EP-5

538 71 0
                                    

                                     *****

ဒီနေ့ မင်ဂယူးမွေးနေ့ ။ မနက်စောစော အမေချက်ပေးတဲ့ မီယောဂု သောက်ပြီး အဖေ့ဆီက မုန့်ဖိုးလည်း အများကြီးရထားသည်။ ဘော်ဒါတစ်အုပ်ကို ဒကာခံပြီး ခြေရှည်တော့မှာ ကြိုသိနေသည့် အမေကတော့ ခြံဝရောက်တဲ့အထိ အိမ်အပြန် ညမနက်ဖို့ လှမ်းအော်နေသည်။

ကျောင်းသွားသည့် လမ်းတစ်လျှောက်လုံးလည်းချယ်ရီပန်းများ ဖွေးဖွေးလှုပ်လျက်။အရင်နှစ်တွေထက် နှစ်ပတ်လောက် စောပြီး ပွင့်ထားသည့်အတွက် ဒီနေ့‌ သို့မဟုတ် မနက်ဖြန်လောက် ချယ်ရီတွေ ကြွေတော့မည် ဖြစ်သည်။ ထို့ကြောင့်ပင်လား ချယ်ရီတန်းတွေအောက် ပျော်ပွဲစားထွက်လာသော မိသားစုများ၊ ချစ်သူစုံတွဲများ စသည့် လူစုလူဝေးကြီးက ရှေ့ရက်တွေတုန်းကထက် များနေသလိုလို။

ကျောင်းရောက်၍ စာသင်ခန်းထဲ ဝင်တော့ မင်ဂယူး၏ စားပွဲပေါ်တွင် တင်ထားသည့် ပါဆယ်ဘူးများ။ ဘူးပေါ်က ပို့စကတ်များကိုကြည့်လိုက်တော့ လက်ရေးလှလှလေးဖြစ်အောင် ကြိုးကြိုးစားစားရေးထားပုံရသည့် မွေးနေ့ဆုတောင်းများနှင့် သိပ်မရင်းနှီးသည့် နာမည်တချို့ ။

“ ဝါးးး ဂင်မင်ဂယူးတို့ကတော့ ဂျူနီယာတန်းတွေရဲ့ မင်းသားလေးပဲဟေ့ ”

“Happy Birthday ပါ အခန်း(၃) ဂုဏ်ဆောင် မင်းသားလေး ငါဖွင့်ကြည့်ပြီနော် ”

ဝူးဝူးဝါးဝါးဖြင့် မင်ဂယူးကို မြောက်ပင့်‌နေပြီး  ဘူးတွေ ဖောက်ကြည့်နေကြသော ယန်းအီတို့ အုပ်စု ။ ထိုမျှနှင့်မပြီးနိုင် နက်ခ်တိုင်တွေ လိုချင်ပါတယ်ဆိုလို့ မင်ဂယူးမှာ ပေးလိုက်ရပြန်သည် ။ ရေမွှေးပုလင်းတွေကလည်း မင်ဂယူးကြိုက်သည့် အနံ့များ မဟုတ်သည်ကြောင့် ယန်းအီတို့သာ ရသွားသည်။

လက်ဆောင်ပေးထားတဲ့သူတွေကို အားနာပေမယ့် မတတ်နိုင် မင်ဂယူးက ပေးပါဟု တောင်းဆိုထားသည်လည်းမဟုတ် ။ အယုတ်စွဆုံး ပေးသူများကိုတောင် မင်ဂယူးကိုယ်တိုင်ပင် သေချာ မသိသည်ကြောင့် ထူးထူးခြားခြား နှမြောတသလည်း မဖြစ်မိပါ။

ဒါနဲ့ မြောင်ဟိုက ဘယ်မှာလဲ ? ရောက်ကတည်းက သူ့ကို မတွေ့ရ ။ အတန်းထဲ မရှိပဲ ဘယ်ရောက်နေပြန်သည် မသိ။ စာကြည့်တိုက်တို့ ပန်းချီခန်းမတို့ သူသွားတတ်သည့်နေရာတွေ လိုက်ရှာကြည့်တော့ ထင်သည့်အတိုင်းပင် ပန်းချီခန်းမထဲတွင် ပန်းချီဆွဲနေသည့် မြောင်ဟို။

All my attention is on you [ Complete ]Where stories live. Discover now