စာစဉ်(၁၅) ep201+202+203+204+205

Start from the beginning
                                    

လုံကျဲက တဒိတ်ဒိတ်ခုန်နေသော သူမ၏နှလုံးသားလေးကို ထိန်းချုပ်ရန် ကြိုးပမ်းပြီး ကြောက်စိတ်ထူပူ နေရသည်။ အရောင်တောက်ပလွန်းသည့် လုချယ်ရဲ့မျက်လုံးများကို ငေးကြည့်ပြီး ဘာဆက်လုပ်ရမည်မှန်းမသိ ဖြစ်နေရသည်။

လုချယ်က သူ့ကိုတမင်ရည်ရွယ်ပြီး စနေတာလား။ ဒါမှမဟုတ် သူ့မျက်နှာကိုသေသေချာချာ မြင်ရအောင်သူမ၏အရှေ့ကို ရောက်လာခြင်းလား သေချာမတွေးတက်တော့ပေ။

‘ငါ့ကို ဒီလိုမျိုးမစပါနဲ့'
လုံကျဲက သူမရဲ့စိတ်ထဲမှာ တီးတိုးရေရွတ်နေမိသည်။ နင့်ကိုပြေးဖက်ချင်တဲ့စိတ်တွေ ဖြစ်လာပြီ။

လုချယ်က လုံကျဲကိုခဏမျှငေးကြည့်လိုက်သည်။ လုချယ်သူ့ကိုကြည့်လို့ဝပြီဟု ယူဆကာ သူလည်းမတ်တတ်ရပ်ကာ စကားပြောလိုက်သည်။

"ငါ့ရဲ့အရှေ့မှာထိုင် ငါ့နောက်မှာ ငါ့ကိုတစ်ယောက်ယောက်က ချောင်းကြည့်တာသိရတာ  ကြက်သီးတွေထတယ်"

လုံကျဲပြောစရာစကားများ ကင်းမဲ့နေသည်။ သူ့ကိုဘာလို့ချောင်းကြည့်နေတာလဲဆိုတာ ဒီအရူးကောင်ကမသိဘူးလား။ EQကတကယ်နိမ့်တာပဲ။ ကုရာနတ္တိဆေးမရှိ ဖြစ်နေပြီ။

လုံကျဲအနည်းငယ်ဒေါသထွက်မိသည်။ သူမ၏‌ရှေ့မှာရှိနေသည့် စာချုပ်များကိုဆုပ်ကိုင်ပြီး လုချယ်နိဂိုထိုင်သည့်နေရာကိုပြန်သွားလိုက်သည်။ သူမရဲ့ခေါင်းကိုငုံ့လိုက်ပြီး သူမရဲ့အတွေးကမ္ဘာထဲကို အလျင်အမြန်ဝင်ရောက်လိုက်သည်။

လုချယ်ကိုဆက်လက်ငေးမောကြည့်ခြင်းမရှိတော့ပေ။ ငတုံးကောင်းလုချယ်ကြောင့်စိတ်တိုရလွန်းလို့ သေသွားနိုင်သည်။

လုချယ်ကဘောပင်လေးကိုကိုက်ပြီးတော့ လုံကျဲရဲ့ကျောကုန်းကို ငေးကြည့်နေမိသည်။ သူ့ရဲ့နှုတ်ခမ်းလေးကလည်း မသိမသာ အပေါ်သို့တက်သွားသည်။ 

‘ကိုယ့်မျက်နှာကို သေချာကြည့်ခွင့်ပေးတဲ့မိန်းကလေးက မင်းတစ်ယောက်ထဲပဲ။ ပြီးတော့ မင်းကို လည်း ကိုယ်ငေးကြည့်ချင်တယ်’

အချိန်နှစ်ရက်ကြာပြီးနောက် ထျန်းနင်က ဂျေကေ၏အလုပ်အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးခြင်းကို အာရုံစိုက်နေရသည်။ အလုပ်တစ်ခုပြီးတစ်ခုကို လုပ်ဆောင်နေရပြီး ရိုက်ကွင်းပေါင်းများစွာကို သွားလာနေရသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now