Chapter34(Unicode+Zawgyi)Final part 2

542 10 0
                                    

'ခင်ခက်ခက်.....!!ခင်ခက်ခက်...မင်းဘယ်မှာလဲ..?'

ကားပေါ်ကနေပြေးဆင်းကာခြံတံခါးပေါက်ဝရောက်တာနဲ့ခင်ခက်ခက်နာမည်ကိုအော်ခေါ်နေတဲ့မောင်ဆိုတဲ့သူ...

'ဆရာ.....'

'တံခါးဖွင့်စမ်း..!!ခုတံခါးမြန်မြန်ဖွင့်....အဲ့မိန်းမခုအိမ်မှာရှိတယ်မလား..??!!'

'ဖေ..ဖေစိတ်လျှော့လေ...အိမ်ရှေ့ကြီးမှာ....'

'သား....မင်းအသာနေစမ်း...ဒီမိန်းမနဲ့ငါဒီနေ့ဘဲဒီကိစ္စကိုရှင်းရမယ်....ဟာဗျာ...ဦးလေး...ကြာလိုက်တာ..မြန်မြန်ဖွင့်လေ....'

'ဟုတ်..ဟုတ်ကဲ့...ရ..ရပါပြီ....ဆရာ.....'

'ဖယ်နေ...နောက်ကနေတယောက်မှလိုက်မလာနဲ့...'

'ဟို..ဆ..ဆရာ.....မမလေးက.....ဟို...'

'ဘာလဲ...ဘာကိုခင်ဗျားကစကားလာထစ်နေတာလဲ...!!ဖယ်လေ...'

'ဖေ.....ဖေနေကောင်းတာလဲမဟုတ်ဘဲနဲ့...စိတ်ကိုလျှော့လေ....'

'မင်းရူးနေပြီလား..ဟမ်....မင်းပါးကဆေးရုံမှာရှင်မလားသေမလားမသိဘူးICUထဲမှာအသက်လုနေရတာကွ..ငါ...ငါကဒါကိုဘယ်လိုစိတ်အေးအေးနေနိုင်မှာလဲ...ဟမ်....ဒီမိန်းမမွှေလို့ခုလိုတွေဖြစ်ရတာ....ငါဒီမိန်းမနဲ့ရှင်းမှဖြစ်မယ်....'

'မဟုတ်ဘူးဆရာ...မမလေးကအိမ်ကြီးထဲကိုဘဘ်သူမှမဝင်ခိုင်းထားဘူး..သူ..သူအရေးကြီးဧည့်သည်နဲ့တွေ့စရာရှိလို့တဲ့.....'

'ငါ့ကိုလာမတားနဲ့နော်...ဦးလေး.....ဖယ်နေ....မဟုတ်ရင်ခင်ဗျားကိုတစ်ခုခုလုပ်မိလိမ့်မယ်...မဆိုင်ရင်ဘေးဖယ်နေ...!!'

'ဦးသောင်း....ဖေ့ကိုတားလို့ရတာလဲမဟုတ်ဘဲနဲ့...မတားပါနဲ့တော့....သားပါဖေနဲ့အထဲတူတူဝင်သွားမှာမို့...စိတ်မပူပါနဲ့.....'

'ဟို.....'

'ဖယ်လို့ပြောနေတယ်လေ!!!'

'ဟုတ်...ဟုတ်ကဲ့.....'

'ဖေ....ဖေ....စိတ်ကိုအတတ်နိုင်ဆုံးလျှော့ထားနော်.....သားတို့အေးဆေးပြောကြမယ်နော်ဖေ.....ဖေ....သားကိုစောင့်ပါဦး.....'

ဖေကတော့စိတ်လောစွာအပေါ်ကိုပြေးတက်သွားတာကြောင့်ကျွန်တော်လဲဖေ့နောက်ကိုပြေးလိုက်ရတော့သည်....

Love  or hateOpowieści tętniące życiem. Odkryj je teraz