မောင့်ရဲ့ပျိုး(12)

Start from the beginning
                                    

"‌ပျိုးကမောင်နဲ့Dateဖို့လိုက်လာတာ‌ေရာဟုတ်ရဲ့လား!!..."

"..........."

ဝဠာပြောနေတာကိုအာရုံမရပဲဆိုင်ကယ်မောင်းနေရတဲ့ဂိမ်းကိုသာအာရုံစိုက်နေတဲ့ပျိုးကြောင့်ဝဠာဝမ်းနဲလာရသည်။

"တော်ပြီ!!..မောင့်ဘာသာမောင်ပဲသွားစားတော့မယ် ..နေခဲ့လိုက်တော့!.."

ဆောင့်ဆောင့်အောင့်အောင့်ဖြင့်ထွက်သွားသူကြောင့်ပျိုးမှာရီလည်းရီချင်သလိုသနားလည်းသနားမိသည်။ တစ်လျှောက်လုံးမှာပျိုးကိုအငယ်တစ်ယောက်လိုသာဆက်ဆံပြီးသူ့ကိုယ်သူလူကြီးစတိုင်ဖမ်းတက်တဲ့ကောင်လေးရဲ့စိတ်ကောက်ပုံကိုမြင်ချင်တာကြောင့်သူစိတ်မကောက်မချင်းပျိုးသူ့အားလျစ်လျူရှု‌ေနလိုက်သည်။အခုတော့ပျိုးရဲ့လုပ်ငန်းအောင်မြင်သွားပြီဖြစ်တာကြောင့်လူဆိုးလေးမောင်အားလိုက်ချော့ရန်ပြင်ရတော့မည်။

ပျိုးအနည်းငယ်လှည့်ပတ်ကာရှာပြီးချိန်တွင်ကစားကွင်းထဲမှမုန့်ဆိုင်ကနေမုန့်အများကြီးဝယ်ကာပန်းခြံထိုင်ခုံတွင်မုန့်ထိုင်စားနေသောလူဆိုးကောင်လေးအားတွေ့လိုက်သည်။

"အင့်..."

ပျိုးအနားကိုသွားကာဝယ်လာတဲ့ရေခဲမုန့်ဘူးကိုဝဠာ့ထံသို့ပေးလိုက်သည်။ထိုကောင်ဆိုးလေးကသူစိတ်ကောက်နေတာကိုသိစေချင်သည့်သဘောဖြင့်ပျိုးကမ်းပေးတဲ့ရေခဲမုန့်ဘူးကိုမမြင်ချင်ယောင်ဆောင်ကာတစ်ဖက်သို့လှည့်သွားသည်။ပျိုးလည်းသူမျက်နှာလှည့်တဲ့ဘက်မှာထိုင်လိုက်သည်။

"မောင်တကယ်မစားဘူးပေါ့..."

"........."

"စတော်ဘယ်ရီအရသာနော်...မောင်ကြိုက်တယ်မဟုတ်လား?..."

".........."

"အင်းလေ...မောင်မစားဘူးဆိုလည်း ပျိုးဘာသာပဲစားလိုက်‌ပါတော့မယ်..."

ပျိုးရေခဲမုန့်အဖုံးကိုဖွင့်ကာတဇွန်းယူစားပြလိုက်တော့မောင်ကကြည့်လာပြီးတဖက်သို့ခန္ဓာကိုယ်ပါလှည့်သွားတာ‌ေကြာင့်အရမ်းစိတ်ဆိုးသွားတာထင်သည်။ပျိုးငုံ့စားနေရာမှမော့ကြည့်လိုက်တော့ပျိုးအားစူစူးစိုက်စိုက်ကြည့်နေတဲ့မောင့်မျက်ဝန်းတို့နှင့်ဆုံသည်။

မောင့်ရဲ့ပျိုးWhere stories live. Discover now