"တတိယအချက် ဟန်ရှင်းအာရဲ့ကိစ္စက ထျန်းနင်ရဲ့ ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ကျဆင်းစေခဲ့တယ်။ ငါတို့လက်ထဲမှာ သက်သေလည်း ရှိနေပြီဆိုတော့ ဒီကိစ္စကို ဆွပေးခဲ့တဲ့လူကို တရားဥပဒေအရ  သတိပေးစာ ပို့ရလိမ့်မယ်။ ဒီလိုအပြုအမူဆိုးကို ဥပဒေအရ ပြစ်ဒဏ်ပေးရလိမ့်မယ်"

"နောက်ဆုံးအနေနဲ့ ပြောချင်တာတော့ ဟိုက်ဟွေ့က မီဒီယာသမားတွေနဲ့ ပရိသတ် အားလုံးကို အကြိမ်ကြိမ်သတိပေးထားခဲ့ပြီးပြီ။ စကားတစ်ခွန်း စာတစ်ကြောင်း သတင်းတစ်ပုဒ်ကို မရေးခင်အကြိမ်ကြိမ်စဥ်းစားပါ။ မျက်ကန်းတစ္ဆေ မလုပ်ကြပါနဲ့လို့ နှိုးဆော်ပါရစေ"

"အားလုံးက အလုပ်အတူတူ လုပ်ပြီး ပျော်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးသင့်ပါတယ်"

"အခုကျွန်တော် ပြောသမျှ စကားလုံးတိုင်းက ဟိုက်ဟွေ့ကို ကိုယ်စားပြုပါတယ်"

ဖန်ယွီ ပြောလိုက်သည့် စကားလုံးတိုင်းက တိကျပြတ်သားပြီး ထိရောက်မှု ရှိသည်။ သတင်းထောက်အားလုံးကို ဥပဒေနှင့် ချုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။ သတင်းထောက်အားလုံးက နဂိုတုန်းက စနောက်နေသည်ဟု တွေးခဲ့မိသော်လည်း ဥပဒေဟူသည့် ကြောက်စရာအကောင်းဆုံးလက်နက်ကို ဟိုက်ဟွေ့က ထုတ်သုံးသွားသည်။

သတင်းထောက်အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့အသုံးချခံလိုက်ရမှန်း သိသော်လည်း ငြိမ်ခံနေရုံမှလွဲ၍ ဘာဆိုဘာမှ မလုပ်ဆောင်နိုင်ချေ။ သူတို့အားလုံးက အမှန်တရားကို မရှာခဲ့ဘဲ ပရိသတ် စိတ်လှုပ်ရှားစေမည့် ဖွသည့် သတင်းများကိုသာ တင်ဆက်ခဲ့ကြသည်။

သတင်းအသစ်ကို အရင််ဆုံး တင်ခွင့်ရရှိရန်သာ အချင်းချင်း တိုက်ခိုက်နေကြပြီး အမှန်တရားက သူတို့နှင့် မသက်ဆိုင်သည့် ကိစ္စရပ် ဖြစ်လာခဲ့သည်။

ထို့ကြောင့် အမှန်တရားကို သိလိုက်ရချိန် သူတို့အားလုံးက ထျန်းနင်ကို အပြစ်ရှိသလို ခံစားရသော မျက်ဝန်းများဖြင့် ငေးကြည့်ကြသည်။

ထျန်းနင်က ဘာအမှားလုပ်ခဲ့လို့လဲ။

သူမက ပစ်မှတ်ထားခံရ ချောက်ချခံရ နှင့် ဘဝပျက်လုနီးပါး ဖြစ်ခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now