အပိုင်း(၂၃၀) ကျင်းကျင်း နင့်ကို ကူညီပေးမယ်

 
ထျန်းနင်က လေပြေအေးလေးဖြင့် ပြန်မဖြေခင် မှင်တက်သွားသည်။
"ငါတို့က အလုပ်အတူတူလုပ်နေလို့ အတူတူရှိနေတာ မဆန်းကြယ်ပါဘူး"
 
ကောင်မလေးက ပြုံးလိုက်ပြီး မို့ထင်အနားတိုးကပ်ကာ သူမ၏မှတ်စုစာအုပ်လေးကို မို့ထင်အား လှမ်းပေးသည်။
"မို့ဥက္ကဌရဲ့ အမှတ်တရလက်မှတ်လေး ပေးနိုင်မလား။မို့သူဌေးကို တွေ့ရခဲတယ်လေ။ ဒါကြောင့် အမှတ်တရလက်မှတ်လေး လိုချင်မိတယ်"
 
မို့ထင်က ထျန်းနင်ကို မျက်စပစ်လိုက်သည်။
 
ထျန်းနင်က ပခုံးဆက်ခနဲ့တွန့်လိုက်သည်။  မို့ထင်က ပုန်းလျှိုးကွယ်လျှိုး မနေချင်ခဲ့၍ ယခုလို Fan Grilလေးများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။
 
မို့ထင်က ထျန်းနင်ကို လှမ်းအကဲခတ်လိုက်ပြီး ကောင်မလေးလက်ထဲမှာ ရှိသည့် အမည်းရောင်ဘောပင်ကို လှမ်းယူလိုက်သည်။ သူ့အမည်ကို လက်မှတ်ရေးထိုးပြီးနောက် သူက ထျန်းနင်ကို စကားပြောလာသည်။
"ကိုယ်တို့တွေ သွားလို့ရပြီလား"
 
ထျန်းနင် ပြုံးလိုက်သည်။ ယခင်ကထက် ပို၍ သတိထားပြီး လေယာဉ်ပေါ် မတက်မီ သူမ၏နေကာမျက်မှန်နှင့် မျက်နှာကာကို တပ်ဆင်လိုက်သည်။
 
"တရုတ်ပြည်ပြန်ရောက်ရင် 'SuperQueen Award'ပွဲကို ကိုယ်တို့တွေ ဧည့်သည်တော်အနေနဲ့ တက်ရောက်မယ်လေ"
 
SuperQueen Award' ဆုပေးပွဲသည့် ကျန်ခဲ့သည့်နှစ်က ဝင်ငွေအများဆုံးရသည့် မော်ဒယ်များကို အဆင့်သတ်မှတ်ချက် ထားပြီး ဆုပေးသည့် အခမ်းအနား ဖြစ်လေသည်။ ဟွာကျင်းကျင်း၏အမည်က ဆုအမည်စာရင်း၌ ထိပ်ဆုံးမှာ ရှိနေသည်။
 
သို့်တိုင် သူမ၏လက်ရှိအခြေအနေနှင့် ပွဲကို တစ်ဦးတည်းတက်ရောက်လိုက်လျှင် စိုးရိမ်ဖွယ် အခြေအနေကို ရောက်သွားနိုင်သည်။
 
ထို့ကြောင့် မို့ထင်က ထျန်းနင်ကို ဟွာကျင်းကျင်း၏ အဖော်အနေနှင့် ပွဲတက်စေချင်သည်။ ထျန်းနင်ကို ထိပ်တန်းမော်ဒယ် သုံးဦး၏အခြေအနေကို မြင်တွေ့စေပြီး ပိုတိုးတက်စေချင်သည့် စိတ်ဆန္ဒအပြင် ဟွာကျင်းကျင်းကိုလည်း ဂုဏ်ပြုစကား ပြောနိုင်လိမ့်မည်။
 
SuperQueen Award'ပွဲမှာ သူက ထျန်းနင်၏မန်နေဂျာ ဖြစ်ကြောင်း တရားဝင်ကြေညာရလိမ့်မည်။ ထိုမှသာ ထျန်းနင်၏အဆင့်အတန်းကို မြှင့်တင်ပေးသလို ဖြစ်လိမ့်မည်။
 
"ရှင့်ကို ဆုံးဖြတ်ခွင့်ပေးမယ်"
ထျန်းနင်က မို့ထင်ကို အကြွင်းမဲ့ယုံကြည်သည်။
 
မို့ထင်က ထျန်းနင်ကို ဖက်ထားလိုက်ပြီး နဖူးကို အနမ်းခြွေလိုက်သည်။ ယခုအချိန်တွင် သူ့စိတ်ထဲ ဘာဆိုဘာမှ မစဉ်းစားနိုင်ချေ။ ထျန်းနင်အတွက် အကောင်းတကာ့အကောင်းဆုံးများသာ ပေးချင်မိသည်။
 
ဟွာကျင်းကျင်း၏ကျော်ကြားမှု အရှိန်အဝါကြောင့် မီဒီယာအားလုံးက ဟိုက်ဟွေ့ ကျင်းပမည့်သတင်းစာ ရှင်းလင်းပွဲကိုသာ အာရုံစိုက်နေကြသည်။ ထျန်းနင်နှင့် မို့ထင်တို့ တရုတ်ပြည်ပြန်ရောက်နေခြင်းကား မည်သူမှ သတိမထားမိခဲ့ပေ။
 
အိမ်ပြန်လာသည့်ခရီးစဉ်တစ်လျှောက်လုံး တူညီသည့်ပြောဆိုဆွေးနွေးမှုများကို ဆက်တိုက်ဆက်တိုက် ကြားခဲ့ရသည်။
"ဟွာကျင်းကျင်းက သနားစရာကောင်းပါတယ်လို့ လာမပြောနဲ့။ အဲဒီမိန်းမကြီးက ဟန်ဆောင်ကောင်းတဲ့ အကြီးစားလောင်းကစားသမားကြီးပဲ။ ဘာမှ အထင်ကြီးနေစရာ မလိုအပ်ဘူး"
 
"စူပါမော်ဒယ်တစ်ယောက်ရဲ့ဘဝက အဲလောက်အထိ ရှုပ်ထွေးမယ်လို့ ထင်ကိုမထင်ခဲ့မိပါဘူးဟယ်"
 
"အဲဒီဟွာကျင်းကျင်းက သုံးခါတောင် ကိုယ်ဝန်ပျက်ကျထားတော့ ကလေးထပ်ရနိုင်ပါတော့မလား"
 
"ငါတော့ အဲမိန်းမကို အော့နှလုံးနာတယ်ဟယ်...ပြောလေ ကြားလေ ရွံလေပဲ။ နင်တို့ဆက်မပြောပါနဲ့တော့"
 
သူတို့အပြောအဆိုကြောင့် ထျန်းနင် လှောင်ရယ်လိုက်သည်။
 
ကျော်ကြားသူတို့ကို လူကြိုက်များသည်ဟု မည်သူ ပြောခဲ့သနည်း။
 
လက်တွေ့မှာ ကျော်ကြားသူတို့က ရန်သူပို၍ ပေါများလေ့ရှိသည်။
 
ကုမ္ပဏီစီစဉ်ပေးသည့် အလုံပိတ်ကားပေါ်မှာ ထိုင်နေသည့်ထျန်းနင်က မို့ထင်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။ မို့ထင် သူ့အနားရှိနေပေးလျှင် ထျန်းနင်၏စိတ် အေးချမ်းသည်။
 
မို့ထင်က ထျန်းနင်၏ဦးခေါင်းကို သူ့ပေါင်းပေါ် တင်စေပြီး သူမ၏နက်မှောင်သောဆံနွယ်လေးများကို နွေးထွေးသည့်လက်ဖဝါးဖြင့် ဖွဖွလေး သပ်ပေးသည်။
"ကိုယ်တို့်တွေ အိမ်ပြန်ရောက်ရင် အချစ်ကို နိုးမယ်လေ။ အနားယူလိုက်ဦး"
 
"ဟင့်အင်း။ ထင်က ဟိုက်ဟွေ့မှာ ပြဿနာတွေ သွားရှင်းသင့်တယ်"
 
"ဒီလိုကိစ္စမျိုးက ကိုယ်ရှေ့ထွက်ပေးစရာ မလိုဘူး အချစ်ရဲ့။ ဖန်ယွီ ဖြေရှင်းနိုင်ပါတယ်"
 
"ဒီလိုဆိုရင် အချစ်က ဟွာကျင်းကျင်းကို သွားတွေ့ချင်တယ်။ မိန်းကလေးချင်းဆိုတော့ နှလုံးသားချင်း ပိုနီးစပ်တယ်လေ။ မဟုတ်ဘူးလား 'ထင်'ရဲ့"
 
မို့ထင်က ထျန်းနင် တောင်းဆိုမှုကို မငြင်းဆန်ခဲ့ပေ။ ဟွာကျင်းကျင်း၏အိမ်ဘက်ကို မောင်းနှင်ပေးရန် လုချယ်ကို ညွှန်းကြားလိုက်သည်။
 
သို့သော်လည်း ဟွာကျင်းကျင်း၏အိမ်ကို သတင်းထောက်များ ဝိုင်းထားသည်။ ဟွာကျင်းကျင်းက ထွက်တွေ့၍ မရ ၊ ထျန်းနင်ကလည်း အိမ်ထဲဝင်တွေ့ မရဖြစ်နေသည်။ ထို့ကြောင့် ကြံရာမရသည့်အဆုံး ထျန်းနင်က ဟွာကျင်းကျင်းကို ဖုန်းခေါ်လိုက်သည်။
 
သိပ်မကြာလိုက် ဟွာကျင်းကျင်းက လျှို့ဝှက်ထွက်ပေါက်ကို အသုံးပြု၍အိမ်အပြင်ထွက်လာပြီး ထျန်းနင်တို့ကားပေါ် တက်လိုက်သည်။
 
ဟွာကျင်းကျင်း၏မျက်နှာကို ဖုံးကွယ်ထားသည့် ပဝါကို ထျန်းနင်က အတင်းဖယ်လိုက်သည်။ သူမ၏မျက်နှာပေါ်မှာရှိသည့် ဒဏ်ရာဒဏ်ချက်များကို မြင်လိုက်ရသည်။
 
"နင့်ကို ထပ်ရိုက်ပြန်ပြီလား"
 
ဟွာကျင်းကျင်းက ပဝါကို ခုံပေါ်တင်ပစ်တင်လိုက်ပြီး သွေးပါသည့်ချောင်းဟန့်လိုက်သည်။
"ဟိုမသာကောင်နဲ့ အပြတ်အသတ်တိုက်မယ်လို့ ကြေညာလိုက်မိတယ်။ အကျိုးဆက်အနေနဲ့ မသာကောင် အရမ်းဒေါသထွက်ပြီး ငါ့ကို သတ်ချင်နေတာလေ။ ဒါကြောင့် အခွင့်အရေးရှာပြီး လွတ်အောင်ပြေးထွက်ခဲ့တာပါ"
 
ထျန်းနင်က စကားတစ်ခွန်းမှ မပြောဘဲ ဟွာကျင်းကျင်းကို တိတ်တဆိတ် ငေးကြည့်နေသည်။
 
ဟွာကျင်းကျင်းကလည်း ကားအရှေ့ခုံကို မှီကာ မျက်နှာဝှက်လိုက်ပြီး မျက်ရည်စက်များကို ပါးပေါ်ပြင်ပေါ် ကျဆင်းခွင့်ပြုလိုက်သည်။
"သူက ငါပိုင်သမျှအကုန်လိုချင်နေတာ။ မပေးရင် ငါတို့လိင်ဆက်ဆံနေတဲ့ဓာတ်ပုံကို ဖွင့်ချလိုက်မယ် ခြိမ်းခြောက်ထားတယ်။ ငါ တကယ်ပဲ သတ်သေချင်နေပြီ။ ငါနဲ့အတူတူ ဒင်းကိုလည်း မရဏလမ်း​ခေါ်သွားချင်တယ်"
 
ထျန်းနင်က ဟွာကျင်းကျင်းကို ငေးမောကြည့်လိုက်ပြီး လေးလေးနက်နက် မေးမြန်းလိုက်၏။
"ငါ့ကို အရိုးသားဆုံး ဖြေပေးနိုင်မလား ကျင်းကျင်း။ အဲဒီလူယုတ်မာရဲ့ အပျော်မယားဘယ်လိုသေသွားခဲ့တာလဲ"
 
"အဲဒီမိန်းမက လမ်းပေါ်မှာ မသေမချင်းအရိုက်ခံရတာ။ ငါက လူငှါးပြီး သူ့မိန်းမကို သတ်ခဲ့ပါတယ်လို့ ယူဆလိုက်တယ်လေ"
 
"နောက်ပိုင်း နင် အဖြစ်မှန်ကို စုံစမ်းခဲ့သေးလား"
ထျန်းနင် မေးလိုက်သည်။
 
"ဒါပေါ့ ငါစုံစမ်းကြည့်တာပေါ့။ ဒါပေမဲ့လေ ငါ့ကို ယုံကြည်ပေးနိုင်တဲ့ လူတချို့စတော့ လိုအပ်တယ်..."
 
ထျန်းနင် စကားဖြတ်ပြောလိုက်သည်။
"နင် သိထားသမျှ ငါ့ကို ပြောပြ။ နင်ရှာတွေ့ထားတဲ့ သက်သေအထောက်အထားတွေကို ဆက်စုံစမ်းကြည့်မယ်"
 
"ကျင်းကျင်း။ အဲဒီလူယုတ်မာကောင်ကို အကောင်းဆုံး လက်စားချေနည်းက သူ နောင်တရအောင် လုပ်ဖို့ပဲ။ နင့်ကို ပြန်တောင်းပန်စေရမယ်... နင်ကတော့ သူ့ကို ပြန်လှည့်ကြည့်စရာတောင် မလိုအပ်ဘူး"
 
"ဘာပဲဖြစ်ဖြစ် နင်က ကျော်ကြားတဲ့စူပါမော်ဒယ်ပဲ။ ဒီကစားပွဲလှည့်ကွက်ကို ပြောင်းပြန်လှန်နိုင်တဲ့ အခွင့်အရေး ရှိတယ်"
 
ပြဿနာကို အတည်ငြိမ်ဆုံး စိတ်အခြေအနေနှင့် ရင်ဆိုင်နေသည့် ထျန်းနင်ကို ဟွာကျင်းကျင်း အထင်ကြီးလေးစားစွာ ငေးကြည့်နေသည်။
 
ထျန်းနင်က လူယုတ်မာကောင်ကို နောင်တရအောင် လုပ်မည့် အတွေးမျိုးရှိသော်လည်း သူမကတော့ ညလယ်ခေါင်နိုးထလာတိုင်း သူ့ဘေးနားမှာ အိပ်နေသည့် အမျိုးသားကို လည်ပင်းညှစ်သတ်ချင်သည့်စိတ် အကြိမ်ကြိမ် ဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာ သူမ၏စိတ်က ထင်သလောက် မရက်စက်နိုင်ပေ။
 
ဤတစ်ကြိမ်တွင် သူမ၏စိတ် ပျော့ညံ့နေ၍ မဖြစ်ချေ။ သူမလည်း မျက်လွှာချထားပြီး ထျန်းနင်၏အကြံအစည်ကို သဘောတူလိုက်သည်။
"အိုကေ"
 
ထိုစကားကိုပြောပြီးနောက် ဟွာကျင်းကျင်းက ထျန်းနင်ကို ငေးကြည့်ပြီး ရုတ်တရက် ရယ်လိုက်ငိုလိုက် လုပ်နေသည်။
"ထျန်းနင် ။ နင်က အမြဲတမ်း ဒီလိုပဲ တည်တည်ငြိမ်ငြိမ်လား။ ဒါမှမဟုတ် မို့သူဌေး လေ့ကျင့်ပေးထားလို့လား"
 
"ဒီက သူဌေးကြီးက ငါ့ကို ငရဲတွင်းက ဆွဲထုတ်ပြီး ဘဝအသစ် ပေးခဲ့တာပဲ"
 
"ထျန်းနင် ။ နင်နဲ့ သူဌေးကြီး ဆက်ချစ်နေရမယ်နော်။ ချစ်ခင်နေတဲ့စုံတွဲလေးတွေကို မြင်ရတော့ တခြားသူတွေအတွက် ခွန်အားဖြစ်တာပေါ့။ ဒါမှ ငါတို့လည်း အချစ်ကို ရှာနိုင်ပါလားလို့ ယုံကြည်လာမယ်လေ"
 
ထျန်းနင်က ဟွာကျင်းကျင်းနှင့် ဘေးချင်းယှဉ် မတ်တတ်ရပ်လိုက်သည်။
"ငါက နင့်အတွက် ပြဿနာတွေကို ရင်ဆိုင်ပေးမယ်။ အခက်အခဲကြားထဲက နင့်ကို ဆွဲထုတ်ပေးမယ်"
 
"နင်လည်း ပြန်တော့။ သတင်းစာရှင်းလင်းပွဲအဆင်ပြေအောင် ဖန်ယွီနဲ့ ဆက်တိုက်နေရတယ်"
 
ထျန်းနင် ကောက်ခါငင်ခါ အကြံတစ်ခု ရသွားသည်။
"သတင်းစာရှင်းလင်းပွဲကို မသွားနဲ့တော့ ဆေးရုံကို သွားရမယ်။ ငိုပြနေရုံနဲ့ မျက်ရည်ချူဖို့က မလွယ်ကူဘူး။ နင့်ဒဏ်ရာတွေကို အမျိုးသမီးထုကြီး သိအောင် ပြပေးဖို့ လိုအပ်တယ်။ ဒါမှ နင့်အတွက် အထောက်အပံ့ ဖြစ်လာမှာလေ။ ငါပြောတာ သဘောပေါက်တယ်မလား"
 
ဟွာကျင်းကျင်းက ထျန်းနင်၏ရည်ရွယ်ချက်ကို သဘောပေါက်ပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
 
ထျန်းနင်က သူမနေထိုင်သည့် စံအိမ်တော်ကို ပြန်လာခဲ့သည်။ သိပ်မကြာလိုက် ဖျော်ဖြေရေးသတင်းတစ်ပုဒ် ပေါ်ထွက်လာသည်။
 
'သတင်းစာရှင်းလင်းပွဲ မကျင်းပမီ ဟွာကျင်းကျင်း ဒဏ်ရာအသစ် ထပ်ရပြီး ပါးစပ်ပေါက်ပိတ်ထားရန် ခြိမ်းခြောက်ခံရကြောင်း'
 
၎င်းသတင်းထွက်ပေါ်ပြီး သိပ်မကြာလိုက် ဖန်ယွီက ဟွာကျင်းကျင်း၏ ဒိုင်ယာရီစာအုပ်ကို အများသိအောင် ဖွင့်ချလိုက်သည်။
 
နှစ်ပေါင်းများစွာ အိမ်တွင်းအကြမ်းဖက်ခံရသည့် အမျိုးသမီး တွေ့ကြုံခဲ့ရသည့် ဖိနှိပ်မှု နှင့် နာကျင့်ခံစားခဲ့ရသည့် ဖြစ်ရပ်မှန်များကို ဒိုင်ယာရီစာအုပ်မှာ ရေးသားထားသည်။
 
ဒိုင်ယာရီစာအုပ်ကြောင့် လူအများစု၏ အမြင်ပြောင်းလဲသွားသည်။ အထူးသဖြင့် အမျိုးသမီးများက ၎င်းစာအုပ်ကို ဖတ်ရှုပြီးနောက် တချို့ဆို ငိုကြသည်။
 
ဒိုင်ယာရီစာအုပ်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း သက်သေထူနေသည်ကား ဟွာကျင်းကျင်း အရိုက်ခံရသည့် ဒဏ်ရာများ ဖြစ်လေသည်။
 
အမျိုးသမီးထုကြီးက ချက်ချင်းပဲ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ဟွာကျင်းကျင်းကို ကာကွယ်ပြောဆိုကြသည်။ သိပ်မကြာလိုက်  ဟွာကျင်းကျင်း၏ မကောင်းသတင်းအားလုံး မြူမှုန်လို လွင့်ပြယ်သွားသည်။
 
ပြီးပါပြီ။
 

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now