Chapter- 5(Unicode+Zawgyi)

269 11 8
                                    

'လာ....မင်း....ငါနဲ့လိုက်ခဲ့စမ်း!!!'

အမိန့်သံပါတဲ့စကားတစ်ခွန်းကိုကြားခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာထိုလူသားလေးရဲ့ဆွဲခေါ်ရာကိုဘုမသိဘမသိယက်ကန်ယက်ကန်နဲ့ပါသွားရပြန်သည်....

လက်ကိုအားနဲ့ဆွဲကိုင်ထားတာတောင်နာကြင်လို့နာကြင်မှန်းမသိခဲ့....

ကျုပ်အနောက်မှာဘာတွေဘယ်လိုဖြစ်သွားတာလဲလဲမတွေးနိုင်တဲ့အပြင်အားမာန်အပြည့်နဲ့ဆွဲခေါ်ရာသူ့နောက်ကိုသာကြောင်တောင်တောင်နဲ့လိုက်သွားမိသည်.....

'တက်....!!!'

'..ဟင်....'

'မင်းကိုကားပေါ်တက်လို့ပြောနေတာကိုဒီစောက်နားက ကန်းနေလား...?'

'ဗျာ....'

'တောက်...!!'ခေါက်သံအဆုံးမှာကျွန်တော့်တကိုယ်လုံးကြောက်ရွံ့တုန်လှုပ်သွားရသည်...

နောက်တော့ကျွန်တော့်ကိုကားထဲအတင်းတွန်းထည့်ပြန်တော့သည်....

ကျွန်တော်ကားပေါ်ရောက်တော့မှကားတံခါးကို'ဝုန်း'ကနဲစောင့်ပိတ်ကာသူကလည်းမောင်သူဘက်မှာစူအောင့်အောင့်နှင့်ဝင်ထိုင်လေသည်....

ကားပေါ်နှစ်ယောက်လုံးရောက်ပေမဲ့လည်းကားမထွက်သေးဘဲကျွန်တော့်ကိုမျက်ထောင့်နီကြီးတွေနဲ့ကြည့်ပြန်ပါရော..

'ဘာ..ဘာဖြစ်လို့လဲဟင်....?ခင်ဗျား...ဘာလို့အဲ့လိုကြည့်...နေတာလဲ...?'

'ကျစ်....အဓိပ္ပာယ်ကိုမရှိဘူး...ခင်ဗျားကိုအကုန်လိုက်ပြောနေ၇မှာလား...ဟင်....!'

'ဘာ..ဘာကိုလဲ...?ကျုပ်ခင်ဗျားပြောတာတွေဘာတစ်ခုမှနားမလည်ဘူး...'

'မင်းသေချင်နေလား...!အဲ့လောက်တောင်....ဟမ်....'

'ဗျာ....'

'တောက်....!!ကားစီးရင်ခါးပတ်ပတ်ရတယ်ဆိုတာဒီဦးနှောက်ကမတွေးတတ်ဘူးလား....?'

'ဟို..ခါးပတ်..?အဲ့တာကဘာကြီးလဲ....?ပြီးတော့ဘယ်မှာရှာရမှာလဲဟင်....?'

'ကျစ်..လုပ်လိုက်ရရင်တော့နော်...ဒီမှာ...တွေ့လား?..အဲ့ကြိုးကိုဒီအဂွက်ထဲကျအောင်ထည့်လိုက်..ရပြီ...'

Love  or hateTahanan ng mga kuwento. Tumuklas ngayon