EP15

617 61 1
                                    


**************************************

တံခါးဝတွင်ရပ်ပြီး ပြုံးပြနေသည့် မင်ဂယူးကို မြောင်ဟို ကြောင်ကြည့်နေမိသည်။ ဘာကိစ္စ ရောက်လာပြန်တာလဲ ??

မြောင်ဟို့အတွက် ပါးနှင့်မားနှစ်ယောက်လုံး အတူတူ ကိုရီးယားကို ရောက်လာသည်မှာ  အလွန်ဖြစ်ခဲသည့် ကိစ္စ။ ပါးရောက်လာလျှင် မားက သူ့အလုပ်နှင့်သူရှုပ်ကာ ကျန်ခဲ့ပြီး မားရောက်လာလျှင်လည်း ပါးက ထိုနည်း၎င်း။ ယခုတကြိမ် နှစ်ယောက်လုံးရောက်လာတုန်း မိသားစုဒိတ်လုပ်ချင်တာကြောင့် ကျောင်းချိန်ပျက်ပြီးပါ သွားရန်စီစဉ်နေသည်ကို ညက မင်ဂယူးနှင့် ဖုန်းပြောရင်း နောက်နေ့ကျောင်းမလာနိုင်ကြောင်းနှင့် ခွင့်တိုင်ပေးဖို့ တစ်ခါတည်း အကူအညီတောင်းလိုက်ကာမှ သူပါကျောင်းမတက်ပဲ မြောင်ဟို့အိမ်သို့ ရောက်ချလာခြင်းဖြစ်သည်။

မင်ဂယူးက မြောင်ဟို့ပါးနှင့်မားအမြင်တွင် အမှတ်ရဖို့ အလွန်တက်ကြွနေသည့် ပုံစံပေါက်နေလေသည်။ နဂိုကတည်းက အင်မတိအင်မတန် အလွန်ဆိုဒ်များသော်လည်း ဒီနေ့မှ တောက်ပြောင်နေအောင် ပို၍ဖြီးလိမ်းပြင်ဆင်လာသည်။ ဆံပင်လှန်ဖြီးထားသဖြင့် ထင်းနေသည့် မျက်ခုံးတို့အပြင် မျက်နှာကလည်း ဒီနေ့မှ ခါတိုင်းထက် လင်းထင်းကြည်စင်နေသေးသည်။ ခါတိုင်းထက်ကို အရောင်ထွက်တောက်ပနေသော်လည်း မြောင်ဟို့မှာ ရင်မခုန်အားပဲ မင်ဂယူးကို ထောင်းပစ်ချင်နေသည်ကိုသာ သိတော့သည်။

ယခုအချိန်အထိ မြောင်ဟိုမှာ မင်ဂယူးနှင့်သူ့အကြောင်းကို ပါးနှင့်မားသို့ မဟရဲပါ။ မားတို့ စရောက်လာသည့်ရက်က မင်ဂယူးနှင့်တည့်တည့်တိုးပြီး ကျောင်းသွားလိုက်ရကာ ပြန်လာတော့လည်း ထူးထူးခြားခြားမည်သို့မှ မပြောသည်က တစ်ကြောင်း၊ မြောင်ဟို ကိုယ်တိုင်လည်း မည်သို့ စကားစရမည်ကို မသိသည်က တစ်ကြောင်းကြောင့် ထိုအကြောင်းကို ဘာသိဘာသာ နေနေခြင်းဖြစ်သည်။ ဤသည်ကို အကြောင်းမကြား ဘာမကြားနှင့် ရောက်လာသော မင်ဂယူးကြောင့် မြောင်ဟို့မှာ အိမ်ထဲခေါ်သွင်းရမလိုလို အပေါက်ဝမှ မောင်းချရမလိုလိုနှင့် အိုးတိုးအမ်းတမ်း။

All my attention is on you [ Complete ]Where stories live. Discover now