Chapter12(Unicode+Zawgyi)

265 7 0
                                    

အပြစ်မမြင်ပါဘူး🎼

ချစ်ချင်တာဘဲသိတဲ့နောက်

ဖြစ်သမျှဟာအကောင်းဘဲပေါ့...

မင်းရင်ခွင်နဲ့

ခွဲခွာနေဖို့မရဲပါဘူး...

အနားနားမှာအမြဲချစ်ပါရစေ....🎼

နာတယ်မောင်.....မောင့်ကိုနာကြည်းမိတာထက်အဝေးကိုယ့်ကိုကိုဘဲရင်နာတယ်သိလား....

မောင်ဒီလောက်အဝေးတို့အပေါ်ရက်စက်တာတောင်ဘာလို့မောင့်ကိုကျ ကျုပ်မုန်းမရရတာလဲ....

ဟင့်...အင့်.....

'Knock...knock'

တံခါးခေါက်သံနဲ့အတူဝင်လာတာကတော့ နေ့တိုင်းလိုလိုတွေ့နေကြသူ....

'တာရာဝေး.....နေရသက်သာရဲ့လား...?'

'........'

သူ့အမေးကိုခေါင်းလဲမငြိမ့်မိသလိုခေါင်းလဲမခါမိ...

ထိုသူကတော့သူယူလာတဲ့ချိုင့်ပေါင်းမျိုးစုံကိုခြင်းထဲကနေပြုံးပြုံးပြုံးပြုံးနဲ့ထုတ်ရင်းစကားတွေတောင်စဉ်ရေမရပြောနေတော့တာပေါ့.....

'အဝေး....တကယ်ဘဲအဆင်ပြေရဲ့လား....?'

'ကျုပ်ကိုမထိပါနဲ့.....'

'အိုး....ဆောရီး...မာမီကမင်းအဆင်ပြေမပြေသိချင်လို့ဒီတိုင်း.....'

'ဟင်း....'

'ထားပါ...ဒီနေ့မာမီလေ...သားအားရှိအောင်လို့ကြက်ပေါင်းရည်လေးလုပ်လာခဲ့တယ်.....သားသောက်မယ်မလားဟင်....မာမီကိုယ်တိုင်ခွံ့ကြွေးမယ်နော်.....'

'တော်ပါတော့.....စေတနာမပါတဲ့ဟာကိုဘာလို့အတင်းလုပ်ယူပြီးဟန်ဆောင်နေရတာလဲအန်တီ...ခင်ဗျားတို့မမောပေမဲ့ခင်ဗျားတို့ကိုကြည့်ပြီးကျုပ်ရင်မောလွန်းလို့ပါ....'

စိတ်ထဲရှိတဲ့အတိုင်းထုတ်ပြောမိတော့ဟင်းရည်လှယ်နေတဲ့မောင့်အမေကလက်ထဲကပန်းကန်ကိုစားပွဲပေါ်အသာတင်ပြီးကျွန်တော်ရှိရာကိုစောင်းငဲ့ကြည့်လာတော့သည်....

Love  or hateOnde as histórias ganham vida. Descobre agora