EP-4

500 72 0
                                    

                                     *****

“လူမှားပစ်တဲ့ကောင် ဘယ်သူလဲဟေ့.. ဟ လူမှားနေတယ်လို့..”

“လူအသစ်ထည့်ထားတာလားကွ သွားပါပြီ..
ဆက်လိုက်လေ ဆက်လိုက်ပါဆို ရပ်မနေနဲ့ .. အကုန်သေကုန်တော့မှာပဲ”

“ဒုန်း”

ဂင်မင်ဂယူးတို့လောင်ပါပြီ။headphoneကို ဆောင့်ချွတ်ပြီး ကုတင်ပေါ်တက်ကာ ခေါင်းအုံးကို လက်သီးဖြင့် အချက်‌ပေါင်းများစွာ ပစ်ထိုးနေမိသည်။

ကျောင်းပိတ်ရက်ဖြစ်သည်‌က တစ်ကြောင်း အမေနှင့်အဖေ နှစ်ယောက်လုံး အလုပ်ကိစ္စခရီးထွက်နေသည်ကတစ်ကြောင်း မိုးလင်းကတည်းက လုပ်စရာ မည်မည်ရရမရှိပဲ ပျင်းရိငြီး‌ငွေ့စရာ ကောင်းနေသည်မှာ ပျော့ပြဲကာ အရည်ထွက်မတတ်ပင် ။ ဂိမ်းဆော့တော့လဲ အဆင်မပြေ အပြင်ထွက်ဖို့ရာလည်း တစ်ယောက်မှ ညှိလို့မရ။လီရှင်းဂျူကို ဖုန်းဆက်တော့ ကျေးဇူးရှင်က ဟိုတလောကမှ ရထားသည့် ကောင်မလေးအသစ်စက်စက်နှင့် dateနေသည်တဲ့။ 

မင်ဂယူးကိုယ်တိုင်ကလည်း ကျောင်းပိတ်လျှင် စာပိတ်ကာ ကျောင်းမှ ပေးလိုက်သော အိမ်စာများကိုပင် ကျောင်းဖွင့်ခါနီးမှ အူယားဖားယားရေးတတ်သည့်လူမျိုးမို့ ယခုလောလောဆယ် ဘာစာမှလဲ မလုပ်ချင်။ဒီတစ်ပတ် ပိတ်ရက်က စိတ်ထဲ တော်တော်ကို ကြာနေသည်။ ဘာလုပ်လို့ လုပ်ရမည်မှန်းပင် မသိပါ။

ဆောမြောင်ဟိုကို ဖုန်းဆက်လိုက်ရင် ကောင်းမလား ..?

ဝင်လာသောအတွေးကို  ခါထုတ်လိုက်ရပြန်သည်။မဖြစ်သေးပါ ကျောင်းမှာတောင် ကိုယ်ကချည်း မနည်းလိုက်ကပ်ပြီး စကားတွေပြောနေသူ မဟုတ်လား။ ဖုန်းဆက်ပြီးပြောရ‌လောက်စရာစကားလည်း ရှိမနေ ။ အင်းအင်း အဲအဲ ဖြစ်နေလျှင် ‌‌ ကို့ယို့ကားယားဖြစ်ဦးမည်။ဖုန်းနံပါတ် ဆိုသည်မှာလည်း တောင်းသာ တောင်းထားသည် တစ်ခါမျှတောင် မဆက်သွယ်ဖူးပါ။ ဖုန်းဆက်လိုက်ပါပြီတဲ့ မည်သည့်အကြောင်း ပြောရမည်နည်း။

နောက်ဆုံး‌တော့ ကျောင်းပြောင်းလာကတည်းက လချီအောင် မဝင်ပဲ ပစ်ထားသည့် Instagram သို့သာ ဝင်ဖြစ်သွားသည်။ ဆံပင် တစ်ချက် နှစ်ချက်သပ်ပြီး selfie ငါးပုံခန့်ရိုက်ကာ အဆင်အပြေဆုံး ထင်ရသည့် တစ်ပုံကို story တင်လိုက်သည်။ အသစ်တက်နေသော followerများကို ဝင်ကြည့်ပြီး အသိများအား follow back ပြန်လုပ်နေရင်း suggestions မှာ ပေါ်လာသည့် user id တစ်ခု။ profile က ဓာတ်ပုံကိုကြည့်ပြီး ရင်းနှီးနေသလိုလို ..တစ်ချက်ထောက်ကာ ဝင်ကြည့်မိတော့

All my attention is on you [ Complete ]Where stories live. Discover now