မို့သူဌေးက သီချင်းဆိုမှာလား။
တောက်ပခမ်းနားသော အလင်းရောင်အောက်မှာ ထျန်းနင်က သူမရဲ့ဦးခေါင်းလေးကို လှည့်ကြည့်လာသည်။ ဩဇာတိက္ကမနဲ့ပြည့်စုံသော ဖျော်ဖြေရေးလောကရဲ့ဘုရင်ကြီး သူမရဲ့ယောက်ျားက သူမကို ခေါင်းအစခြေအဆုံး အကဲခတ်နေပြီး အထင်ကြီးလေးစားသော အကြည့်ဖြင့် ကြည့်ရှုနေသည်။
ထျန်းနင်က မို့ထင်ကို သံသယမျက်ဝန်းများနှင့်ကြည့်ကာ မေးခွန်းမေးမြန်းရန် ကြံရွယ်လိုက်စဉ် မို့ထင်က သူမထက် အရင်ဆုံး စကားပြောလာသည်။
"မင်းနဲ့ပတ်သက်တဲ့ သတင်းကောင်းလေး ပြောစရာရှိတယ်"
"ဟင် ဘာများလဲ"
အောက်နှုမ်းခမ်းပါးလေးကို ကိုက်ကာ မို့ထင်ကို ငေးကြည့်လာသည်။
"ကမ္ဘာ့အဆင့်မီဒီဇိုင်နာ Cloud Nက ဟိုက်ဟွေ့ကို ဖိတ်စာပို့ထားတယ်။ သူတို့က သူတို့ရဲ့ကုန်ပစ္စည်းအသစ် ကြော်ငြာတဲ့ နေ့လယ်ခင်းပွဲကို တက်ရောက်စေချင်တယ်"
မို့ထင်က ရှင်းပြလာသည်။
"ကမ္ဘာ့အဆင့်မီဒီဇိုင်နာရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့လူက သိပ်မရှိဘူး။ ဒီအာရှအတွင်းမှာဆိုရင် ထျန်းနင်က ပထမဆုံးပဲ"
"Cloud N"
ထျန်းနင် အံ့ဩ တုန်လှုပ်သွားသည်။
"ဒါဘယ်လိုဖြစ်ရတာလဲ။ ဖြစ်နိုင်ပါ့မလား"
"စောနတုန်းက ကမ္ဘာ့အလှဆုံး ခြေထောက်ပြိုင်ပွဲမှာ ထျန်းနင်ရဲ့ အချက်အလက်ကို ပို့ပေးလိုက်တယ်။ သူတို့ကလည်း ထျန်းနင်ကို သဘောကျတယ်။ ပြီးတော့ Cloud Nကလည်း ထျန်းနင်ကို တော်တော် သဘောကျနေတယ်"
မို့ထင်က ရှန်ပိန်နှစ်ခွက်ကို ဆွဲယူလိုက်ပြီး ထျန်းနင်ကို ပေးလိုက်တယ်။
"Victoria secret eventကို လွဲချော်သွားတာ နှမြောဖို့ ကောင်းလွန်းတယ်"
"ကျွန်မတို့ နောက်နှစ်ပြိုင်ပွဲဝင်ဖို့ အခွင့်အရေး ရှိဦးမှာပါ"
ထျန်းနင်က နှစ်သိမ့်လိုက်သည်။
"ဘာအပြောင်းအလဲတွေပဲဖြစ်ဖြစ် နောက်နှစ် Victoria secret eventကို ထျန်းနင် မတက်ရောက်နိုင်စရာ အကြောင်းမရှိပါဘူး"
မို့ထင်က ထျန်းနင်ရဲ့ဆံပင်လေးကို ဖွဖွလေးသပ်ပေးပြီးတော့ ချိုသာသောလေသံဖြင့် ပြောဆိုလေသည်။
"ထျန်းနင်က ဒီအောင်မြင်မှုတွေရဖို့ အချိန် လေးလပဲကြာတယ်။ ထျန်းနင်ရဲ့အရည်အချင်းက အံ့ဩစရာ ကောင်းလွန်းတယ်"
"ဒါဆိုရင် ကျွန်မတို့တွေ Cloud Nရဲ့ပွဲကို ဘယ်အချိန်သွားကြမှာလဲ"
"ဆယ့်ရှစ်ရက်နေ့ သွားရမယ်။ ကိုယ် မင်းနဲ့အတူတူလိုက်ခဲ့မယ်။ အဲဒီပွဲမှာ အနိုင်ရဖို့အတွက် ကိုယ်အကောင်းဆုံး ကူညီပေးမယ်"
ထျန်းနင်၏ မျက်ဝန်းထောင့်ကလေးများက ချက်ချင်း နီရဲလာသည်။ လက်တစ်ဖက်က ရှန်ပိန်ခွက်ကို ‌ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်က မို့ထင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။ မည်သူမှ သတိမထားမိစဉ် မို့ထင်ရဲ့လက်ချောင်းကလေးများကို ဖမ်းဆုပ်ထားလိုက်သည်။
"ဟေး ညီမငယ်လေးရေ မင်း ဟွာကျင်းကျင်းနဲ့တူတူ ဆုပေးပွဲမှာ ဆိုခဲ့တဲ့သီချင်းလေးကို ဆိုပြပါလား"
"ကျွန်မက အပျော်သဘောပဲ သီချင်းဆိုတာပါ"
"ဟုတ်ပါတယ်။ ညီမ‌ငယ်လေးရေ အစ်ကိုတို့ကို သီချင်းလေး ဆိုပြပါလား။ စင်ပေါ်တက်ပါ"
ထျန်းနင်က မို့ထင်ကို ကူကယ်ရာမဲ့ ငေးကြည့်လိုက်ပြီး သူမကို ကူညီရန် မို့ထင်၏လက်ကို ဆိတ်လိုက်သည်။ သို့သော်လည်း မို့ထင်က သူမလက်ကို တွန်းဖယ်လိုက်ပြီး စကားကျယ်ကျယ် ပြောသည်။
"စင်ပေါ်တက်ပါ"
ထျန်းနင်က ခေါင်းကိုမော့ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဖြန့်ကြက် ကြည့်ရှုလိုက်သည်။ သူမစိတ်ထဲ အတွေးတစ်ခု ပေါက်သွား၍ မို့ထင်၏လက်ကိုဆွဲကာ သူနှင့်အတူတူ စင်ပေါ်ဆွဲခေါ်သွားသည်။
"ဝိုး ငါတို့ရဲ့ မို့သူဌေးကြီးကလည်း သီချင်းဆိုမှာလား။ ငါတို့ သူဌေးသီချင်းဆိုတာ နားထောင်ကောင်းလား သိချင်လှပြီ"
"နားဝင်တော့ မဆိုးလောက်ပါဘူးဟာ။ ငါတို့ရဲ့ အရည်အချင်းရှိတဲ့ မို့သူဌေးက နားဝင်ဆိုးပါ့မလား။ ငါတို့ သူဌေးမို့က ဘက်စုံထူးချွန်တဲ့ သူဌေးပဲလေ"
ထျန်းနင်က မိုက်ခရိုဖုန်းလေးကို ကိုင်ပြီး မို့ထင်ကို လက်လွှဲပေးလိုက်သည်။
"ထင် သီချင်းမဆိုချင်ဘူးဆိုရင်လည်း ဒီတိုင်း စင်ပေါ်က ဆင်းသွားလို့ရပါတယ်။ ထင်နဲ့ချစ်က လက်ထပ်ထားတာကြာပြီ ဒါပေမဲ့ ထင်ရဲ့အမူအကျင့်တွေကို သိသင့်သလောက်သိပေမဲ့ ထင် ဘာတွေကို ဝါသနာပါလဲဆိုတာကို အခုထိ မသိရသေးဘူး"
"ကိုယ် ဘာကို ဝါသနာပါလဲ မပါဘူးလဲဆိုတာ များများစားစားတော့ မရှိပါဘူး။ တခြား ဖျော်ဖြေရေးလောကမှာ ဖြန့်နေတဲ့သတင်းတွေက ယုံကြည်လို့ ထိုက်တန်လား မထိုက်တန်ဘူးလား ဆိုတာ ချစ်လေးလည်း နားလည်မှာပါ"
"ဒါပေမဲ့ ချစ်လေးက ကိုယ်နဲ့အတူတူ တကယ် သီချင်းဆိုချင်တာပါ"
မို့ထင်က ခေါင်းညိတ် သဘောတူလိုက်သည်။ မို့ထင်က စကားတစ်ခွန်းမှ မပြောသော်လည်း ထျန်းနင်လက်က မိုက်ခရိုဖုန်းကို ဆွဲယူလိုက်ပြီး တစ်ဖက်မှာ ချထားလိုက်သည်။ ထို့နောက် တယောသမားကို ကြည့်လိုက်ပြီး
"မင်းရဲ့တယော ခဏပေး"
ထိုလူက သူ့ရဲ့တယောကို ချက်ချင်း လက်လွှဲပေးလိုက်သည်။ မို့ထင်က တယောကို ဆုပ်ကိုင်ပြီး ထျန်းနင်ကို ကြည့်လိုက်သည်။
"ဒီမှာ လူတွေအများကြီးရှိတယ် ကိုယ်သီချင်း မဆိုချင်ဘူး ဒါပေမဲ့ မင်းသီချင်း ဆိုလို့ရအောင် ထောက်ပံ့ပေးမယ်လေ"
"သီချင်း မဆိုနိုင်လို့လား"
"ကိုယ်က တခြားသူတွေရှေ့မှာ သီချင်းမဆိုချင်တာပါ။ ကိုယ်တို့ အိမ်ပြန်ရောက်ရင် မင်းကြိုက်သလောက် သီချင်းဆိုပြမယ်"
မို့ထင်က  သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်သည်။
"ကယ် ဒါဆိုရင် သီချင်းဆိုတာ စကြတာပေါ့"
တယောတီးခတ်ခြင်းက မို့ထင်တတ်ကျွမ်းသော အရည်အချင်းများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ပွဲကြည့်ပရိသတ်များက အံ့ဩ တုန်လှုပ်ခြင်းမရှိပေ။
သို့သော်လည်း မို့ထင်၏ တယောတီးခတ်ခြင်း အနုပညာကို မည်သူမှ နားထောင်ဖူးခြင်း မရှိခဲ့ပေ။ မို့ထင်၏တခြားသော အရည်အချင်းများကို မည်သူမှ တိတိကျကျမသိနိုင်ပေ။ အားလုံးက မို့ထင်၏လှုပ်ရှားမှုများကို သတိထားနေကြသည်။
ခဏကြာပြီးနောက် ပျောက်ဆုံးခြင်းဟူသော သံစဉ်လေးက အားလုံး၏နားထဲ ပျံ့လွင့်လာသည်။ ထျန်းနင်က မိုက်ခရိုဖုန်းကို သူမပါးစပ်နားထားလိုက်ပြီး စတင်သီချင်းဆိုသည်။
သူမရဲ့သီချင်းဆိုသံက ကျွမ်းကျင်အဆင့်ကို မရောက်သော်လည်း စာသားနဲ့သံစဉ်ကို မှတ်မိနေပြီး သူမရဲ့အသံက သာယာငြိမ့်ညောင်းဖွယ် ကောင်းသည်။
 ခဏကြာပြီးနောက် သူတို့နှစ်ဦးစလုံး သံစဉ်ပြောင်းသည့် အခိုက်အတန့်သို့ ရောက်ရှိသွားသည်။ သာယာငြိမ့်ညောင်းဖွယ်ကောင်းသော တယောသံနှင့် သီချင်းတို့ ရောယှက်သွားပြီး အဆိုတော်အများစုကို အံ့ဩသွားစေသည်။ မို့ထင် တီးခတ်သောအပိုင်းက သီချင်း၏အချိုမြိန်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ထျန်းနင်ရဲ့အသံကလည်း ချိုသာပြီး သံစဉ်နှင့် လိုက်ဖက်ညီမှုရှိနေသည်။ 
သာယာငြိမ့်ညောင်းသော တယောသံကို နားစွင့်ရင်း မို့ထင်ကို ငေးမောကြည့်နေ၍ သီချင်းဆိုရန် မေ့လျော့သွားခဲ့သည်။ သို့တိုင် မို့ထင်က သံစဉ်ကို ဆက်လက်တီးခတ်နေပြီး သီချင်းသံကို အဆုံးသတ်စေသည်။ သီချင်းပြီးဆုံးပြီးနောက် တယောကို တယောသမားထံ ပြန်ပေးလိုက်သည်။
လူတိုင်း သဘောကျ နှစ်ခြိုက်နေကြသည်။
ဟိုက်ဟွေ့ဂုဏ်ပြုညစာစားပွဲကို နှစ်ပေါင်းများစွာ ကျင်းပခဲ့ဖူးသော်လည်း မို့ထင် လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲခဲ့သည့် ပထမဦးဆုံးပွဲဖြစ်သည်။
မို့ထင်က တခြားသူများနှင့် ရယ်ရယ်မောမော စကားပြောရုံသာမက စင်ပေါ်မှာလည်း ဖျော်ဖြေလိုက်သေးသည်။ သို့တိုင် မို့ထင်က ဤမျှလောက် သဘောကောင်းသူမဟုတ်ချေ။ ထျန်းနင်ကို ဂရုစိုက်ချင်၍သာ ယခုလို ပြုမူနေခြင်းဖြစ်သည်။
သို့မှသာ သူ့ချစ်ဇနီးလေး ထျန်းနင် မိတ်ဆွေကောင်းများစွာ ရရှိလာပြီး မျက်နှာသာ ပေးခံရလိမ့်မည်။ မျက်စိတမှိတ်အတွင်း ဂုဏ်ပြုညစာစားပွဲသည် ပြီးဆုံးခါနီးအချိန်သို့ ရောက်ရှိလာသည်။
မို့ထင်က ထျန်းနင်နှင့်အတူတူ ပွဲမှထွက်ခွာရန် ဆုံးဖြတ်ထားသော်လည်း အချိန်အကြာကြီး ဒေါက်မြင့်ဖိနပ်စီးထားရသည့် ထျန်းနင်မှာ ခြေထောက်နာကျင်နေသည်။ မို့ထင်က ထျန်းနင်ကို ဖျတ်ခနဲကြည့်လိုက်ပြီး ထျန်းနင်အရှေ့မှာ ရုတ်တရက် ဒူးထောက်လိုက်သည်။
"ကိုယ့်ကျောပေါ်တတ် ကိုယ်ကျောပိုးသွားမယ်"
"အပြင်မှာ တခြားသူတွေ ရှိနေသေးတယ်လေ"
ထျန်းနင်က အလျင်အမြန် သတိပေးလိုက်သည်။
"ထျန်းနင် ကိုယ့်ဘာသာကိုယ် ကျောပေါ်တက်မလား ဒါမှမဟုတ် ကိုယ်ပွေ့ချီသွားရမလား"
ထိုကိစ္စနဲ့ပတ်သက်ပြီး ဆက်မဆွေးနွေးချင်၍ ထျန်းနင်က မို့ထင်ရဲ့ကျောပေါ် တက်လိုက်သည်။
"အေဂျင်စီက လူတွေက ဒီအကြောင်းကို သိနေပြီး အပြင်ကလူတွေက မသိသေးဘူးလေ"
မို့ထင် ပြန်ဖြေလိုက်သည်။
"သူတို့အားလုံးကို ဒီကောလာဟလ သတင်းတွေ ဖြန့်ခွင့်မပြုပါဘူး။ ဘယ်သူကမှလည်း ဒီအကြောင်းကို မပြောရဲဘူး‌"
"ဒီအကြောင်းကိုပြောဖို့ အရိပ်အမြွက်ပြောမှသာ လူတိုင်းက တခြားသူကို ပြောမှာပေါ့"
ဥပမာပြောရမယ်ဆိုရင် ထျန်းနင်နဲ့ကျန်းမန်နီကို နှိုင်းယှဉ်ထားသည့် ဓာတ်ပုံမျိုးဖြစ်သည်။ သို့သော် ယခုထိတိုင် ထျန်းနင်က ထိုအကြောင်းကို မသိသေးချေ။
***
ကျန်းမန်နီ သူ့အိမ်ကို ပြန်ရောက်ရောက်ချင်း လူတချို့ရဲ့ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
မို့ထင်ကလည်း တန်ရာတန်ကြေး လက်စားချေတတ်သူဖြစ်၍ ကျန်းမန်နီကို ယခုကဲ့သို့ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
Cherleneလည်း ရိုက်နှက်မှုမှ မလွတ်ခဲ့ချေ။ သို့သော်လည်း သူမတို့ကို ရိုက်နှက်သူက ဟိုက်ဟွေ့နဲ့ ဆက်နွှယ်နေ၍ သည်းခံနေစရာ အကြောင်းအရင်း မရှိပေ။
ဟိုက်ဟွေ့ရဲ့ လျှို့ဝှက်ချက်များကို ကြယ်ဘုရင်ဖျော်ဖြေရေးသို့ ရောင်းစားရလိမ့်မည်။ ထိုမှသာ သူမကိုယ်သူမ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မည်။
 
 
***
အပိုင်း(၂၆၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now