စာစဉ်(၂၁) Ep 286+287+288

शुरू से प्रारंभ करें:
                                    

 
ပြင်သစ် ညအချိန်
 
 
ထျန်းနင်က မဂ္ဂဇင်းစာအုပ်လေးကို ဖတ်ရှုကာ မီးရောင်အောက်မှာ ထိုင်နေသည်။  မို့ထင်က အလုပ်ကိစ္စများ ပြီးစီးသည်နှင့် ထျန်းနင်ဘေးနား ရုတ်ခြည်း ရောက်လာသည်။
 
"ယောက်ျားက မိန်းမအတွက် လက်ဝတ်ရတနာ တစ်စုံလောက် ဒီဇိုင်းနာမှာ အပ်ချင်တာ။ ဒါပေမဲ့ ဂျပန်ဒီဇိုင်းနာက သူ့မိန်းမ ကလေးမွေးလို့ ဂျပန်ကို အရေးတကြီး ပြန်ရတော့မယ်။ ဒါကြောင့် ဒီညတော့ ချစ်လေးဝတ်မယ် လက်ဝတ်ရတနာ အတိုင်းအတာလေးတွေပဲ ယူတော့မယ်"
 
"လက်ဝတ်ရတနာလား"
 
ထျန်းနင်က သူမလက်ထဲမှ မဂ္ဂဇင်းကို အောက်ချလိုက်ပြီး မို့ထင်ကို မယုံသင်္ကာဟန် ကြည့်သည်။
"ဒီအကြောင်းကို ဟိုးအရင်တုန်းက မပြောဖူးပါဘူး"
 
"ယောက်ျားက မိန်းမရဲ့မန်နေဂျာလေ။ ဒါကြောင့် ဒီလိုကိစ္စမျိုးကို ယောက်ျားက မိန်းမကိုယ်စား စီမံ့ပေးရမှာပေါ့"
 
မို့ထင်၏နှုတ်ခမ်းပါးလေးက အပေါ်ကော့ညွှတ်သွားပြီး ထျန်းနင်၏ဘေးနားမှာ ထိုင်လိုက်သည်။
"မိန်းမက ကျောက်မြတ်ရတနာတွေ စိန်တွေကို စိတ်ဝင်စားတတ်တဲ့သူ မဟုတ်မှန်း ယောက်ျားသိပါတယ်။ ဒါပေမဲ့ မိန်းမက ယောက်ျားနဲ့ လက်ထပ်ထားတော့ အဲလိုလက်ဝတ်ရတနာတွေကို ဝတ်ရမယ် အခြေအနေမျိုးတွေ သေချာပေါက် ရှိမှာပါ။ တခြားမော်ဒယ်တွေကို ကြည့်ပါဦး၊ သူတို့တွေ လက်ဝတ်ရတနာဆိုင်တွေမှာ သေမတတ် နေချင်လောက်တဲ့အထိ လက်ဝတ်ရတနာတွေကို အရူးအမူး စွဲလန်းကြတယ်။ မိန်းမနဲ့တော့ တခြားစီပဲ"
 
"အဲလိုတော့ မပြောပါနဲ့ ယောက်ျားရဲ့ချစ်မိန်းမက ယောက်ျားရဲငွေကို ချွေတာပေးတာပါ"
 
 
ထျန်းနင်က သဘာဝဆန်ဆန် နေထိုင်တတ်သည့် မိန်းမလေး ဖြစ်သည်။
 
 
"ဒီဇိုင်းစီးမယ် လေယာဉ်ထွက်ခွာဖို့ အချိန် ၃နာရီပဲ ကျန်တော့တယ်။ ကိုယ်လည်း အစည်းအဝေး တက်စရာ ရှိတော့ ချစ်လေးကိုယ်တိုင်ပဲ ဒီဇိုင်းနာနဲ့ သွားလိုက်နော်။ ကိုယ်တိုင် ကားမောင်းပြီး ဒီဇိုင်းနာတည်းတဲ့ ဟိုတယ်ကို သွားလိုက်တော့။ သူ့အဖွဲ့သားတွေ အားလုံးလည်း တစ်နေရာတည်း အတူတူရှိတယ်။ ချစ်လေး လိုချင်တဲ့ ဒီဇိုင်းနဲ့ ကိုယ်တိုင်းလေးပဲ ပေးလိုက်တော့"
 
 
ထျန်းနင်က မို့ထင်လက်ထဲမှ ကားသော့ကို လက်လွဲယူပြီး မို့ထင် ယခုလို လုပ်ဆောင်ရသည့် အကြောင်းအရင်းကို သိနေသည်။
 
 
 
"ဒါဆိုရင် ယောက်ျားရဲ့မူလရည်ရွယ်ချက်က မိန်းမကို လက်ဝတ်လက်စား ဆင်ပေးဖို့ပေါ့ ဟုတ်လား။ ဘုရားလည်းဖူး လိပ်ဥလည်းတူးလို့ရအောင် ဟွားရုံစတူဒီယိုက လိုချင်နေတဲ့ သက်သေတွေကို ပေးချင်လို့မလား"
 
 
 
"ဟုတ်ပါတယ်။ ကိုယ်ရဲ့ပင်မရည်ရွယ်ချက်က မိန်းမကို လက်ဝတ်ရတနာ ဝယ်ပေးဖို့ပဲ။ အိမ်က ချစ်လေးရဲ့ရတနာဘူးထဲမှာ ဝတ်စရာ လက်ဝတ်ရတနာ များများစားစား မရှိတာကို ကိုယ် သတိထားမိတယ်လေ"
 
မို့ထင်က သူ့လက်တော့ကို ကိုင်ကာ သူ့အချိန်ဇယားကို ထျန်းနင် မြင်အောင် ပြသသည်။
 
"ကောင်းပါပြီ။ ဒါဆိုရင် မိန်းမသွားပေးမယ်"
 
 
ထျန်းနင်က အလုပ်လုပ်ချိန်မှ လွဲ၍ တန်ဖိုးရှိသော ရတနာများကို ဝတ်ဆင်လေ့ မရှိပေ။ အလုပ်အပ်နှံသူ ကျေနပ်အောင်သာ ဝတ်ဆင်ပေးလေ့ရှိပါသည်။ သို့သော်လည်း မော်ဒယ် တစ်ယောက်အနေဖြင့် သူမ၏အပြင်အဆင်က ရိုးရှင်းလွန်းသည်။
 
 
"သတိထားသွားနော်၊ ပြဿနာ တစ်ခုခုကြုံရင် ကိုယ့်ကို ဖုန်းခေါ်လိုက်။ ကိုယ် လာခေါ်မယ်"
 
 
ထျန်းနင်က ပြုံးလိုက်ပြီး အပြင်သွားရန် ပြင်ဆင်သည်။ သူမ၏လက်ကိုင်အိတ်နှင့် ကားသော့ကို ကောက်ယူကာ မို့ထင်နှင့်အတူတူ နေထိုင်သော ဟိုတယ်မှ ထွက်ခွာလာသည်။
 
 
သို့တိုင် သတင်းထောက်များ၏ အမြင်အာရုံမှ ရှောင်တိမ်းရန် ထျန်းနင်က နေကာမျက်မှန်ကို တပ်ဆင်ကာ သိုသိုဝှက်ဝှက် အပြင်ထွက်ချင်ယောင်ဆောင်သည်။
 
 
လက်ထပ်ထားသော ဒီဇနီးမောင်နှံက သရုပ်ဆောင်ပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်လွန်းသည်။
 
 
...
 
 
ဟွားရုံစတူဒီယိုမှ သတင်းထောက်များက ဟိုတယ်ကို တစ်နေ့လုံး စောင့်ကြည့်နေသည်။ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသော စီးကရတ်များကို ကြည့်လိုက်ရုံဖြင့် သူတို့တွေ သောကရောက်နေမှန်း သိနိုင်သည်။
 
 
"မအေလိုး၊ ဟိုဖာသည်မထျန်းနင်က ဟိုတယ်ထဲက ထွက်လာပါဦးမလား။ သူ့ ဓာတ်ပုံတစ်ပုံ ရိုက်ဖို့တောင် ခက်ခဲလိုက်တာကွာ"
 
သူတို့သုံးယောက်ထဲမှ တစ်ယောက်က မကျေမနပ် ဆဲဆိုနေသည်။
 
သူ့အပေါင်းဖော်များက သူ့ပခုံးကို ပုတ်လိုက်ပြီး ကူကယ်ရာမဲ့ ပြုံးသည်။
 
"ဘယ်တတ်နိုင်ပါ့မလဲ စောင့်နေရုံပဲပေါ့။ အဲဒီမိန်းမက ပဟေဠိဆန်လွန်းတယ်။ အခုလို အကြံအစည်ကြီးမားလို့သာ နာမည်ကြီး သူဌေးရဲ့အပျော်မယား ဖြစ်နေတာပေါ့။ တော်ရုံမိန်းမက မို့ထင်ကို ကပ်နိုင်ပါ့မလား"
 
"ဘယ်အချိန်အထိ ဆက်သည်းခံရဦးမလဲ။ ငါ့ရဲ့ဒေါသတွေ ငယ်ထိပ်ရောက်နေပြီ"
 
 
"ငါတို့ရဲ့ ကံကောင်းခြင်းတွေ ရောက်လာပြီ"
 
 
ယောက်ျား သုံးယောက်က မို့ထင်၏ကား ပါကင်ထိုးထားသော နေရာကို တစ်ပြိုင်နက်တည်း ကြည့်ရှုလိုက်ပြီး ထျန်းနင် တစ်ယောက်တည်း ကားထဲဝင်သွားသော မြင်ကွင်းကို လှမ်းမြင်သည်။ မည်သူမှ မရှိကြောင်း အတည်ပြုပြီးမှ ထျန်းနင်က ကားထဲ ဝင်သွားပြီး ကားမောင်းထွက်သွားသည်။
 
 
"အဲဒီကောင်မက ဈေးဝယ်ထွက်ရင်း အချိန်ဖြုန်းမလိုလား မသိဘူး။ ဒီလိုဆိုရင်တော့ ငါတို့ကင်မရာရဲ့ memoryကို ဖြုန်းတီးရာ ရောက်တော့မယ်"
 
 
"သူ့နောက်ကို ခဏတော့ လျှောက်လိုက်ကြည့်ဦးမယ်"
 
 
ထျန်းနင်က သူမနောက်ကို လိုက်လာသော ပါပါရာဇီများကို နဂိုတည်းက သတိထားမိပါသည်။ ထို့ကြောင့်လည်း မို့ထင် ပြောထားသော ဟိုတယ်ကိုသာ ကားမောင်းထွက်လာသည်။
 
 
ဟိုတယ်အပြင်ဘက်ကို ရောက်ရှိပြီးနောက် ထျန်းနင်က ကားပါကင်နေရာထဲ ဝင်ရောက်ကာ ကားထိုးသည်။ ငါးမိနစ်ကြာပြီးနောက် အရပ်ရှည်ရှည် ပိန်ပိန်ညှောင်ညှောင် လူငယ်လေးက ဓာတ်လှေကားမှ ဆင်းလာပြီး ထျန်းနင်ကို ဟိုတယ်ထဲ ခေါ်ဆောင်သွားသည်။
 
 
ဟွားရုံစတူဒီယိုမှ ပါပါရာဇီများ ၎င်းမြင်ကွင်းကို အားကြိုးမာန်တက် ဓာတ်ပုံတဖျပ်ဖျပ် ရိုက်ကူးနေသည်။ သူတို့ လိုချင်နေသည့် ဓာတ်ပုံကို ရလိုက်၍ ကျေနပ်အားရစွာ သူတို့ပေါင် သူတို့ရိုက်လိုက်သည်။
 
 
"အယ်ဒီတာလင်း ပြောတာ မှန်တယ်။ အဲဒီကောင်မက အထီးကျန်တာကို ခံနိုင်ရည် မရှိဘူးပဲ"
 
 
" ကြည့်ရတာတော့ မို့ထင်က အိုနေတော့ မတင်းတိမ်နိုင်ဘူး ထင်တယ်"
 
 
" ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့တာဝန်က အောင်မြင်စွာ ပြီးဆုံးသွားပြီလေ"
 
 
" အယ်ဒီတာလင်းက သူ ကတိပေးထားတဲ့အတိုင်း ငါတို့ကို ဆုပေးရတော့မယ်"
 
 
လင်းချုံးက ဓာတ်ပုံကို အကဲခတ်နေသည်။ သူ့မျက်ဝန်းများက ခက်ထန်ကြမ်းကြုတ်ပြီး ထျန်းနင်ကို ဝံပုလွေ မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်နေသည်။
 
 
"အကျိုးရှိအောင် အသုံးချတတ်သားပဲ ။ မင်းတို့ တော်တယ်။ ထျန်းနင် အပြင်ထွက်လာတာနဲ့ ဟိုတယ်ကို ပြန်လာတော့ကွာ။ ငါတို့တွေမှာ လုံလောက်တဲ့ သက်သေရှိပြီဆိုတော့ တိုက်ပွဲရင်ဆိုင်လို့ ရပြီ။ သူ့နောက်ကို နောက်ယောင်ခံလိုက်နေဖို့ မလိုအပ်တော့ဘူး"
 
လင်းချုံး ညွှန်ကြားသည်။
 
"ငါ စောင့်မျှော်ခဲ့တဲ့ နေ့ရက်လေး ရောက်ပြီ"
 
 
"ငါတို့အားလပ်ချိန်ရပြီပေါ့။ အိမ်ပြန်ရတော့မှာပေါ့"
 
 
ယောက်ျားသုံးယောက်က အတော်ကလေး ပျော်ရွှင်နေကြသည်။ မို့ထင်က တခြားကားတစ်စီးဖြင့် သူတို့နောက်ကို လိုက်လာပြီး အကွယ်တစ်နေရာမှာ သူတို့ကို စောင့်ကြည့်နေခြင်းကို သတိမထားမိခဲ့ပေ။
 
 
သူက သတင်းထောက်သုံးယောက်ကို အေးစက်စက် မျက်နှာထားဖြင့် ငေးစိုက်ကြည့်နေသည်။ သူ့မျက်ဝန်းနက်တွင် လှောင်ပြုံး နှင့် အထင်မြင်သေးသော ခံစားချက်များ ရောယှက်နေသည်။
 
 
"စိတ်ကြိုက်ရွေးချယ်ပြီပါ့လား။ အတိုင်းအထွာတွေရော ပေးခဲ့ပြီးပြီလား"
 
 
" အမ် အလုပ်ပြီးပြီလား။ ဒါဆိုရင် ထင်ကို ချစ်လေး ဟိုတယ်မှာ စောင့်နေမယ်လေ"
 
 
"မစောင့်နဲ့တော့။ ကိုယ်အပြင်မှာ ရောက်နေပြီ။ အောက်ထပ်ကိုသာ ဆင်းလာခဲ့တော့"
 
မို့ထင် ပြန်ဖြေသည်။
 
ထျန်းနင် နာရီကိုကြည့်လိုက်သည်။ သူမ အပေါ်ထပ်ကို ရောက်နေသည်မှာ မိနစ် ၂၀ပင် မကြာလှသေးချေ။
 
"ထင်က ချစ်လေးနောက်ကို လိုက်လာတာလား"
 
"မဟုတ်ဘူး။ ချစ်လေးနောက်ကို လိုက်လာတဲ့ သတင်းထောက်တွေ နောက်ကို လိုက်လာတာ"
 
မို့ထင်က သတင်းထောက် သုံးယောက်၏အခြေအနေကို မပြောပြမီ ရှင်းပြနေသည်။
"သူတို့သုံးယောက် အောင်ပွဲခံတော့မယ်။ သူတို့တွေ တော်တော် ပျော်ရွှင်နေပုံပဲ"
 
ထိုစကားကို ပြောဆိုပြီးနောက် မို့ထင်က ကားစက်နှိုးလိုက်ပြီး ကားပါကင်မှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ဟိုတယ် ပင်မဝင်ပေါက်ကို ကားမောင်းထွက်ခွာကာ ထျန်းနင်ကို သွားကြိုသည်။
 
 
သုံးစားမရသည့် သတင်းထောက်များက ဆက်စောင့်နေချင်လျှင် စောင့်နေနိုင်သည်။ ထျန်းနင်က အပေါ်ထပ်မှာ တစ်ညလုံး အချိန်ဖြုန်းခဲ့သည်ဟု ယူဆသွားလဲ ပိုကောင်းသေးသည်။
 
 
"ကိုယ့်အပြုအမူတွေက ချစ်လေးကို မပျော်ရွှင်စေလို့လား"
 
 
ထျန်းနင်က အရှေ့ကိုသာ ငေးကြည့်နေပြီး အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေသည်။
 
"ချစ်လေးက ဘာအကြောင်းကြောင့် စိတ်အခန့်မသင့် ဖြစ်ရမလဲ။ချစ်လေးက တခြားသူကို အရင်ဆုံး ပြဿနာ ရှာတတ်တဲ့သူမှ မဟုတ်တာလေ။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်ဆောင်တတ်တဲ့ မော်ဒယ်တစ်ယောက်ပါ။ လင်းချုံးက ဘာအကြောင်းကြောင့် ချစ်လေးကို ဒုက္ခပေးချင်နေမှန်း စဉ်းစားမရဘူး"
 
"အဲဒီလူက တခြားပါပါရာဇီတွေနဲ့ မတူဘူး။ သူက ငွေကြေးအတွက် အလုပ်လုပ်ပေမဲ့ ငွေရဲ့ကျေးကျွန်တော့ မဟုတ်ဘူး"
 
 
" ပြောရရင် သူက ချစ်လေးကို နားလည်မှုလွဲနေတာပဲ"
 
 
" လုချယ် သူ့အကြောင်း စုံစမ်းထားသလောက်တော့ သူက သုံးကြိမ်တိတိ လက်ထပ်ဖူး ကွာရှင်းဖူးတယ်"
 
မို့ထင် ရှင်းပြသည်။
" သူ့ရဲ့အဆင်မပြေတဲ့ အိမ်ထောင်ရေးကြောင့် မိန်းမ မုန်းတီးရေးဝါဒီ ဖြစ်လာတယ်။ ဒါကြောင့်လည်း ရုပ်မြင်သံကြားအစီအစဉ်မှူးဘဝကနေ ပါပါရာဇီ အလုပ်ပြောင်းခဲ့တာပေါ့။ တခြားသူတွေရဲ့ ကိုယ်ပိုင်ဘဝကို ဖော်ထုတ်ပြီး အမှန်တရား ရှာဖွေမယ်လို့ ရူးကြောင်ကြောင် တွေးထားပုံပဲ"
 
ထျန်းနင် တည်ငြိမ်စွာ ပြုံးသည်။သူမ စိတ်ကို အနှောင့်အယှက် မပေးသည့်အပြင် အခြေအနေက သူမအတွက် ရယ်ဖွယ်အတိ ဖြစ်နေသည်။
 
"သူစိမ်းတစ်ယောက်က ဒီလောက်အထိ မုန်းတီးနေတာ အတော်ကလေး ထူးဆန်းတဲ့ ခံစားချက်ပဲ"
 
" ဒါပေမဲ့ ချစ်လေးမှာ anti fanတွေ အများကြီး ရှိပါတယ်။ အယ်ဒီတာလင်းကို ယှဉ်နိုင်သူတော့ မရှိလောက်ဘူး"
 
 
" အမှန်တရားက နောက်ဆုံးတော့ ပေါ်လာမှာပဲလေ။ အဲခါကျရင် သူလည်း နောင်တရမိမယ်လို့ ယုံကြည်တတယ်။ ချစ်လေး ခံစားခဲ့ရသမျှကို ယောက်ျားက လက်စားချေပေးမယ်လို့ ယုံကြည်ပြီသားပဲ"
 
 
***
 
 
 
အပိုင်း (၂၈၈)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)जहाँ कहानियाँ रहती हैं। अभी खोजें