ကောင်လေးက မကြာခင် ဆယ့်ရှစ်နှစ်ပြည့်တော့မည်။မည်သို့ပင်ဖြစ်စေ အရွယ်ရောက်သည့် အခမ်းအနားအား ကျင်းပပေးရမည်။သူ၏ ကလေးလေးအား မော့မိသားစုတွင်နေထိုင်သော ထိုနေ့ရက်များနှင့်မတူဘဲ လူတိုင်း၏အာရုံစူးစိုက်မှုအောက်တွင် ပြိုးပြိုးပြက်ပြက်ဖြစ်နေစေပြီး မင်းသားလေးနှင့်တူစေလိုသောကြောင့် အနောက်တိုင်းဝတ်စုံသည် မရှိမဖြစ်လိုအပ်သည်။

မုထျန်းဟန် နှုတ်ဆိတ်နေသဖြင့် မော့တိက သူ့ကို မမေးတော့ပေ။

သူ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ "ကိုကို့ကို ကျွန်တော်ပြောပြချင်တာတစ်ခုရှိတယ်”

''အဲ့ဒါကဘာလဲ''

"ကျွန်တော် ဂိမ်းကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်"

မော့တိသည် မုထျန်းဟန်၏ တိကျထင်ရှားသော မျက်နှာဘေးဘက်ခြမ်းကို ကြည့်ကာ "အဲ့ဒါဖြစ်နိုင်တယ်လို့ ကိုကိုထင်လား"

''သေချာတာပေါ့''

မုထျန်းဟန် လုံးဝမအံ့သြပေ။ အသက် ဆယ့်ခုနစ်နှစ်တွင် ဤကဲ့သို့သော အံ့သြဖွယ်ဂိမ်းကို ဖန်တီးနိုင်သူ မော့တိမှာ အခြားတစ်ယောက်၏လက်အောက်တွင် အလုပ်လုပ်ရန် ဆန္ဒရှိမည်ကို သူ စိတ်ကူးတောင် မယဉ်ဖူးပေ။ ထိုကဲ့သို့သော အရည်အချင်းများ၏ စေ့ဆော်မှုဖြင့် သဘာဝအတိုင်း သူသည် သူ၏ကိုယ်ပိုင်အင်ပါယာကို ဖန်တီးချင်ပေလိမ့်မည်။

မော့တိက ဤအဆင့်ကို အစောကြီးကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အဖွဲ့အား တရားဝင်ကုမ္ပဏီတစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် ဖိုင်နယ်သို့ရောက်သည်အထိ အနည်းဆုံးစောင့်ရမည်ဟု သူတွေးခဲ့၏။

“ဒါပေမယ့် ကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်ဆိုရင်တော့ ခွင့်ပြုချက်တွေ ရှိရမယ်။ အဲဒီထဲက တစ်ခုကို ရဖို့ အခြေအနေက အနည်းဆုံး အရင်းအနှီး တစ်သန်းလောက် ရှိတယ်လို့ ကြားတယ်”

မော့တိ၏ ပထမအကြိမ် audition အပြီးတွင် မုထျန်းဟန်က ဂိမ်းကုမ္ပဏီတစ်ခုတည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များကို အထူးရှာဖွေခဲ့သည်။

"ဒါကြောင့် မင်းမှာ မလုံလောက်ရင် ကိုယ့်ကိုပြော ဒီကိုကိုမှာ အများကြီးရှိတယ်”

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now