ep 9

373 39 16
                                    

အိမ်အကြီးကြီးကမွေးစားလို့ပျော်ရွင်နေရမယ်လို့ ထယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ စိတ်ညစ်စရာ ကြီးသာ အခုဆိုထယ်ဒီအိမ်ပေါ်ကိုရောက်တာ တစ်လတောင်ပြည့်တော့မယ်

     ဒီအိမ်ပေါ်မှာ ထယ့်အပေါ် ကောင်းကောင်းဆက်ဆံပေးတာဆိုလို့ ဖိုးဖိုးကြီးနဲ့ အိမ်အကူ အဒေါ်ကြီး တစ်ယောက်သာရှိသည်  hyung ကလဲ စရောက်ကာစက ထယ့်အပေါ်ကောင်းပေးပေမဲ့  hyung ရဲ့မေမေက ကျွန်တော်နဲ့ hyung ကိုအတူဆော့တာတွေရင် မကြိုက်ဘူးလို့ပြောပြီး ကျွန်တော့်ကိုရိုက်နှက်တာကြောင့် အခုဆ်ို hyung ကလဲ ကျွန်တော့်ကိုလာမခေါ်တော့

   ဒါပေမဲ့ hyung က ကျွန်တော့်အပေါ်တော့ ချစ်ရှာပါသည် အန်တီအပြင်သွားတဲ့အချိန်မျိုးဆို ကျွန်တော့်ဆီလာပြီး ကစားပေးသည် သူကျောင်းသွားရင်လဲ ကျွန်တော့်အတွက်မုန့်တွေဝယ်လာကာ အန်တီမသိအောင် လာပေးတတ်သည်

ဘာဘဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ဒိီအိမ်မှာ hyung ရယ် ဖိုးဖိုးရယ် အန်တီကြီးရယ်ကို အချစ်ဆုံးပင် hyung ရဲ့ဖေဖေက ကျွန်တော့်ဖေဖေလို့ ဖိုးဖိုးကပြောပေမဲ့ ကျွန်တော် အဲ့ ဦးဦးကိုတော့မချစ်ပါ အဲ့ဦးဦးကလဲ ကျွန်တော့်ကို အန်တီ့လောက် ဆူပူရိုက်နှက်ချင်းမရှိပေမဲ့အရေးလဲမလုပ် ဂရုလဲမစိုက်ပေ soekjin hyung ကို အလုပ်ကပြန်လာတိုင်း မုန့်တွေဝယ်လာပေး အရုပ်တွေဝယ်လာပေးပြီး သားအတွက်ဖေဖေဝယ်လာတာဟုပြောကာ နမ်းရှုံးတတ်ပေမဲ့

ကျွန်တော့်ကိုတော့ ဘယ်တုံးကမှသားလို့ပင်မခေါ်ပေ အလုပ်ရှိလို့ခေါ်တဲ့အခါမျိုးဆိုလဲ ကောင်လေး ဟုသာခေါ်တွင်တတ်သည်  

       ကျွန်တော့်ဘဝမှာ ဖေဖေရယ် မေမေရယ်ဆိုတာဘယ်သူဘယ်ဝါမှန်းမသိခဲ့ရတာမို့ အခုလိုတွေ့ရပြန်တော့ တစ်ခါတလေတော့ဖေဖေဟုခေါ်ကာ ချွဲချင်ပါသည် soekjin hyung ကိုကျွန်တော်တအား အားကြမိသည် သူ့မှာ ဘာလိုလိုပူဆာလို့ရတဲ့ အဖေရယ် အမေရယ် ဆိုပြီးရှိတယ်လေ

mrs kim:  ဟိုအကောင် ထယ်ယောင်း 

V: ဗျာ အန်တီလေး.

mrs kim:  ဒီကိုလာခဲ့စမ်း

       hyung ကလဲကျောင်းသွား ဖိုးဖိုးနဲ့ ကင်မ်ဦးဦးကလဲအလုပ်သွား ဒေါ်လေးကလဲ အနောက်ဖေးမီးဖိုထဲမှာ အလုပ်လုပ်နေတာမို့ ထယ်ယောင်းတစ်ယောက်ပြင်းပြင်းနဲ့ ခြံထဲကပုခက်လေးပေါ်ထိုင်နေတုံး အန်တီကလှမ်းခေါ်တော့ အသဲသန်ပြေးရသည်

I give my heart to A Villain(Complete) Waar verhalen tot leven komen. Ontdek het nu