သို့သော် ထိုအချိန်တွင် လင်းချီ အော်သံကိုကြားလိုက်ရသည်။

အဝေးမှ တစ်စုံတစ်ယောက် အကူအညီတောင်းနေပုံရသည်။ အသံသည် အလွန်တိုးလျနေသောကြောင့် အကူညီတောင်းနေသူသည် လင်းချီတည်နေရာနှင့် အလွန်ဝေးကွာကြောင်း သိနိုင်ပေသည်။

"ဘာဖြစ်လို့လဲ?" လူသာ လှည့်ပြီး မေးလိုက်တော့ လင်းချီ မလှုပ်မယှက်ရပ်‌နေသည်ကို တွေ့လိုက်ရသည်။

လင်းချီ ရပ်တန့်သွားပြီး လူသာအား ပြောသည်။ "နားထောင် တစ်ယောက်ယောက် အော်နေတာကို ကြားရလား"

လူသာက ဂရုမစိုက်ဘဲ သက်ပြင်းချလိုက်သည်။ “သခင်လေး ဒါက ဆန်းသစ်လတော‌အုပ် ညဘက်‌တွေမှာ နတ်ဆိုးသားရဲ‌တွေ အမဲလိုက်ထွက်လေ့ရှိကြတယ် အဲ့ကောင်တွေနဲ့တွေ့တဲ့သူက‌တော့ ကံဆိုးတယ်လို့ပဲ မှတ်ယူလိုက်ပါ!”

လူသာသည် ထိုအရာများကို ဂရုမစိုက်‌ပေ။ ပုံမှန်အားဖြင့် ဆန်းသစ်လသစ်တောတွင် အလောင်းအချို့ကို ရှာတွေ့လေ့ရှိသည်။

သို့သော်လည်း လင်းချီသည် သူပြောတာကို သဘောမတူခဲ့ပေ။ သူ လှည့်ပြီးပြောလိုက်သည်။ "ငါတို့ အကူအညီတောင်းသံကို ကြားမှတော့ သူတို့ကို သေ‌အောင် ထားလိုက်လို့မရဘူး"

လင်းချီ ထိုလမ်းကြောင်းအတိုင်း လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် လူသာလည်း ကူကယ်ရာမဲ့စွာသက်ပြင်းကိုချကာ  သူ့နောက်သို့ လိုက်သွားရန်သာ တတ်နိုင်ခဲ့သည်။

သို့သော် ထိုအချိန်တွင် လင်းချီဘေးပတ်၀န်းကျင်ရှိ အငွေ့အသက်သည် ရုတ်တရက် ထူးဆန်းသွားသည်ကို လူသာတွေ့ရှိလိုက်ရသည်။

“နေဦး!”

အသံလာရာဆီသို့ ဦးတည်သွားနေသောကြောင့် လင်းချီသည် သူ့အား မကြားရတော့ပေ။ လူသာပျောက်ကွယ်သွားသည်ကိုပင် သူလုံးလုံး သတိမပြုမိခဲ့ပေ။

“လူသာ နောက်နတ်ဆိုးသားရဲနဲ့တွေ့ရင် ထိန်းထားစရာ မလိုဘူး…”

လင်းချီလှည့်ကြည့်လိုက်သောအခါ လူသာကို မည်သည့်နေရာမှ မတွေ့ရတော့သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ အဲဒါက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now