ep 16

455 53 16
                                    

     jimin အရင်ကထက်ပိုပြီး အလုပ်တွေကိုနေ့မအိပ်ညမအိပ်ကြိုးစားကာ ပရောဂျက်အောင်မြင်အောင်လုပ်သည်  အခုဆ်ို ဒီအလုပ်တွေထဲ သူစိတ်နှစ်ထားခဲ့တာ ၃ ရက်တောင်ရှိရောပေါ့  ဒီ ၃ ရက်အတွင်း သူ baby ကိုလဲမဆက်သွယ်ဖြစ်ခဲ့ပါ   ဘာလို့ဆို appa ရဲ့ တောင်းဆိုချက်ထဲမှာ အခုလိုတစ်လတိတိ ခွဲနေရမဲ့ကိစ္စကို ဘေဘီ့ကိုလုံးဝအသိမပေးရဘူးဆိုတာ ပါနေတယ်လေ

     ဒါပေမဲ့လဲ jimin လုံးဝမနေနိူင်တော့သည်မို့ ဒီနေ့ ဘေဘီနဲ့ခဏသွားတွေ့ရန်ဆုံးဖြတ်ထားသည် ပြီးရင် ဘေဘီ့ကိုလဲ appa ပြောတဲ့ကိစ္စကို သေချာရှင်းပြပေရအုံးမည်လေ တော်ကြာချစ်သူလေးက သူ့ကိုစိတ်စိုးမပြေသေးလို့ မဆက်သွယ်ဘူးထင်သွားမှာလဲ ဆိုးရသေးတာ

      jimin လဲသူ့ဘေဘီလေးအကြိုက် သရေဆာမုန့်တွေနဲ့ appa တို့ omma တိူ့အကြိုက် မုန့်လေးတွေပါဝယ်ကာ ဘေဘီ့ရဲ့အိမ်လေးကိုလာလိုက်သည် အိမ်ရောက်တာနဲ့ သူ့ကို ၃ ရက်လုံးပစ်ထားတယ်ဟု ရန်တွေ့လာမဲ့ကောက်စိန်လေးအကြောင်း တွေးမိတော့ ကားမောင်းရင်းတောင် jimin ပြုံးမိပါသေးရဲ့ သူကတော့ သူ့ကောင်လေးကို အများကြီးချော့ရပေအုံးမှာဘဲ..

   jimin ကောင်လေးရဲ့အိမ်အောက်ရောက်တော့  အထုတ်တွေနည်းနည်းများသည်မို့ လာဆင်းသယ်ရန်ဖုန်းဆက်ကြည့်ပေမဲ့ သူ့ရဲ့ကောက်စိန်လေးက သူ့ဖုန်းကို block ထားလေရဲ့လေ ဒါကြောင့်ခေါ်မရတဲ့ ဖုန်းကိုထားလိုက်ကာ အထုတ်တွေကို မနိုင်မနင်းသယ်ရင်း အပေါ်တတ်လာလိုက်သည်

     ဒါပေမဲ့ jimin ကို  ဆီးကြိုနေတာကတော့ သော့ခက်ထားတဲ့အိမ်လေးပင်   ဒီအချိန်ကြီးဘယ်များသွားကြသလဲဟု အံသြရပေမဲ့  ကိစ္စရှိလို့ အပြင်သွားကြတာဘဲနေမှာပါဟုတွေးကာ omma ဖုန်းကိုဆက်မေးရန်ပြင်လိုက်သည်

တီ    တီ  တီ

ဟူးတော်ပါသေးရဲ့ ယောက်ခမကြီးကပါ သူ့သားနဲ့အတူ ရောစိတ်စိုးပြီး မ block ထားလို့

mrs jeon: hello

jm: hello omma.    omma တို့ဘယ်သွားနေကြတာလဲ ဒီမှာသားကအိမ်ရှေ့ရောက်နေတာကို

mrs jeon: ဟေ ဘယ်အိမ်ရှေ့လဲ

jm: omma တိူ့အိမ်ရှေ့မှာလေ

I give my heart to A Villain(Complete) Donde viven las historias. Descúbrelo ahora