ep 7

419 53 22
                                    

    ည ၉ နာရီထိုးခါနီးမှ ထယ်ယောင်းပြန်ရန် အောက်ဆင်းလာလိုက်သည် ကောင်လေးကလဲသူ့ကိုလိုက်ပို့ရန် အတူဆင်းလာတာပေါ့

jk:  ceo ဂရုစိုက်ပြန်ပါနော်

   ထယ်ယောင်း ကားးနားရောက်တာနဲ့ ထယ်ယောင်းကို ဂရုစိုက်ပြန်ရန်မှာနေတဲ့ကောင်လေးက လိမ္မာ သိတတ်လွန်းပါဘိ

V: ခဏနေအုံး jeon. namjoon က မင်းအတွက်စီစဥ်ပေးထားတဲ့ကားကိုယူလာနေပြီတဲ့ မင်းတစ်ခါတည်းအဆင်ပြေမဲ့နေရာမှာ ထားခိုင်းလိုက် 

jk: ဟုတ်  ceo ကိုတော့အားနာရပြီ

V: မဟုတ်တာ jeon ရယ် ကိုယ့်ကိုမင်းမိသားစုဝင်လို့သတ်မှတ်မယ်ဆို အားနာတယ်ဆိုတဲ့စကားကိုခဏခဏ မသုံးပါနဲ့ သူစိမ်းဆန်သလိုခံစားရလို့ပါ  နောက်ဆိုလဲ လိုအပ်တဲ့အကူညီမှန်သမျှ အားမနာဘဲ ကိိုယ့်ဆီကတောင်းပါနော်

jk: ဟုတ်ကဲ့ပါ ceo

     သူတို့နှစ်ယောက်စကားပြောနေစဥ်မှာဘဲ  namjoon hyung က အနားရောက်လာကာ ကားပေါ်ကဆင်းပြီး jungkook ရဲ့လက်ထဲကို ကားသော့လေးပေးရှာသည်   bmw ရဲ့ ဟိုတစ်လောကမှထွက်ထားတဲ့ နောက်ဆုံးပေါ်မော်ဒန် အမျိုးအစားမို့ ထိုကားရဲ့စျေးဟာမနည်းလှ

      jungkook အကြိုက်ဆုံး အမဲရောင်လေးဖြစ်တာမို့  ထိုကားလေးကို တကယ်ကိုသဘောကြမိပါသည်

V: ဒီကားလေးကိုသဘောကြရဲ့လား jeon သဘောမကြရင်ပြောနော် ကိုယ်ပြန်လဲခိုင်းလိုက်မယ်

jk: ဟင့်အင်း ဟင့်အင်းကျွန်တော်သဘောကြပါတယ် ceo

V: ok ဒါဆို ယူထားလိုက်တော့နော် namjoon ကားကိုသေချာစစ်ခဲ့တယ်မို့လား

nj: omm မင်းပြောသလို ငါသေချာကိုစစ်ခဲ့ ပြီးပါပြီ ဒါကြောင့်လဲအက်လောက်ကြာနေတာပေါ့

V: အေးပါကွာ    ကယ် ဒါဆိုကိုယ်တို့ပြန်တော့မယ်နော် jeon.   မနက်ကျရင်တော့ အချိန်မှီရောက်အောင်လာခဲ့နော် 

jk: ဟုတ်ကဲ့ပါ ceo ကျွန်တော် နောက်မကျစေရပါဘူး ဗျ

V: omm. bye

jk: ဟုတ်  

        ထယ်ယောင်းတို့ထွက်သွားတော့ jungkook လဲကားပေါ်တတ်ကာ ကားကိုသေချာကြည့်လိုက်သည်  တကယ့်ကိုဇိမ်ခံကား အကောင်းစားပင် အပြင်ပန်းကလဲ လှပသလိုအတွင်းပိုင်းကလဲအပစ် ပြောစရာကိုမရှိ ထိုင်လိုက်တာနဲ့အိဝင်သွားတဲ့ ဖင်ထိုင်ကဆိုဖာက jungkook ရဲ့အိပ်ယာထက်ပင်ကောင်းသေးသည်   ဒီကားရဲ့တန်ဖိုးက အခု jungkook နေနေတဲ့တိုက်ခန်းရဲ့တန်ဖိုးထက် ဆယ်ဆလောက်စျေးများသည်   

I give my heart to A Villain(Complete) Where stories live. Discover now