Spoiler alert!

86 5 2
                                    

'မေ့လိုက်တော့..မောင်....ကျွန်တော့်ကိုမုန်းလိုက်တော့လို့ပြောနေတယ်လေ........'

'ဘာလို့လဲဝေး....?မင်းကိုမောင်သိပ်ချစ်တာမင်းလဲသိရဲ့သားနဲ့...?'

'ကျွန်တော်တို့အချစ်က.......အင့်.......ဖြစ်မှမဖြစ်နိုင်တော့တာ......ဟင့်...'

'ဝေးရယ်...မငိုပါနဲ့.....'

မျက်ရည်တွေနဲ့ဝေးပါးကိုကျွန်တော့်လက်တွေကြားထဲနစ်မြုပ်စေခဲ့သည်.......

ဝေးကိုလဲမငိုပါနဲ့တော့လို့မတားရက်သလိုကျွန်တော်ကိုယ်တိုင်လဲအငိုမတိတ်ခဲ့ဘူးလေ.....

'ဝေးစိတ်ချနေပါဝေး.....မောင့်ရင်ခွင်ထဲကနေဝေးကိုဘယ်သူမှဆွဲမထုတ်သွားစေရဘူး.....'

'ဟင့်အင်း....ကျွန်တော်ကံကြမ္မာဆိုတာကြီးကိုမယုံရဲတော့ဘူးမောင်....'

'ဝေး...မောင့်ကိုကြည့်....'

ဝေးမေးလေးကိုဆွဲမကာကျွန်တော်နဲ့အကြည့်ချင်းဆုံစေမိသည်........

ချီတုံချတုံဖြစ်နေမိပေမဲ့လည်းကျွန်တော်နောက်ဆုံးစိတ်ကိုဒုန်းဒုန်းချမိသည်.......

'ဝေး......'

'ဟင်....မောင်......ပြောလေ....'

'မောင်တို့.......'

'.......'

'မောင်တို့...............'

'ဘာတွေကများမောင့်ကိုချီတုံချတုံဖြစ်စေရတာလဲဟင်......'

'ဟင်း.....မောင်ပြောပြမယ်....ဝေးသေချာလေးလေးနက်နက်နားထောင်နော်......'

'ဘာများလဲမောင်...?'

'မောင်မပြောခင်တစ်ခုအရင်ပြောပါရစေဝေး.......မောင့်ကိုနားလည်ပေးပါ..'

'ဟင်...'

'မောင်ဝေးကိုမဆုံးရှုံးချင်လို့သဲငယ်...'

'မောင်ဘာတွေပြောနေတာလဲ..?'

'မောင်တို့ကိုယ်ဝန်ဖျက်ချရအောင်ဝေး....'

'ဘာ!!!!'

'.....မောင်ကမ္ဘာပေါ်မှာအကြောက်ဆုံးကဘာလဲသိလားဝေး...?မောင်လေ...မောင်မင်းကိုဆုံးရှုံးရမှာအကြောက်ဆုံးဘဲကလေး....မင်းဗိုက်ထဲကမင်းကိုအသက်အန္တရာယ်ပေးလာမဲ့မောင့်သွေးသားဆိုလဲမောင်ကသူ့ကိုစွန့်ပစ်ဖို့...'

Love  or hateWhere stories live. Discover now