ep 6

543 61 17
                                    

  ညနေရုံးဆင်းတော့ ထယ်ယောင်းက jungkook ကိုသူ့ကားနဲ့ခေါ်လာကာ jungkook အိမ်ကိုလာလိုက်ကြသည်  jungkook အိမ်က ကုမ္ပဏီ နဲ့ဝေးတာသိတော့ ဒီကောင်လေးကိုနေ့တိုင်းအစောကြီးလာခိုင်းမိတာကိုပင်ထယ်ယောင်း အားနာမိပြန်သည်

    jungkook ပြောတဲ့လိပ်စာအတိုင်း မောင်းတော့ ထယ်ယောင်းတစ်ခါးမှမရောက်ဖူးတဲ့ ရပ်ကွပ်တစ်ခုထဲရောက်လာသည်  ရပ်ကွပ်လေးဟာ အရမ်းကြီးညစ်ပတ်နေတာမျိုးမဟုတ်ပေမဲ့ ထယ်ယောင်းတို့နေတဲ့နေရာနဲ့တော့ အလွန်ကွာခြားလှတာပေါ့

      ထယ်ယောင်းစိတ်တိူင်းကျဆို အခုချက်ချင်း ကောင်လေးနာမည်နဲ့ ကွန်ဒိုဝယ်ပေးလိုက်ချင်ပေမဲ့ အလူပ်လို့အကြောင်းပြ ပြီးကားဝယ်ပေးတာတောင် အတင်းငြင်းနေတဲ့ကောင်လေး​ကြောင့်  အိမ်ကိစ္စပာထက်ပြောရင်ဘယ်လိုမှလက်ခံမှာမဟုတ်  ဒါကြောင့်ထယ်ယောင်း တခြားအကြံတစ်ခုထုတ်ရပေမည်  

jk:  ရောက်ပြီ ceo ဟိုအရှေ့မှာ ​ကားရပ်လိုက်ပါ

V: ထယ်ယောင်းလဲ jungkook ပြောတဲ့နားမှာ ကားကိုပါကင်ထိုးကာ  ရပ်ထားလိုက်သည်

jk: ဟို ကျွန်တော်တို့အိမ်က သိပ်အချမ်းသာကြီးမဟုတ်တော့ ဒီလိုနေရာမျိုးဖြစ်နေတာ ceo ကိုအားနာလိုက်တာ

V: မဟုတ်တာ jeon ရာ  ဘာလို့ကိုယ့်ကိုအားနာရမှာလဲ 

jk: ဟုတ် ဒါဆို အပေါ်တတ်ရအောင်လေ

V: omm.

     ထိုကောင်လေးခေါ်ဆောင်ရာအနောက် ကိုလိုက်ကာ ၃ လွှာကိုရောက်တော့ ကောင်လေးကအခန်းတစ်ခုရှေ့ရပ်ကာ ဘဲလ်တီးလိုက်သည်  

     တံခါးလာဖွင့်ပေးတဲ့ ဦးလေးကြီး က ကျွန်တော်တို့ကိုမြင်တော့ ပြုံးပျော်စွာ ကြိုဆိုရှာသည်

mr jeon: ဟောသားတို့ရောက်ပြီလား လာကြ လာကြ

jk: ဟုတ် appa. ceo ဝင်ခဲ့လေ

V: omm.

      ဧည့်ခန်းကိုခေါ်ကာ ထိုင်စေတာမို့ ကျွန်တော်လဲ ဦးလေးနဲ့အတူ ဧည့်ခန်းမှာဝင်ထိုင်လိုက်သည် jeon ကတော့ သူ့အိတ်လေးကိုနံရံမှာချိတ်ကာ မိီးဖိုခန်းထဲဝင်သွားလေရဲ့

I give my heart to A Villain(Complete) Where stories live. Discover now