EP-3

540 70 3
                                    

                                    *****

"အဒေါ်ကြီး ကျွန်တော့်ကို အသား နည်းနည်း ထပ်ထည့်ပေးပါဆို ကျွန်တော့် ခန္ဓာကိုယ်က ဘယ်လိုဖြစ်ပြီး ဒီလောက်လေးနဲ့ စားလို့ ဝမှာလဲ ကြောင်စာကျွေးနေတာလဲ မဟုတ်ပဲ"

"ကျောင်း‌သားလေး အဒေါ်တို့ ကျောင်းသားအားလုံးအတွက် ညီညီမျှမျှ လောက်လောက်ငှငှ ထည့်ပေးထားပါတယ် .. ကိုယ့်ပန်းကန်ကိုယ်ပြန်ကြည့်ပါဦး သတ်မှတ်ထားတာထက်တောင် ပိုထည့်ထားပြီး ဂျီးမများပါနဲ့နော်"

မင်ဂယူး ရယ်ကျဲကျဲဖြင့်သာ ‌ဝက်အူ‌ချောင်းတွေ ပဲတွေ ဇွတ်ထည့်ထားသော ပန်းကန်ကိုမလျက် ထမင်းစားသည့်နေရာသို့ လျှောက်လာသည်။

"မြောင်ဟို မင်းသိလား တကယ်တမ်းကျတော့ မတရားဘူးကွ ကျောင်းထဲ အပြင်စာဝယ်လာပြီး မစားခိုင်းလို့ မှာစားလို့လဲ မရဘူး ကျောင်းကန်တင်းက စားစရာတွေကလည်း တစ်နေ့တစ်နေ့ ဒါတွေထပ်နေတာကို ပျင်းစရာကောင်းလိုက်တာ အပြင်က မှာစားတာလောက်တော့ ခွင့်ပြုသင့်တယ်မလား"

ဆောမြောင်ဟို ပန်းကန်ထဲ ဝက်အူချောင်းတွေ ထည့်ပေးရင်း မင်ဂယူး ငြူငြူစူစူဖြင့် ပြောနေသည်။မင်ဂယူးက သူအစားကြီးသလောက် သူ့ရှေ့က အစားအင်မတန်နည်းသော ပိန်သေးသေးဆောမြောင်ဟိုကို မြင်ရင် တကယ် အားမရနိုင်ပါ ။ အစားများများစားမှ ဖြစ်မှာကို။ ယခုလည်း မင်ဂယူး ထည့်ပေးထားသည်များကို ကုန်အောင်မစားနိုင် တို့ကနန်း ဆိတ်ကနန်းနှင့် ဟိုတို့ ဒီတို့ လုပ်ပြီးသာ ပြီးသွားသည် ။မင်ဂယူးသာ တရှူးရှူး စားနေခြင်းဖြစ်သည်။

ယခုတလော ဂင်မင်ဂယူးတစ်ယောက် အင်မတန် အလုပ်များပါသည်။အချိန်တိုင်းနီးပါး ဆောမြောင်ဟိုနားတွင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ကပ်နေသည်။ စာသင်ချိန်တွင် စာအုပ်မပါဘူး မေ့ကျန်ခဲ့တယ် အကြောင်းပြကာ ဆောမြောင်ဟိုနှင့် မကြာခဏ စာအုပ်အတူတူ ကပ်ကြည့်သည်။ မိုးလေဝသ သတင်းမှအစ ရပ်ကွက်ထဲက ရန်ပွဲအဆုံး ဘယ်လမ်းမှာ ဘယ်ဆိုင်က အသစ်ဖွင့်သည် ကျောင်းအပြန်လမ်းက တော့ပုကီဆိုင်ရဲ့ အရသာက ဘယ်လိုပြောင်းသွားသည်အထိ လတ်တလော ခေတ်စားနေသမျှ ဂိမ်းတွေ သီချင်းတွေ ရုပ်ရှင်တွေလည်းမကျန် ဆောမြောင်ဟို နားထောင်‌နေလျှင် အကုန်ပြောပြသည်။ ဆောမြောင်ဟို ပန်းချီဆွဲနေလျှင် ပန်းချီခန်းမထဲအထိ လိုက်လာပြီး ဂိမ်းလာဆော့သည်။‌စာကြည့်တိုက်ထဲ ဆောမြောင်ဟို စာဖတ်နေလျှင် စာအုပ်အထပ်လိုက် ခေါင်းအုံးကာ ဘေးတွင် ထိုင်အိပ်သည်။ကျောင်းကန်တင်းမှာလဲ အဒေါ်ကြီးတွေနှင့် ခဏခဏ အာကျယ်အာကျယ်လုပ်ပြီး မြောင်ဟိုအတွက် ပိုထည့်ခိုင်းသေးသည်။

All my attention is on you [ Complete ]Where stories live. Discover now