ep 15

387 48 19
                                    

    jeon ညက ကိုကိုနဲ့ပြသနာတတ်ကာ မိဘတွေကိုလဲထိုအကြောင်းအသိမပေးချင်တာမို့ အခန်းထဲမှာသာနေရင်း အချိန်ကြာငိုမိသည် တော်သေးတာပေါ့ omma နဲ့ appa က jeon တို့ပြသနာတတ်ချိန် လမ်းထိပ်ကသူတို့သူငယ်ချင်းအိမ် အလည်ခေါ်လို့သွားနေတာလေ မဟုတ်ရင် မိဘတွေရှေ့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်မိမှာ

   ကိုကိုဂျွန့်ကိုစိတ်စိုးမယ်ဆိုတာ ဂျွန်နားလည်ပေမဲ့ ဂျွန့်အတွက် ကိုကိုနည်းနည်းဖြစ်ဖြစ်တွေးပေးပြီး ဂျွန့်အခြေနေကို နားလည်ပေးလို့မရဘူးလား ကိုကိုရယ်

    ညကအကြိမ်ပေါင်းများစွာခေါ်ဆိုခဲ့ပေမဲ့ ပြန်လည်ဖြေဆိုချင်းမရှိတဲ့ ဖုန်းကောလ်တွေနဲ့ replay မပြန်တဲ့ မက်ဆေ့ချ်ပေါင်းများစွာဟာ  jeon ဖုန်းထဲမှာနေရာယူလျက် ဂျွန်ကိုကို့ကိုလိမ်ခဲ့မိတာ မှားမှန်းသိတာမို့ ဂျွန့်ဘက်က အလျော့ပေးပြီးတောင်းပန်နေတယ်လေ ကိုကိုရယ် ဘာလို့ ဂျွန့်ဖုန်းတွေကိုမကိုင်ရတာလဲ

     မကိုင်မှန်းသိပေမဲ့လဲ ဂျွန်မိုးလင်းလို့မျက်လုံးဖွင့်တာနဲ့ ကိုကို့ဆီ ဖုန်းခေါ်ဖြစ်သည် ဒါပေမဲ့လဲ ၃.  ၄. ကြိမ်ခေါ်နေတာတောင်လုံးဝ မကိုင်တာမို့ စိတ်စိုးပြေပါတော့က်ိုကို baby တောင်းပန်ပါတယ် ဟုသာ sms ပို့ပြီး ရေမိုးချိုး အဝတ်စားလဲကာ အလုပ်သွားရန်ပြင်လိုက်သည်  

အလုပ်ရောက်တော့ အကိုထယ်ကမရောက်သေး ကိုယ့်ဘာသာကို ဘယ်လောက်ဘဲ စိတ်အခြေနေအဆင်မပြေနေပါစေ အလုပ်မှာတော့တာဝန်ကြေအောင်လုပ်ပေးရမှာမို့ အကို့ရဲ့စားပွဲကိုသေချာသေသေသပ်သပ်ဖြစ်အောင်ရှင်းလိုက်သည် အကိုလာရင် လက်မှတ်ထိုးရမဲ့စာရွက်စာတမ်းတွေကိုလဲ တစ်ခါ ထဲအဆင်သင့်ပြင်ပေးထားလိုက်သည် ပြီးမှကိုယ့်စားပွဲကိုယ်သွားကာဒီနေ့အတွက် အက်ို့ရဲ့အချိန်ဇယားကို ပြန်ကြည့်နေလိုက်သည်

          ခဏအကြာမှာ ရုံးခန်းလေးထဲတံခါးဖွင့်လို့ဝင်လာတဲ့အကိုက ဂျွန့်ကိုလဲ မြင်ရော အလွန်ပျော်ရွှင်သွားဟန်

      အကို့ပါးပြင်တစ်ဖက်ဟာလဲ ယောင်ကိုင်းလို့နေရှာတယ် မနေ့က ကိုကိုထိုးလိုက်တဲ့ဒဏ်ရာက ယောင်နေခဲ့တာဘဲ အကိုက ကိုယ့်ကိုကိုယ်လဲဂရုမစိုက်ဘူးဗျာ ဘာဘဲ ဖြစ်ဖြစ်သူတို့နှစ်ယောက်ရန်ဖြန်ရတဲ့ အကြောင်းပြချက်ဟာ ကိုယ်ဖြစ်နေခဲ့တာမို့ ဂျွန်အကို့အပေါ် အရမ်းက်ိုအားနာမိပါတယ်

I give my heart to A Villain(Complete) حيث تعيش القصص. اكتشف الآن