EP-7

452 64 0
                                    

                                 *****

ဒီနေ့တော့ မင်ဂယူး မပျော်တော့ပါ။ ရှိုးအပြည့်ထုတ်လာပြီး တက်တက်ကြွကြွဖြင့် ကျောင်းရောက်လာသည်ကို ကျောင်းတက်သွားချိန်အထိ မင်ဂယူးဘေးကနေရာမှာ ပိုင်ရှင်မရှိပဲ လွတ်နေသည်။

မြောင်ဟိုက ဘာလို့ ကျောင်းမလာတာလဲ?

ဖုန်းခေါ်လို့လည်း မရသည်မို့ အတန်းနားချိန်တွင် အတန်းခေါင်းဆောင်ကို ဂျစ်တိုက်ပြီး အတန်းပိုင်ကို သတင်းနှိုက်ခိုင်းတော့ ရုတ်တရတ်အရေးကြီး ကိစ္စကြောင့် တရုတ်ပြန်ဖို့ တစ်ပတ်တောင် ခွင့်တင်ထားသည်တဲ့။

မြောင်ဟိုက စိမ်းကားလိုက်တာ ၊ ဘာလို့ သူ့ကို မပြောပြတာလဲ?

နေရောင်ခြည်တွေဖြာကျနေပြီး နွေးထွေးနေတဲ့ ရာသီဥတု ဖြစ်နေပေမယ့် မင်ဂယူး ရင်ထဲမှာတော့ တိမ်စိုင်တိမ်မဲတွေက အုံ့မှိုင်းလို့။

ဒီလောက် ရာသီဥတုကောင်းနေလို့ရော ဘာလုပ်ရမှာလဲ ၊ ပြတင်းပေါက် ခန်းစီးကတစ်ဆင့် ဖြာကျနေတဲ့ နေရောင်နုနုအောက်မှာ အရင်လိုထိုင်နေမယ့် မြောင်ဟိုမှ မရှိတာ။ လေတသုန်သုန်ဝှေ့နေ ဝဲနေတော့ရော ဘာထူးလို့လဲ၊ မြောင်ဟိုရဲ့ဆံပင်အိအိလေးတွေ လေနဲ့အတူလှုပ်နေတာကို အိပ်ချင်ယောင်ဆောင်ပြီး ခိုးငေးလို့မှ မရတော့တာ။

မင်ဂယူး စိတ်ထဲ သံပရာသီးဓာတ်တွေပြည့်နေသည်။ အားကစားရုံ အနောက်ဘက်မှာ ခိုးတွေ့နေကြသည့် အတွဲတွေကိုလည်း ကြည့်မရ ၊ ကျောင်းကန်တင်းမှာ နေ့လည်စာအတူစားပြီး တစ်တီတူးနေကြသော အတွဲတွေကိုလည်း မျက်လုံးထဲ ကန့်လန့် ၊ အဆိုးဆုံးက လီရှင်းဂျူတို့အတွဲပင်၊ မျက်စိရှေ့မှာထိုင်ပြီး ကိုယ့်ပန်းကန်ထဲကဟာ ကိုယ့်ဘာကိုယ်မစားကြပဲ အပြန်အလှန် ဟိုထည့်ဒီထည့်နှင့် လီရှင်းဂျူဆို ငါးခူပြုံးကြီးပြုံးပြီး နားရွက်တွေပင် လာနီပြနေသေးသည် ရေနှင့် ကောက်ပက်လိုက်ရမကောင်း။

ကျောင်းမှ အိမ်ပြန်‌ရောက်သည့်အချိန်အထိ အားအင်တွေ မရှိသည်မှာ သုညရာခိုင်နှုန်းအထိ ကျဆင်းလျက်။
မြောင်ဟိုမရှိပဲ တစ်ပတ်တောင် နေရမှာလား ?

All my attention is on you [ Complete ]Waar verhalen tot leven komen. Ontdek het nu