမပေါ်မှာ လမ်းလျှောက်ရအောင်ကွယ်။ နှစ်ယောက်အတူတူ လက်တွဲပြီး လျှောက်မလည်ရတာ ကြာပြီ"
 
"ဖြစ်ပါ့မလား။ လက်တွဲ လမ်းလျှောက်လို့ ဖြစ်ပါ့မလား"
 
 
"ချစ်လေး အဲလိုလေး ကြည်နူးချင်တာမလား"
 
မို့ထင်က ထျန်းနင်၏နှာဖျားလေးကို တို့ထိလိုက်ပြီး ချစ်မြတ်နိုးစွာ ပြုံးပြသည်။ ထျန်းနင်က စိတ်ကျေနပ်လွယ်သော မိန်းကလေး ဖြစ်သည်။ ရိုးရှင်းသော အပြုအမူလေးက သူမကို အချိန်အတော်ကြာအောင် ပျော်ရွှင်စေသည်။
 
ဟိုတယ်ကို ပြန်ရောက်လာပြီးနောက် လုချယ်က သူ့တာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ပြီး မို့ထင်ဘေးနား ပြန်ရောက်လာသည်။ သို့သော်လည်း လုချယ်၏မျက်နှာအမူအရာက မို့ထင်တို့ကို မြင်သောအခါ အလွန်အမင်း ခက်ထန်နေသည်။
 
 
ထျန်းနင်၏အာရုံခံစားနိုင်စွမ်းအရ လုချယ်က မို့ထင်နှင့် အလုပ်ကိစ္စ ဆွေးနွေးစရာ ရှိနိုင်သည်။ ထို့ကြောင့်လည်း မို့ထင်၏လက်ကို လွှတ်လိုက်ပြီး ကမ်းလှမ်းသည်။
 
"ထင် အလုပ်ကိစ္စ အရင်လုပ်လိုက်ပါ။ ကျွန်မ တစ်ယောက်တည်းပဲ ဒီအနီးအနားကို လမ်းပတ်လျှောက်လိုက်မယ်"
 
"မဒမ်၊ လုံကျဲက ကျွန်တော့်ကို လက်ဆောင်တွေ မှာလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်က အတု အစစ် မခွဲခြားတတ်ဘူး"
 
လုချယ်က သူ့အိတ်ကပ်ထဲမှ ဈေးဝယ်စာရင်းကို ထုတ်လိုက်သည်။
 
လုံကျဲအကြောင်းပြောလိုက်မှ ပေကျင်းမှ ထွက်မလာခင် လုံကျဲနှင့် သူမတို့ ပြောခဲ့ဖူးသည့် အကြောင်းအရာကို သတိရသွားသည်။ ထို့ကြောင့်လည်း လုချယ်လက်ထဲမှ ဈေးဝယ်စာရင်းကို ယူလိုက်ပြီး အာမခံလိုက်သည်။
 
"ငါ့တာဝန်ထားလိုက်တော့။ ငါ သွားဝယ်ပေးမယ်"
 
မို့ထင်က ထျန်းနင်၏လက်ကို ကိုင်ထားပြီး အားတုံ့အားနာ ကြည့်နေသည်။
 
"ကိုယ် မင်းကို အဖော်ပြုပေးမယ်လို့ ကတိပေးခဲ့တယ်"
 
"စိတ်မပူပါနဲ့။ မိန်းမက ယောက်ျားထက် ပြင်သစ်နယ်မြေကို ပိုကျွမ်းကျင်ပါတယ်။ မိန်းမ လမ်းမပျောက်ပါဘူး"
 
ထျန်းနင်က ချော့ချော့မော့မော့ ပြောသည်။
"အရေးမပါတဲ့ အလုပ်ကိစ္စဆိုရင် ယောက်ျားက ဘေးချိတ်ထားမယ်မှန်း မိန်းမ သိပါတယ်။ ဒါကြောင့် မြန်မြန် အလုပ်သွားလုပ်တော့"
 
"ဒါဆိုရင် ဒီအနီးအနားမှာပဲ နေနော်။ ဝေးဝေး လျှောက်မသွားနဲ့"
 
 
"ဟုတ်ပါပြီ"
 
ထျန်းနင် ခေါင်းညိတ်ပြသည်။
 
မို့ထင်က ယခုထိတိုင် စိတ်မချသေးပါ။ ထို့ကြောင့်လည်း သက်တော်စောင့် နှစ်ယောက် လွှတ်ပေးရန် ဟိုတယ်ကို တောင်းဆိုလိုက်ပြီး ထျန်းနင် နောက်ကို လိုက်ပါစေသည်။
 
 
မို့ထင်၏အမြင်အာရုံမှ မဝေးကွာသွားစေရန် အလို့ငှာ ထျန်းနင်က အနီးအနား လမ်းလျှောက်သည်။ နောက်ဆုံးတော့ ကော်ဖီဆိုင်လေးမှာ အခြေချလိုက်သည်။
 
 
ကော်ဖီဆိုင်မှာ အချိန်အတော်ကြာ ထိုင်ပြီးနောက် ထျန်းနင်က နေရာမှထကာ ဟိုတယ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမ မတ်တတ်ထရပ်လိုက်စဉ် တစ်စုံတစ်ယောက်က သူမကို သတိထားမိသွားပြီး သူမနောက် တကောက်ကောက် လိုက်လာသည်။
 
 
ထျန်းနင်က မရပ်တန့်လိုက်ပါ။ ပုံမှန်အတိုင်း ဟ်ိုတယ်ကို ပြန်လာခဲ့သည်။ မို့ထင် နှင့် လုချယ်တို့ အလုပ်ရှုပ်နေသေးမှန်း မြင်၍ သူမက တိတ်တဆိတ် ထိုင်ကာ ရုပ်ရှင်ကြည့်နေလိုက်သည်။
 
 
သူမနောက်ကို လိုက်လာသူက သာမန် လမ်းသွားလမ်းလာ မဟုတ်ပါ။ ချွမ်ရဲ့လွှတ်ထားသူ ဖြစ်ပြီး ထိုလူက  ဟိုတယ်အပြင်ဘက်မှာ စခန်းချပြီး သူမကို စောင့်ကြည့်နေသည်။ ထျန်းနင် နောက်လိုက်နေသော သက်တော်စောင့် နှစ်ယောက်ရှိမှန်း သတိထားမိ၍ ထိုလူက သက်တော်စောင့်များကို သတိထား ရှောင်တိမ်းသည်။
 
 
သူက ထျန်းနင်ကို မနှောင့်ယှက်ခဲ့ပါ။ ထျန်းနင် နောက်ကို လိုက်ပြီး ဓာတ်ပုံရိုက်ရုံပါ။ ထို့နောက် သူရိုက်ကူးထားသော ဓာတ်ပုံများကို ချွမ်ရဲ့ထံ ပို့ပေးသည်။ ချွမ်ရဲ့က ထျန်းနင်သွားခဲ့သော နေရာတိုင်းမှာ ဓာတ်ပုံရိုက်ကူးပြီး နှစ်ယောက်သား အတူတူရှိနေယောင် ဟန်ဆောင်သည်။
 
 
ထိုနေ့ညက ထျန်းနင် ၊ မို့ထင် နှင့် လုချယ်တို့က ပေကျင်းကို ပြန်လာသည်။  သူတို့နောက် တောက်တဲ့လို ကပ်လိုက်နေသော ချွမ်ရဲ့နှင့် လေဆိပ်မှာ ထိပ်တိုက်တွေ့ကြသည်။ အတိအကျ ပြောရလျှင် သူက တမင်တကာ တိုက်ဆိုင်အောင် ကြံစည်ထားခြင်း ဖြစ်သည်။
 
 
"မို့သူဌေး တိုက်ဆိုင်လိုက်တာနော်။ ဒီလောက်အထိ ရေစက်ဆုံမယ်လို့ မထင်ထားဘူး"
 
 
"တိုက်ဆိုင်တယ်လား"
 
မို့ထင် ရယ်မောသည်။
 
"ဒါတွေက ဘယ်လောက်အထိ တိုက်ဆိုင်နိုင်လဲဆိုတာ မင်းကိုယ်မင်း ပိုသိမှာပါ"
 
 
ချွမ်ရဲ့က သူတို့နောက်ကို လိုက်ရန် ကြိုးစားရုန်းကန်နေ၍ မို့ထင်က အေးဆေးလေး ထိုင်က ချွမ်ရဲ့ ဘယ်လမ်း ဆက်လျှောက်မလဲ စောင့်ကြည့်နေခြင်း ဖြစ်သည်။
 
 
"သူဌေး၊ လေယာဉ်ပေါ် တက်ရမယ် အချိန်ရောက်ပြီ"
 
 
ချွမ်ရဲ့က ပခုံးဆက်ခနဲ တွန့်လိုက်ပြီး လုချယ်နောက်မှ နီးနီးကပ်ကပ်လိုက်ပါကာ လေယာဉ်ပေါ် တက်သည်။
 
 
ချွမ်ရဲ့က မို့ထင်၏လေယာဉ်ခုံနံပါတ်ကို သိခွင့်ရချင်ကား မို့ထင် ခွင့်ပြုပေး၍ ဖြစ်သည်။
 
 
သူတို့လေးဦးစလုံး ပထမတန်းစား အခန်းမှာ ထိုင်ကြသည်။ သို့သော်လည်း မို့ထင် နှင့် ထျန်းနင်တို့က ချွမ်ရဲ့ကို မရှိသလို သဘောထားကြသည်။
 
 
လေယာဉ် မထွက်ခွာမီ ချွမ်ရဲ့က သူ အစောပိုင်း ပြင်ဆင်ထားသော အကြောင်းအရာများကို သူ့ လူမှု့ကွန်ယက် အကောင့်ပေါ် တင်လိုက်သည်။
 
"ခဏတာ တွေ့ဆုံမှုလေး"
 
ထိုပို့စ်နှင့်အတူတူ ဓာတ်ပုံသုံးပုံကို တွဲတင်ထားသည်။ မိန်းမတစ်ယောက်၏ နောက်ကျောပြင်၊ ကော်ဖီခွက်လွတ် နှစ်ခွက် နှင့် သူ့နောက်ကျောပြင် ဓာတ်ပုံ ဖြစ်သည်။
 
 
သူ့ပို့စ် လိုင်းပေါ် ရောက်သွားသည်နှင့် သူ့လူမှု့ကွန်ယက် အကောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
 
 
အစောပိုင်းတုန်းက ထျန်းနင် စီးနင်းလာသော လေယာဉ် ပေကျင်းကို မဆိုက်ရောက်မီ အထိ မည်သူကမှ ထျန်းနင်မှန်း သတိမထားမိပါ။
 
 
ဓာတ်ပုံထဲမှ မိန်းကလေး နှင့် ထျန်းနင်တို့က ဆင်တူ အဝတ်အစားကို ဝတ်ဆင်ထားကြောင်း ထျန်းနင် ပေကျင်းရောက်မှ သတိထားမိသည်။
 
 
"မဖြစ်နိုင်ပါဘူး"
 
 
"မို့ထင်နှင့် တစ်ချိန်လုံးရှိနေတဲ့ ထျန်းနင်က ချွမ်ရဲ့နဲ့ ချိန်းတွေ့နိုင်ပါ့မလား"
 
 
"မြန်မြန် လာကြည့်စမ်းပါ။ ထျန်းနင်ကို လေဆိပ်မှာ သွားကြိုဆိုတဲ့ ဖန်တွေ တင်ထားတဲ့ ဓာတ်ပုံတွေပဲ။ ထျန်းနင် ဝတ်ထားတဲ့ အဝတ်အစားနဲ့ ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့ ဆက်ခံသူ ပို့စ်တင်ထားတဲ့ ဓာတ်ပုံထဲက မိန်းကလေး ဝတ်ထားတဲ့ ဝတ်စုံက အတူတူပဲ။ ဒါက လူတစ်ယောက်တည်း မဟုတ်ဘူးလား။ ငါပြောတာ မှန်တယ်မလား"
 
 
လူတိုင်းနီးနီးက ဓာတ်ပုံနှစ်ပုံကို နှိုင်းယှဉ်ကာ အံ့ဩတုန်လှုပ်စွာ ထအော်သည်။
 
"ဒါ ဘယ်လိုဖြစ်ရတာလဲ။ ပျက်စီးနေတဲ့ ဆက်ခံသူနဲ့ ထျန်းနင်က ဘယ်လို ပတ်သက်နေတာလဲ။ ငါတို့ချစ်တဲ့စုံတွဲလေးကို ခွဲခွာဖို့ ကြံစည်နေသလား"
 
"မဖြစ်နိုင်ပါဘူးနော်၊ မို့သူဌေးနဲ့ထျန်းနင်က တစ်ချိန်လုံး အတူတူ ရှိနေတာပါ"
 
 
"ထျန်းနင်နဲ့ ငဆိုးဆက်ခံသူက အသက်တူတူလောက် ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့နှစ်ယောက် ပိုအဆင်ပြေတာ ထင်တယ်"
 
 
"ထျန်းနင်က လူတိုင်းနဲ့ ပတ်သက်နေတာလား"
 
 
ထျန်းနင် နှင့် ချွမ်ရဲ့၏သတင်းက တောမီးအလား လိုင်းပေါ် ပြန့်နေသည်။
 
 
ထိုသတင်းကို မြင်လိုက်သည့် ဟွားကျင်းကျင်းက ဖန်ယွီကို ချက်ချင်း ဖုန်းခေါ်သည်။
 
"ထျန်းနင် သတင်း မြင်ပြီးပြီလား။ ဒါတွေအားလုံးက ဘယ်လိုဖြစ်ရတာလဲ"
 
"ကိုယ်တို့တွေ အဲဒီပြဿနာကို ဖြေရှင်းနေပါတယ်"
 
ဖန်ယွီက အလောတကြီး ပြန်ဖြေသည်။
 
***
အပိုင်း(၂၉၁)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now