ep 8

406 41 9
                                    

  လက်ထဲက ဖိုင်တွဲလေးကို ဖွင့်ကြည့်ရင်း ထယ်ယောင်းမျက်နှာပေါ်မဲ့ ပြုံးတစ်ချက်ချိတ်ဆွဲမိသည် 

    ဟက် တကယ်ကို လောကကြီးကကျဥ်းကျဥ်းလေးဘဲ   မင်းနဲ့ငါနဲ့ရေဇာတ်က ကုန်ကိုမကုန်နိုင်ဘူးကွာ ကျောင်းတုံးထဲကနေအခုချိန်ထိကို သံယောဇဉ် တွေကဖြတ်ပစ်လို့မရပါလား   ဟားဟား   

   ၂၄ နာရီအတွင်းကောင်လေးနဲ့ပတ်သတ်သမျှအကြောင်းအရာအားလုံးကိုသိချင်ပါတယ်ဟုဆိုကာ namjoon ကိုစုံစမ်းခိုင်းတာမို့  ထိုကောင်လေးနဲ့ပတ်သတ်သမျှအရာအားလုံးအကြောင်းတွေဟာအခုတော့ ထယ်ယောင်းလက်ထဲရောက်နေပြီလေ  ထိုထဲကသူအသိချင်ဆုံးဖြစ်တဲ့ ကောင်လေးရဲ့ချစ်သူအကြောင်းရှာဖတ်လိုက်တော့ ထယ်ယောင်းတကယ်ကိုမယုံနိုင်ဖြစ်ရသည်

    ကောင်လေးရဲ့ချစ်သူက park group က park jimin တဲ့လေ  ဘာလို့ဒီကောင်မှလဲ  ကမ္ဘာ ပေါ်မှာ လူဦးရေ ဒီလောက်ပေါတာကို ဘာလို့ ဒီကောင်မှ jungkook ရဲ့ချစ်သူလာဖြစ်နေရတာလဲ  ငါတို့နှစ်ယောက်ကြားက သံယောဇဉ် တွေကော အမုန်းတရားတွေကော ကအခုထိကိုမကုန်နိုင်သေးဘူးကွာ

       ထယ်ယောင်း jimin အကြောင်းကိုပြန်တွေးရင်း သူ့ရဲ့နာကြင်စရာအမှတ်တရတွေကိုပြန်သတိရမိသည်

A few years ago

ထယ်ယောင်းဟာငယ်ငယ်က မိဘမဲ့ဂေဟာတစ်ခုမှာ ကြီးပြင်းခဲ့ရသည် ထိုမိဘမဲ့ဂေဟာကနေ အသက် ၁၀ နှစ်ပြည့်တဲ့နေ့မှာဘဲ ထယ်​ယောင်းကို မွေးစားရန် စာချုပ်စာတမ်းတွေပြင်ပြီး ဂေဟာကနေ အနက်ရောင်ဝတ်စုံပြည့်နဲ့ လူ  ၄ ယောက်ကလာခေါ်ကြသည်

bodyguard:  သခင်လေး ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ သခင်လေးကို မွေးစားမို့စာရွက်စာတမ်းတွေအားလုံးလုပ်ပြီးပါပြီ သခင်ကြီးက ခေါ်ခိုင်းလိုက်လို့ပါ

V: ဗျာ ဟုတ်   ဟုတ်ကဲ့

     ထယ်ယောင်းလဲ ဂေဟာကနေ မိမိပိုင်ဆိုင်တဲ့ အဝတ်လေး ၅ ထည်လောက်ကိုသေချာထုတ်ပိုးကာ ထိုလူတွေခေါ်ရာနောက်ကိုလိုက်လာလိုက်သည်

      ကားအကောင်းစားကြီးပေါ် ပထမဆုံးတတ်စီးရတော့ ထယ်ယောင်းတကယ်က်ို တဝိုးဝိုး ဖြစ်နေရတာပေါ့ ထိုကားကြီးကိုဇိမ်ကြကြစီးရင်း ထိူလူတွေခေါ်ဆောင်လာရာ အလွန်ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးတစ်လုံးဆီရောက်လာပြန်တော့ ထယ်ယောင်းပိုလို့ပင် ပါးစပ်မပိတ်နိုင်ဖြစ်ရသည်

I give my heart to A Villain(Complete) Where stories live. Discover now