ဘာမှပိုင်ဆိုင်ခွင့် မရှိခဲ့တဲ့ဘဝကို ပြန်ပို့ပေးမယ်

 
 
 
"ဟိုက်ဟွေ့ကို အများကြီး ကူညီပေးခဲ့ဖူးပါတယ်။ ငါ့ကြောင့်သာ ကြယ်ဘုရင်ဖျော်ဖြေရေးကို ဖိနှိပ်နိုင်ခဲ့တာ ငါ့ကြောင့် မဟုတ်ဘူးလား"
"ငါ့အောင်မြင်မှုကို မချီးမွမ်းရင် နေပါစေ၊ ငါ့ကြိုးစားမှုကိုတော့ အသိအမှတ် ပြုသင့်ပါတယ်"
"ငါသိလိုက်ရတာ ဟိုက်ဟွေ့မှာ ငါ့အဆင့်အတန်းက အသစ် တစ်ယောက်လောက်တောင် အဆင့်မရှိဘူး"
"ဟိုက်ဟွေ့ဖျော်ဖြေရေးကို ဘယ်လိုများ အုပ်ချုပ်နေလဲ"
"ထျန်းနင် ရောက်မလာခင်အထိ ဟိုက်ဟွေ့ဖျော်ဖြေရေးက လူတိုင်း လူတိုင်းကို တန်းတူညီမျှ ဆက်ဆံခဲ့ပါတယ်။ အခုတော့ အားလုံးက ဆီနဲ့ရေပဲ... မို့ထင် ရှင် ဘာများ ပြောချင်သေးလဲ"
ကျန်းမန်နီက သူ ခံစားရသမျှကို တစ်ခုမကျန် အကုန်ဖွင့်ချ ပြောဆိုနေသည်။
ပွဲတက်သည့် ဆယ်လီအားလုံး၏ မျက်နှာက မရွှင်မလန်း ဖြစ်နေသည်။ မို့ထင်၏ စိတ်အခြေအနေကို ရိပ်မိ၍ အခြေအနေ မဟန်မှန်း သိသည်။
မို့ထင်က ဂရုမစိုက်ဟန် မျက်နှာအမူအရာဖြင့် နားထောင်နေသော်လည်း ငါ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရန်လိုသည့် အငွေ့အသက်ကို မဖုံးကွယ်နိုင်ပေ။
မို့ထင်က ဘာဆိုဘာမှ မတုံ့ပြန်ခဲ့ပေ။ သို့သော်လည်း သူ စကားပြန်ပြောခါနီး ထျန်းနင်က မို့ထင်လက်ကို လှမ်းဆွဲပြီး ဟန့်တားသည်။
"သူလည်း သာမန်မိန်းမ တစ်ယောက်ပဲ။ သူ မကျေနပ်တာကို ပြောခွင့်ပေးလိုက်ပါ။ ဒေါသ မထွက်ပါနဲ့။ ဒီနေ့
ထျန်းနင်က သူဌေးမို့ရဲ့ မန်နေဂျာဆိုတော့ ဒီပြဿနာကို ထျန်းနင် ဖြေရှင်းလိုက်မယ်"
မို့ထင်က ထျန်းနင်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လာပြီး သူ့အကြည့်မှာ ယုံကြည်မှုများ ရောယှက်နေသည်။
ယခုလို အခြေအနေမျိုးမှာ ထျန်းနင်၏ တည်ငြိမ်လွန်းသော ဟန်ပန်ပျောက်ကွယ် သွားသည်။ ကျန်းမန်နီက မို့ထင်ကို ရဲရဲတင်းတင်း စော်ကားမော်ကား ပြောဆိုလာ၍ မန်နေဂျာ သူမက ငြိမ်ခံနေစရာ အကြောင်းအရင်း မရှိပေ။
ထျန်းနင် ဖြည်းဖြည်းချင်း မတ်တတ်ထရပ် လိုက်ပြီး ကျန်းမန်နီအနားကို တစ်လှမ်းချင်း လမ်းလျှောက်သွားသည်။ ထျန်းနင်က ဒေါက်မြင့်ဖိနပ် မဝတ်ဆင်ထားသော်လည်း ကျန်းမန်နီကို အပေါ်မှ မိုး၍ ကြည့်နိုင်သော အရပ်အမောင်း ရှိသည်။
ထျန်းနင်၏ထည်ဝါသော အကြည့်ကြောင့် ကျန်းမန်နီ နောက်ဆုတ်လိုက်သည်။
"နင် ဘာလုပ်ဖို့ တွေးနေတာလဲ။ ငါ့ကို ပါးရိုက်ချင်ပြန်ပြီလား"
"ဟိုက်ဟွေ့ဖျော်ဖြေရေးကြောင့် နင် ဒီလိုအဆင့်အတန်းကို ပိုင်ဆိုင်ခွင့် ရတာကို တကယ်ပဲ မသိတာလား။ မသိချင်ယောင် ဆောင်နေတာလား။ ဟိုက်ဟွေ့ဖျော်ဖြေရေးသာ မရှိခဲ့ရင် ဒီနေ့ ဒီအခြေအနေကို ပိုင်ဆိုင်နိုင်ပါ့မလား"
ထျန်းနင်က အေးစက်စက် လေသံဖြင့် ပြန်မေးသည်။
"ငါ့ကြောင့်လည်း 'ဟိုက်ဟွေ့' ဖျော်ဖြေရေးက တိုးတက်ခဲ့တာ မဟုတ်ဘူးလား။ ငါလည်း 'ဟိုက်ဟွေ့' ကို ထောက်ပံ့ပေးခဲ့တာပဲလေ"
"နင်က... 'ဟိုက်ဟွေ့'ကို ထောက်ပံ့ ပေးခဲ့တယ် ဟုတ်လား"
ထျန်းနင်က ပြန်မမေးခင် ဟားတိုက် ရယ်မောသည်။
"နင့်ကိုယ်နင် အရမ်းကို အထင်ကြီးလွန်းတာပဲ။ ဒီမှာ ရှိနေတဲ့ လူအားလုံးက 'ဟိုက်ဟွေ့'ကို မှီခိုပြီး ဒီနေ့ ဒီအခြေအနေကို ရောက်ခဲ့တာပဲ။ ဟိုက်ဟွေ့သာ နင်တို့ကို ကျောထောက်နောက်ခံ မပေးခဲ့ရင် လူရာဝင်ပါ့မလား"
"ကြယ်ဘုရင်ဖျော်ဖြေရေးကို ဖိနှိပ်နိုင်ခဲ့တဲ့ နင့်အရည်အချင်းကြောင့် အေဂျင်စီက နင့်ကို တန်ဖိုးထားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးအတွက် နောက်ထပ် ကျန်းမန်နီ တစ်ယောက်ကို ဖန်တီးဖို့ မခဲယဉ်းပါဘူး။ ကျန်းမန်နီ လေးငါး ခြောက်ယောက်လောက်ကို ဖန်တီးပစ်နိုင်တယ်။ ဟိုက်ဟွေ့ ဖျော်ဖြေရေးကို ဝင်ချင်လို့ အိပ်မက်မက်နေတဲ့သူမှ အများကြီးပဲ"
"အင်တာနေရှင်နယ် မော်ဒယ်တစ်ယောက်ကို ပျိုးထောင်ဖို့ လွယ်ကူတယ်များ တွေးနေတာလား"
ကျန်းမန်နီက ယုံကြည်ချက် အပြည့်ဖြင့် ပြန်မေးလိုက်သည်။
"နင်ပြောတာ မှန်ပါတယ်။ မလွယ်ပါဘူး။ ဒါပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ အရည်အချင်းရှိတဲ့သူမှ အများကြီးပါ။ ဖေးထန်ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆုရတဲ့ မင်းသားရော။ ဘာလင်းရုပ်ရှင်ဆုရတဲ့ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးလည်း ရှိတယ်။ ဟောလိဝုဒ်အထိပေါက်တဲ့ ဆယ်လီတွေလည်း ရှိတယ်။ နှစ်တိုင်း အရောင်းစာရင်း စံချိန်ချိုးသွားတဲ့ အကအဖွဲ့ရော အဆိုတော် အဖွဲ့ရော ရှိတယ်"
"ပြီးတော့ ဟိုက်ဟွေ့မှာ ကိုယ်ပိုင်ရုပ်ရှင် စတူဒီယိုလည်း ရှိသလို လူသစ်ရွေးချယ်တဲ့ အေဂျင်စီတွေရော ရှိပြီသားပဲ။ ဒီလို ဖျော်ဖြေရေးကုမ္ပဏီက နင့်အထောက်အပံ့ကို လိုအပ်မယ်လို့ စိတ်ကူးယဉ်နေသလား"
ထျန်းနင်က အားကြိုးမာန်တက် ကျန်းမန်နီကို တန်ပြန် တိုက်စစ်ဆင်နေသည်။
ထျန်းနင် ပြောသမျှ အကြောင်းအရာတိုင်းက ကျန်းမန်နီကို အံ့အားသင့်စေပြီး ပွဲတက်ရောက်လာသူ စူပါစတားများ၏ တန်ဖိုးကို မြှင့်တင်ပေးသော အဖိုးတန် စကားလုံးများ ဖြစ်သည်။
လူတိုင်းက မေးဖျားလေးကို ပွတ်လိုက်ပြီး ခေါင်းညိတ် သဘောတူသည်။
ထျန်းနင်က အပေါ်ယံကြည့်လိုက်လျှင် ပျော့ညံ့သည်ဟု ထင်ရသော်လည်း ယခု အပြောအဆိုများကြောင့် အထင်ကြီး လေးစားစရာ ကောင်းသော မိန်းမမြတ်မှန်း သိခွင့်ရခဲ့သည်။
ကျန်းမန်နီ ပြောစရာစကားလုံးများ ပျောက်ရှနေသည်။ ထျန်းနင်ကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ငေးကြောင်ကြည့်မိသော်လည်း နှုတ်မှ စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။ အချိန်အတော်ကြာပြီးမှ ကျန်းမန်နီ ထရယ်လာသည်။
"ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ ထူးချွန်တဲ့ စူပါစတားတွေ ရှိပါတယ်လို့ နင် ဝန်ခံလိုက်တယ်နော်။ ဒါဆိုရင် ဒီလောက်များတဲ့ စူပါစတားတွေ ရှိရဲ့သားနဲ့ မို့ထင်က ဘာအကြောင်းကြောင့် နင့်ကို ရွေးချယ်ရသလဲ"
"ငါတို့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စူပါစတားတွေက အရည်အချင်း ရှိပြီသားလေ။ သူတို့မှာ သာမန်ထက် ထူးကဲတဲ့ အရည်အချင်း ရှိလို့သာ စူပါစတား ဖြစ်နေတာပေါ့။ သူတို့က မို့ထင်ရဲ့ အထောက်အပံ့ကို လိုအပ်ပါ့မလား"
ထျန်းနင်၏ ချီးမွမ်းစကားများကြောင့် ပွဲတက်ရောက်သူ စူပါစတားများ ပို၍ စိတ်အားတက်ကြွလာသည်။
မို့ထင်က ထျန်းနင်၏မန်နေဂျာ ဖြစ်သွား၍ အနည်းငယ် မကျေနပ်သူများပင် ထျန်းနင်ကို အမြင်ကြည်လင်သွားသည်။
"ဒါဆိုရင် နင့်ကိုယ်နင် အရည်အချင်း မရှိတဲ့ လူညံ့လို့ ဝန်ခံလိုက်တာလား"
"ဟုတ်တယ်လေ။ ငါ့လို အသစ်လေးနဲ့ နင်က ခြေရာတိုင်းချင်နေတော့ ငါနဲ့ အဆင့်တူချင်တာလား"
"ထပ်ပြောရရင် မို့သူဌေးက ငါ့မန်နေဂျာ။ တစ်ယောက်ယောက် မကျေနပ်ရင် ငါက ကူညီ ဖြေရှင်းပေးခွင့်ရှိတယ်။ ဘာလို့ဆို ငါတို့မှာ စာချုပ်ရှိလို့ပဲ။ နင့်မှာရော အဲလိုမျိုး ရှိလို့လား"
"မို့ထင်က နင့်ထက် အရင်ဆုံး ဒီဖျော်ဖြေရေးလောကထဲ ရောက်ခဲ့တာပဲ။ ဒီလောကမှာ လေးစားခံထိုက်တဲ့ စီအီးအိုပဲ။ နင့်လို ဘဝင်ရူးမကို ငါတို့စီအီးအိုက ဘယ်လို ကိုင်တွယ်မလဲ။ ငါတို့တွေ မျက်မြင်တွေ့ချင်လှပြီ"
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က နဂိုနေရာပြန်သွားပြီး မို့ထင်၏ဘေးနားမှာ ထိုင်လိုက်သည်။
လူတိုင်းက မို့ထင်ဘက် အာရုံပြန်ရသွားသည်။
"မင်းရဲ့brand 'Ci Ci'က ငါတို့ ဟိုက်ဟွေ့ရဲ့ ဒီဇိုင်နာကို သုံးထားတာပဲ။ ငါတို့လူကို ပြန်ခေါ်ရလိမ့်မယ်"
"ဒီနေ့ကစပြီး ငါတို့ ဟိုက်ဟွေ့ရဲ့ အထောက်အပံ့တွေကို မင်း သုံးနေတာ မကြားချင်ဘူး။ မင်း အရည်အချင်းနဲ့ မင်း ဘယ်လောက်အထိ အောင်မြင်နိုင်လဲ မြင်ချင်သေးတယ်"
"မင်းရဲ့အဖွဲ့ကိုလည်း ဖျက်သိမ်းတယ်"
"ဒါပေမဲ့ မင်းရဲ့မန်နေဂျာ အကောင်းစားကိုတော့ မင်းဘေးနား ခေါ်ထားလို့ရတယ်"
"မင်းက ငါ့ကို ခြိမ်းခြောက်ရဲတော့ ညှာတာနေစရာ အကြောင်း မရှိဘူး။ မင်း မရှိလို့ ငါတို့ဟိုက်ဟွေ့ရဲ့ ရှယ်ရာ ထိုးကျသွားမလား ကြည့်ရတာပေါ့"
မို့ထင်က တည်ငြိမ်စွာ စစ်ကြေညာသည်။
"ငါ့ကို အများရှေ့မှာ အရှက်ခွဲချင်တာလား.... ဒီလိုဆိုရင်တော့ မင်းရဲ့ဘဝဟောင်းကို ပြန်ပို့ပေးရတာပေါ့"
ကျန်းမန်နီ မှင်တက်နေသည်။ သူမ မမျှော်လင့်ထားသည့် အဆုံးသတ်မျိုး ဖြစ်နေသည်။ သူမကိုယ်သူမ အရေးပါသူဟု တွေးခဲ့မိသော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးနှင့် မို့ထင်အတွက် သူမသာ သာမန်အဆင့်မျှ ရှိသည့် ကျော်ကြားသော မော်ဒယ်မလေး ဖြစ်နေသည်။
ကျန်းမန်နီနှင့် ပြဿနာရှင်းပြီးနောက် မို့ထင်က ထျန်းနင်ကို တံတောင်ဖြင့်တွတ်လိုက်ပြီး
"ပြဿနာတွေအားလုံး ဖြေရှင်းပြီးပြီဆိုတော့၊ မန်နေဂျာ မလိုအပ်တော့ဘူး။ မော်ဒယ် ထျန်းနင် ဘဝကို ပြန်သွားတော့၊ ထျန်းနင်ရဲ့ အလှအပနဲ့ အရည်အချင်းကို ဖွင့်ချပြဖို့ အချိန်တန်ပြီ"
"ဒီပွဲမှာလား"
ထျန်းနင် အံ့အားသင့်မိသည်။
"လူတိုင်းရှေ့မှာပေါ့"
မို့ထင်က ကြင်နာသောလေသံဖြင့် ပြောဆိုသည်။
"ကိုယ် မင်းကို ယုံကြည်တယ်"
"ဒါဆိုရင် ထျန်းနင်က ဘာလုပ်ပေးရမှာလဲ"
မို့ထင်က ကျန်းမန်နီနှင့် ထျန်းနင်ကို ကြည့်ကာ ပြန်ဖြေသည်။
"အဝတ်သွားလဲရုံပဲ"
"မို့သူဌေးက ထျန်းနင်ကို မော်ဒယ်အနေနဲ့ ပွဲတက်ခိုင်းတော့မယ် ထင်တယ်"
"ဒါဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းတာပေါ့။ ကျန်းမန်နီက ခန္ဓာကိုယ် လှလို့ နာမည်ကြီးနေတာလေ။ ထျန်းနင်က ခြေတံရှည်လေးတွေကြောင့် လူသိများတယ်။ ဘယ်သူက ပိုလှမလဲ။ ဘယ်သူနိုင်မလဲ သိချင်တယ်"
"ဘာလို့များ မို့ထင်က တမင်ကြံစည်ရတာလဲ။ ထျန်းနင် ရှုံးနိမ့်သွားမှာ မစိုးရိမ်ဘူးလား"
"ငါ အမှန်အတိုင်း ဝန်ခံရရင် ထျန်းနင်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု ကျန်းမန်နီလောက် မနိမ့်ကျပါဘူး"
ထျန်းနင်က အားလုံး အရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး ခေါင်းလေး မော့ကာ ဆုံးဖြတ်ချက် ခိုင်မာသော လေသံဖြင့် စကားပြောလာသည်။
"ဒီမှာပဲ စောင့်နေကြနော်"
 
 
***
အပိုင်း(၂၆၄)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now