EP-16 (END)

877 77 4
                                    


*****

နာရီသံ တချက်ချက်ကို အာရုံစိုက်ရင်း အချိန်တွေကို ရေတွက်နေသည်။ ကုတင်ပေါ်တွင် ပက်လက်လှန်ကာ မျက်စိအစုံကို မှိတ်လျက် အချိန်မှတ်နေပြီး ကိုးနာရီခွဲသည်နှင့် ငေါက်ကနဲ ထထိုင်လိုက်တော့ အချိန်ကိုက် ဖုန်းသံ တဒီးဒီးမြည်လာသည့်။ ကျေနပ်သွား၍ တွန့်ကွေးသွားသည့် နှုတ်ခမ်းအစုံကို တင်းတင်းစေ့ပြီး ဖုန်းကိုင်လိုက်သည်နှင့် မင်ဂယူး၏ ညည်းညူသံတို့က စီကနဲ ထွက်လာသည်။

"မြောင်ဟို ငါဒီနေ့ အရမ်းပင်ပန်းတာပဲ .......ပင်ပန်းလွန်းလို့ ခြေချောင်းတွေတောင် မလှုပ်ချင်တော့ဘူး .. ဆရာကလည်း Training ပေးတာ တအားကြပ်တာမို့ နားချိန်တောင် သေချာမပေးဘူး... ဒါပေမယ့် ဆရာက ငါ့ကို အလားအလာရှိတယ် ဘာညာနဲ့တော့ ချီးကျူးပါတယ်.. ချီးကျူးတာနဲ့တန်အောင်လည်း အသေကြပ်တာ .. ဟိုဟာမစားရဘူး ဒီဟာမစားရဘူးနဲ့ကွာ .. အစားကအစ လိုက်ပြောနေတော့တာပါဆို "

မြောင်ဟို ဖြေရှင်းမပေးနိုင်သည့်ကိစ္စတွေကို အဆက်မပြတ်ညည်းညူတိုင်တောနေသည့် မင်ဂယူးက တကယ့်ကို ကလေးတစ်ယောက် ကဲ့သို့ပင်။

ပြည်နယ်အဆင့်ပြိုင်ပွဲကြောင့် ဘတ်စကတ်ဘောအသင်းနှင့်အတူ ဂ‌ယောင်းဂီဒိုသို့ ရောက်နေသည့် မင်ဂယူးကို မတွေ့ရသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။ နေ့ခင်းဘက်ကိုတော့ ပုံမှန်ကျောင်းသွားရင်း ညကျ မင်ဂယူး ဖုန်းခေါ်မည်ကို မသိမသာမှသည် သိသိသာသာ စောင့်နေမိသည်မှာ ညတိုင်း။

" မြောင်ဟို မင်းအသံလောက်နဲ့ ငါအားမရတော့ဘူး"

တီကနဲ ဖုန်းချသွားပြီး ချက်ချင်းလိုလို video called နှင့် ပြန်‌ဆက်သွယ်လာသည်။ မြောင်ဟို့ ဖုန်းမျက်နှာပြင်ပေါ် နေရာယူကာ ရောက်လာသည့် မျက်နှာချောချောက ပြုံးတုံ့တုံ့နှင့်။ ဆံပင်တွေ ရှုပ်ပွနေပြီး အနီးကပ်မြင်ရသည့် မျက်နှာတွင် နှာသီးလေး၏ထိပ်ဖျားမှ မှဲ့နက်လေးကိုပါ မြင်နေရသည်။

"အာ.... မြင်ရမှ ပိုလွမ်းလိုက်တာ ။ ဒီက‌နေ ထွက်ပြေးချင်စရာကောင်းအောင် ချစ်စရာမကောင်းနဲ့လေ ။ လွမ်းလွန်းလို့ မျက်နှာကြည့်ဖို့ ခေါ်လိုက်တာ မှားပြီနဲ့တူတယ် .. ခုချက်ချင်းတောင် ပြန်လာချင်နေပြီ"

All my attention is on you [ Complete ]Where stories live. Discover now