EP-9

447 61 0
                                    

*****


ကျောင်းပေါင်းစုံအားကစားပွဲအတွက် အတန်းတိုင်းပြိုင်ပွဲလုပ်ပြီး ကျောင်းကိုယ်စားပြုကစားသမားရွေးနေတဲ့ အချိန်မို့ အားကစားကွင်းတစ်ခုလုံး ကျောင်းသားများ ပြည့်လျှံလို့။စာမသင်ပဲ အားကစားပွဲကာလဖြစ်နေတာကြောင့် ခဏခဏ ကျောင်းပျက်နေကျသူတွေပင် ကျောင်းတက်မှန်နေကြပြီး ဟေးလားဝါးလားဖြင့်။

အားကစားကိုတော့ မြောင်ဟိုလည်း အရမ်း စိတ်မဝင်စားပါ။လွတ်လပ်နေသည့်အချိန်ဖြစ်တာကြောင့် ပန်းချီခန်းမထဲ ရောက်လိုရောက် စာကြည့်တိုက်ထဲရောက်လိုရောက် သွားနေရာမှ ငြီးစီစီဖြစ်လာသဖြင့် အားကစားကွင်းထဲရောက်လာခဲ့သည်။

"မြောင်ဟို"

ကိုယ့်နာမည်‌ အော်ခေါ်နေလို့ လှည့်ကြည့်တော့ ဘတ်စကတ်ဘောအသင်းအတွက် လူရွေးမှာဆိုပြီး မနက်ကတည်းက တစ်ယောက်တည်း သွားလိုက်လာလိုက် အလုပ်ရှုပ်နေသည့်မင်ဂယူး။

"ရှာလိုက်ရတာ နှံ့လို့ ၊ ထူးထူးဆန်းဆန်း အားကစားကွင်းထဲရောက်နေတာပဲ ပျင်းလို့လား?"

ပွဲကြည့်စင်‌ထောင့်မှာ တိုင်ကို မှီလျက် ဟိုငေးဒီငေးလုပ်နေသည့် မြောင်ဟိုဘေး လာဝင်ထိုင်တော့ မင်ဂယူးဆီမှ ချွေးနံ့နှင့်အတူ သံပရာနံ့လိုလို ခပ်သင်းသင်းအနံ့က နှာခေါင်းဝမှာ ဝေ့ဝဲလာသည်။

အနီရောင် ဘတ်စကတ်ဘောဂျာစီကို ဝတ်ထားသည့် မင်ဂယူးက ခါတိုင်းထက် ခန္ဓာကိုယ် ကြီးနေသယောင်ယောင်။ဘောင်းဘီတိုဝတ်ထားသည့် ခြေထောက်တွေကလည်း အရှည်ကြီး။သူ့ခန္ဓာကိုယ်ကြီး ဒီလောက်ထွားနေလို့လည်း တစ်ခုခုဆို မြောင်ဟိုခန္ဓာကိုယ်သေးတာပဲ လာလာထိခိုက်နေတာ။

"ငါတို့အဖွဲ့ ပွဲစဉ်က နောက်ရောက်တော့ ငါတို့အလှည့်ရောက်ဖို့ တော်တော်ကြာမယ်ထင်တယ်။ နောက်ဆုံးနှစ်က စီနီယာတွေနဲ့ ပြိုင်ရမှာမို့ နိုင်ပါ့မလားတွေးပြီး စိတ်လှုပ်ရှားနေတာ။မြောင်ဟို မင်းလာကြည့်မယ် မလား ?"

ခေါင်းညိတ်ပြမိတော့ ထုံးစံအတိုင်း အဖွခံလိုက်ရသော မိမိဆံပင်များ။အထိမခံပဲ အတင်းရုန်းတော့ မြောင်ဟို့လည်ပင်းကို သူ့လက်မောင်းကြီးဖြင့် ချုပ်ထားပြီး ဆံပင်တွေကို ထပ်ဖွပြန်သည်။စိတ်တိုတိုနှင့် သူ့လက်ကောက်ဝတ်ကို ကိုက်ချပစ်လိုက်မှ ရှုံ့မဲ့ကာ လွှတ်ပေးသည်။ဒါလည်းအမှတ်မရှိ သူ့ကြောင့် ငှက်သိုက်လိုဖြစ်နေသော မြောင်ဟို့ဆံပင်တွေကို ပြန်သပ်ပေးနေသည်။ထို့နောက် သူ့ခေါင်းကြီးကို မြောင်ဟို့ လည်ပင်းပေါ်မှီချလာပြီး မလှုပ်မယှက်ကြီး ငြိမ်လျက်။ကျောင်းသားတွေ အများကြီးကြားမှာပါဆို ဘာထဖြစ်ပြန်တာလည်း မသိဘူး ။

All my attention is on you [ Complete ]Where stories live. Discover now