ep 17

387 46 15
                                    

V: ဂျွန်ရေ ဒီအလုပ်ပြီးရင်  ဂျွန်ပြန်ချင်ပြန်လိုက်တော့နော် အကိုလဲ အလုပ်ကိစ္စတစ်ခုချိန်းထားတာမို့ ပြန်တော့မယ် ကားကိုဂရုစိုက်မောင်းနော်   

jk: ဟုတ်ကဲ့ပါအကို  ဂျွန်လိုက်ခဲ့မို့လိုသေးလား လိုရင်ပြောနော် အားမနာပါနဲ့ ဂျွန်လိုက်ခဲ့ပေးမယ် 

V: ဟုတ်ပါပြီကွာ ဂျွန်ကဒီရပ်ပိုင်း အလုပ်တွေနဲ့ပိနေတော့ တအားပင်ပန်းနေရှာပြီ ဒီနေ့တော့စောစောနားလိုက်ပါ ကိုယ်အခုသွားမဲ့ကိစ္စက သိပ်အရေးမကြီးလို့ ဂျွန့်ကိုမခေါ်တာပါ

jk: aww ဟုတ် ဒါဆို ဂျွန်မလိုက်တော့ပါဘူး အကို ကောင်းကောင်း ဂရုစိုက်သွားပါနော်

V: ok jeon

   သူ့ကိုဂရုစိုက်သွားမို့မှာနေတဲ့ကောင်လေးကို ထယ်ယောင်းလဲ ok sing ထောင်ပြကာရုံးခန်းထဲကထွက်လာလိုက်သည် ထယ်ယောင်းသဘောအရဆို အမြဲကောင်လေးကိုအနားခေါ်ထားချင်ပေမဲ့ ဒီရက်ပိုင်းကောင်လေးက ပရောဂျက်အတွက် ကြိုးစားနေတာမို့ ပင်ပန်းနေတာကော ပြီးတော့ အခုချိန်းထားတယ်ဆိုတဲ့လူကလဲ jimin ရဲ့အဖေဖြစ်နေတာမို့ ထိုလူ့အနားကို သူ့ကောင်လေးကိုမခေါ်သွားချင်ပါ ဒီလူကကောင်လေးကို ထိခိုက်အောင်ပြောတာတွေ ထယ်ယောင်းတကယ်သီးမခံနိုင်ပါ ဒါကြောင့် မခေါ်သွားတော့ဘဲ သူတစ်ယောက်ထဲသာထွက်လာလိုက်သည်

   

    ချိန်းထားတဲ့ ဆိုင်ကိုရောက်တော့ ထယ်ယောင်းကနောက်မကျပေမဲ့ mr park ကတော့ ကြိုရောက်နှင့်နေသည် စားပွဲထိုးကောင်လေးခေါ်ဆောင်လာတဲ့ vvip အခန်းထဲရောက်တော့  ထယ်​ယောင်းလဲ ခုံအလွတ်မှာဝင်ထိုင်လိုက်သည်

mr park:  မောင်ရင်တစ်ယောက်ထဲလား မင်းရဲ့အတွင်းရေးမှူး ကောင်လေးကော မပါဘူးလား ဒါမှမဟုတ် အလုပ်ထုတ်လိုက်တာလား

V: မထုတ်ပါဘူး ကျွန်တော်က ဂျွန့်လို သိပ်တော်တဲ့လူမျိုးကိုဘာလို့အလုပ်ထုတ်ရမှာလဲ သူ့လိုလူက အဆုံးရှုံးခံနိုင်တဲ့ လူမျိုးထဲမှာမပါဘူးလေ

mr park:  ဟားဟား    ဟုတ်လား  ဒါပေမဲ့ အန်ကယ်မင်းကိုစေတနာ နဲ့တော့သတိပေးလ်ိုက်အုံးမယ် မောင်ရင်ရေ  အဲ့ကောင်လေးကိုသတိထားနော် သူကလူလတ်တန်းစားငွေမက်တဲ့ကောင်လေးဆိုတော့ သူဌေးတွေကိုချူစားနေတာကွ

I give my heart to A Villain(Complete) Where stories live. Discover now